Wednesday, May 22, 2013

မိတ္ထီလာပဋိပက္ခဖြစ်စဉ်များအပေါ် နိုင်ငံတော်သမ္မတ၏ အရေးပေါ်အခြေအနေထုတ်ပြန်မှုနှင့် နောက် ဆက်တွဲ အခြေအနေ

လက်ရှိ မိတ္ထီလာခရိုင်အတွင်းထုတ်ပြန်ထားသည့် နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့အာဏာ တည်သောအမိန့် (၁/၂၀၁၃) အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်းကို မေလ ၂၁ ရက်နေ့မှစတင်၍ ဇူလိုင် ၂၀ ရက်နေ့အထိ ရက်ပေါင်း ၆၀ တိတိ ဆက်လက်အာဏာတည်စေမည်ဖြစ်ကြောင်း မေလ ၂၁ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်၌် အထူးအစည်းအဝေးဒုတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက မဲခွဲဆုံးဖြတ်ခဲ့သည်။

မလ ၂၀ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ပထမနေ့တွင် သာသနာ ရေးဝန်ကြီးဌာန၊ ပြည်ထာင်စုဝန်ကြီးဦးဆန်းဆင့်က “နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) အရေးပေါ်အခြေအနေ ကြေညာခြင်းကို လွှတ်တော်မှအတည်ပြုပေးရန်” အဆိုတင်သွင်းမှုအား မဲခွဲဆုံးဖြတ်ခဲ့ပြီး အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင်   မိတ္ထီလာခရိုင်အတွင်း   အရေးပေါ်အခြေအနေ  ထုတ်ပြန်ခြင်းကိစ္စရပ်နှင့်     ပတ်သက်၍
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးသိန်းညွှန့်၊ ဒေါက်တာစိုးရင်၊ ဦးဝင်းထိန်၊ ဦးမြင့်စိုး၊ ဦးဝင်းမြင့်၊ ဒေါ်ခင်ဝိုင်းကြည်၊ ဒေါက်တာအေးမောင်၊ ဦးပေါ်လျှံလွင်၊ ဦးတင်မြ၊ ဒေါ်ရီရီမြင့်၊ ဦးတင်မောင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးအောင်ကိုတို့က ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ်(၁/၂၀၁၃)နဲ့ပတ်သက်လို့ တရားဥပဒေစိုးမိုးရေးရှုထောင့်၊ ဒီမိုကရေစီအဆောက် အအုံများ ခိုင်မာရေးရှုထောင့်တို့ကနေ ဆွေးနွေးတင်ပြခြင်းဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးကို နှစ်သက်သူများအတွက် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်များဆိုတာ အင်မတန်မှသတိကြီးစွာ ချဉ်းကပ်ရမယ့်အရာဖြစ်ပါတယ်။ တရားဥပဒေနဲ့ အမိန့်အကြား ကွာခြားမှုပာာ ကြီးလွန်းတာကြောင့် ဆန့်ကျင်ဘက်လို့တောင်ပြောနိုင်ပါတယ်။ တရားဥပဒေဆိုတာ အများ ပြည်သူကနေ တရားတယ်၊ လိုအပ်တယ်လို့ လက်ခံထားတဲ့ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များဖြစ်ပါတယ်။ အမိန့်ဆိုတာ အာဏာရှိသူများက အထက်ကနေပြီးတော့ ပြည်သူလူထုရဲ့ဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ချမှတ်သတ်မှတ်တယ်။ ဒါကြောင့်မို့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များနဲ့ပတ်သက်လို့ သတိကြီးကြီးနဲ့ဆောင်ရွက်စေချင်ပါတယ်”ပာု တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် မတ်လအတွင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအဓိကရုဏ်းဖြစ်စဉ်များကြောင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်က