Wednesday, May 22, 2013

အမေရိကန်နှင့် မြန်မာကုန်သွယ်မှုသဘောတူညီချက်လက်မှတ်ရေးထိုး

(22 May 2013 ရက်စွဲပါ China Daily မှ Xinhua ၏ US, Myanmar sign trade agreement ကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့သည်အင်္ဂါနေ့က ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုသတ်မှတ်ချက်သဘော တူညီချက်အားလက်မှတ် ရေးထိုးခဲ့သည်ဟု အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး(USTR)ကကြေညာချက်တွင် ဖော်ပြ ထားပါသည်။

အဆိုပါ သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းသည်  အမေရိကန်သမ္မတ Barack Obama နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ အိမ်ဖြူတော်တွင်တွေ့ဆုံအပြီး တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

ကုန်သွယ်ရေး သဘောတူညီချက်ကို ခေတ္တအမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Demetrios Marantis နှင့် မြန်မာနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပွင့်ဆန်းတို့က လက်မှတ်ရေးထိုးကြပြီး၊ အဆိုပါသဘော တူညီချက်သည် နှစ်နိုင်ငံအစိုးရကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များတွင် လက်ရှိ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆွေးနွေးမှုများအတွက် ပလက်ဖောင်းတစ်ခု ဖန်တီးပေးနိုင်လိမ့်မည်ဟု USTR ရုံး၏ ကြေညာချက်တွင် ဖော်ပြထားပါသည်။

“အမေရိကန်ပြည်ထောင်စုဟာ   ငြိမ်းချမ်းပြီး  သာယာဝပြောတဲ့   အနာဂါတ်အတွက်   အုတ်မြစ်ချနိုင်မည့် ပြုပြင်
ပြောင်းလဲရေးကိုထောက်ခံပံ့ပိုးသွားမှာပါ”ဟု ခေတ္တအမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Demetrios Marantis က ပြောပါသည်။ 

“စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ကုန်သွယ်မှုဟာတစ်ခုကို တစ်ခုအမှီသဟဲ ပြုနေပါတယ်။ ပိုမိုအားကောင်းတဲ့ အင်စတီကျူးရှင်းများ၊ ပွင့်လင်းမြင်သာမှုနဲ့ တရားဥပဒေစိုးမိုးမှုတို့ဟာ ကူးသန်းရောင်းဝယ်ရေးအလွှဲအပြောင်းများ၊ ကုန်သွယ် မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတို့အတွက် အားကောင်းတဲ့အုတ်မြစ်တွေ ဖန်တီးပေးနိုင်ပါတယ်”ဟု ၎င်းကပြောပါသည်။

အိမ်ဖြူတော်က ယခုကုန်သွယ်ရေး သဘောတူညီချက်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် ဆက်ဆံရေးတွင် ၎င်း၏ကူညီမှုကို တိုးမြှင့်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန်နှင့် မြန်မာနိုင်ငံကြားဆက်ဆံရေးသည် ၁၉၈၀ နှောင်းပိုင်းမှစ၍ အေးစက်သွားခဲ့ပြီး ၂၀၁၁ မတ်လအထိ တိုးတက်မှုမရှိခဲ့ပေ။ Obama အစိုးရသည် မြန်မာနိုင်ငံနှင့် ၂၀၁၁ မတ်လနောက်ပိုင်းတွင် သံတမန်ဆက်ဆံရေးများ ပြန်လည် လုပ်ဆောင်လာခဲ့ပြီး အရေးယူမှုများကို ရုတ်သိမ်းပေးခဲ့ပါသည်။

တရားဝင်အမေရိကန်၏ကိန်းဂဏန်းများအရ ယခုနှစ်ပထမဆုံးသုံးလအတွက်နှစ်နိုင်ငံကြားကုန်သွယ်မှုသည်ဒေါ်လာ သန်း (၉၀ )ရှိကြောင်း ပြသနေပါသည်။

No comments:

Post a Comment