Wednesday, May 22, 2013

ရှင်ဇိုအာအေး၏ ကြိုးပမ်းမှုဖြင့် ပြန်လည်ဦးမော့လာသော ဂျပန်စီးပွားရေး

(www.BBCNews.com မှ Japan's economy shows recovery signs in boost for Abe သတင်းကို ဘာသာပြန်ဆိုသည်။)

ကမ္ဘာပေါ်တွင် တတိယအကြီးမားဆုံးဖြစ်သော ဂျပန်နိုင်ငံ၏စီးပွားရေး တစ်နှစ်အတွင်း လျင်မြန်စွာ တိုးတက်လာခဲ့ခြင်းသည်စီးပွားရေးပြန်လည်ကောင်းမွန်းလာမှု လက္ခဏာ တစ်ရပ်ကို ပြသနေခြင်းပင်ဖြစ်သည်။

အသားတင်ပြည်တွင်းထုတ်ကုန် သည် ပြီးခဲ့လများနှင့် နှိုင်းယှဉ်ပါက မတ်လအထိသုံးလတွင်းတွင် ၀.၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်သည်။ နှစ်စဉ် ထုတ်ကုန်ရာခိုင်နှုန်း ၃.၅ ရာခိုင်နှုန်းရှိသည့်အနက် ပြီးခဲ့သည့်နှစ်တွင် ၁ ရာခိုင်နှုန်း တိုးတက်လာခြင်းကို ဖော်ပြရာလည်း ရောက်ပေသည်။

ထိုကဲ့သို့ စီးပွားရေးတိုးတက်လာခြင်းသည် ရှင်ဇိုအာဘေး၏အစိုးရအဖွဲ့အတွက် ကောင်းမွန်သော မှတ်တမ်း တစ်ခုဖြစ်သည်ဟု ပညာရှင်များက ပြောကြားခဲ့သည်။ “ဂျပန်နိုင်ငံရဲ့ စီးပွားရေးပြန်လည်ကောင်းမွန်လာဖို့ အတွက် လမ်းကြောင်းမှန်ပေါ်မှာ ရောက်ရှိနေပါပြီ” ဟု ဂျပန်သုတေသနတက္ကသိုလ်မှ Hideki Matsumura ကပြောကြားခဲ့သည်။ ၎င်းက တစ်ဦးချင်းအသုံးစရိတ် တိုးတက်လာမှုကြောင့် ဂျပန်စတော့ရှယ်ယာ မြင့်မားလာမှုနှင့်အတူ ပို့ကုန်ပြန်လည် ကောင်းမွန်လာသည့် အချက်ကိုအဓိက အကြောင်းပြချက် အနေဖြင့်ကိုးကားပြောဆိုခဲ့သည်။

“စီးပွားရေး     ကမျှော်မှန်းထားတာထက် တိုးတက်တာကြောင့် Abenomics ရဲ့လုပ်ဆောင်ချက်တွေကို  ကျေးဇူးတင်ပါ
တယ်” ဟု Mr .Matsumura ကထပ်မံပြောကြားခဲ့သည်။   ရပ်တန့်နေသော ဂျပန်နိုင်ငံ၏ စီးပွားရေးကို ပြန်လည်အသက်ဝင် လာစေရန်အတွက် အစိုးရအသုံးစရိတ်အများအပြားသုံးစွဲခြင်းနှင့် ဗဟိုဘဏ် ငွေကြေးမူဝါဒဖြေလျော့ခြင်း  အတွက် Mr.Abe ၏ကြိုးပမ်းချက်များကို ရည်ညွှန်းကာ Abenomics ဟုခေါ်ဆို ခဲ့ခြင်းဖြစ်သည်။ အဆိုပါပေါ်လစီသည် ယန်းငွေမာနေမှုကြောင့် ဆယ်စုနှစ် နှစ်ခုအကြာ အားနည်းနေသော ဂျပန်နိုင်ငံ၏စီးပွားရေးကို ပြုပြင်ရန်အတွက် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

ဈေးနှုန်းကျဆင်းခြင်းသည် စီးပွားရေး နှင့် ဝယ်သူများမှ ပိုမိုကောင်းမွန်သော အရောင်းအ၀ယ်များ အတွက်ရည်ရွယ်ကာ သုံးစွဲနေခြင်းတို့ကို တားဆီးရာ ရောက်ပေသည်။ ထို့ကြောင့် ဗဟိုဘဏ်မှ ထရီလီယံနှင့် ချီသော ဂျပန်ယန်းငွေများကို လက်ရှိ လည်ပတ် နေသော ငွေထဲသို့ ထည့်သွင်းပေးခဲ့ပြီး ငွေတန်ဖိုး ကျလာစေရန်အတွက် လုပ်ဆောင်ခဲ့ပါသည်။

ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် ဂျပန်ပို့ကုန်ထုတ်လုပ်သူများကို နိုင်ငံရပ်ခြားဈေးကွက် များတွင် ပိုမိုယှဉ်ပြိုင်လာစေနိုင်ပြီး ၎င်းတို့၏ ပြန်လည်ရရှိသောအကျိုးအမြတ် တန်ဖိုး ကိုလည်း မြင့်တက်လာစေသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက ဂျပန်ယန်းငွေတန်ဖိုးသည် သုံးတစ်ပုံခန့် ကျဆင်းခဲ့သောကြောင့် ရင်းနှီးမြုပ်နှံ
သူများက ကုမ္ပဏီများအတွက် အကျိုးအမြတ် ရရှိမှုကို မျှော်မှန်းကာ ဂျပန်စော့ရှယ်ယာဈေးကွက်သို့ အကြီးအကျယ် ဝင်ရောက်
စေခဲ့သည်။

No comments:

Post a Comment