အရေးပေါ်အခြေအနေ ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ခဲ့သည်။ ထိုသို့ အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ပြီးနောက် မိတ္ထီလာမြို့ တစ်မြို့လုံးတွင်လည်း စစ်တပ်နှင့်ရဲများက နေရာအပြည့်ယူ၍ ညစဉ်လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ရပ်ကွက်အနှံ့ လှည့်လည်ကြည့်ရှု ကင်းလှည့်ခဲ့သည့်အပြင် ဒေသခံပြည်သူလူထုက ရပ်ကွက်အလိုက် ကင်းစောင့်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့် ပုဒ်မ ၁၄၄ အား ထုတ်ပြန်ကြေညာထားသော်လည်း အဆိုပါဥပဒေအား ဖောက်ဖျက်ကျုးလွန်မှုများအပြင် လူသတ်မှု၊ မီးရှို့မှု၊ အပြင်းအထန်နာကျင်စေမှု၊ လုယက်မှု၊ အကျိုးဖျက်ဆီးမှုတို့ဖြင့် စုစုပေါင်း(၇၇)ဦးအား ဥပဒေအရ ရုံးတင် အမှုဖွင့်ထားပြီး နှစ်လအတွင်းအပြီးသတ်စစ်ဆေးကာ ပြစ်ဒဏ်များချမှတ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဥပဒေ ချုပ် ဦးရဲမြင့်အောင်က ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ ပဋိပက္ခဖြစ်စဉ်အတွင်း ဘုန်းတော်ကြီးဦးသောဘိတအား ဓာတ်ဆီလောင်းကာ မီးရှို့သတ်ဖြတ်ခဲ့သည့် တရားခံ(၇)ဦးဖြစ်သည့် မြတ်ကိုကို(ခ)အဏ္ဏဝါအား လူသတ်မှုဖြင့်ထောင်ဒဏ်(နှစ် ၂၀)၊ တစ်သက်တစ်ကျွန်း၊ သာသနာ ညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ် ၂ နှစ်၊ ဆူပူမှုများဖြစ်ပေါ်စေရန် ဖန်တီးမှုဖြင့် ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်းထောင်ဒဏ် ၂၄ နှစ်နှင့် တစ်သက်တစ်ကျွန်းချမှတ်ခဲ့သည့်အပြင် လူသတ်မှုကိုအားပေးကူညီမှု၊ သာသနာညှိုးနွမ်းစေမှု၊ ဆူပူမှုဖန်တီးမှု၊ ပြည်သူ ပိုင်ပစ္စည်းဖျက်ဆီးမှုတို့ဖြင့် တရားခံမျိုးထွန်းထွန်းအား ထောင်ဒဏ်(၁၆)နှစ်၊ မျိုးချစ်(ခ) မျိုးညွှန့်ဦးအား ထောင်ဒဏ်(၁၄)နှစ်၊ ဖိုးချိုအား ထောင်ဒဏ်(၂၈)နှစ်၊ ဇော်ထက်နိုင်အား ထောင်ဒဏ်(၄)နှစ်၊ မျိုးဝင်း(ခ)ဒါဂျိဂန်အား ထောင်ဒဏ်(၂)နှစ် အသီးသီး ချမှတ်ခဲ့ပြီး အသက်မပြည့်သေးသည့် တရားခံညီညီနိုင်အား ကလေးသူငယ်တရားရုံးက ထောင်ဒဏ်(၇)နှစ် ချမှတ် ခဲ့ကြောင်း သိရသည်။

မိတ္ထီလာပဋိပက္ခတွင် လူသတ်မှု၊ မီးရှို့မှု၊ အပြင်းအထန်နာကျင်စေမှု၊ လုယက်မှု၊ အကျိုးဖျက်ဆီးမှုနှင့် ပုဒ်မ ၁၄၄ အားဖောက်ဖျက်မှုတို့ဖြင့်   စုစုပေါင်း  (၇၇)  ဦးအား   ဥပဒေအရရုံးတင်     အမှုဖွင့်ထားပြီး  နှစ်လအတွင်းအပြီးသတ်စစ်ဆေးကာ
ပြစ်ဒဏ်များချမှတ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဥပဒေချုပ် ဦးရဲမြင့်အောင်က ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့တွင် အကြမ်းဖက်မှုနှင့် လူသေဆုံး မှုများဖြစ်ပေါ်    ခဲ့သည့်အပြင်   နေအိမ်အများအပြား    မီးရှို့ဖျက်ဆီးခံရမှုတို့ကြောင့်    လူပေါင်းထောင်ချီ၍ အိုးမဲ့အိမ်မဲ့   ဖြစ်ကာ
ဒုက္ခ ရောက်ခဲ့ရသည်။

No comments:

Post a Comment