Wednesday, May 22, 2013

အစိုးရနှင့် KNU သဘောတူညီချက် လက်တွေ့ဖော်ဆောင်ခြင်းမရှိသေး

             ကရင်အမျိုးအသားအစည်းအရုံး (KNU) နှင့် အစိုးရတို့အကြား သဘောတူညီထားသော အချက်
အလက်များအား လက်တွေ့  အကောင်အထည်ဖော်      ဆောင်ရွက်ခြင်း  မရှိသေးကြောင်း မေလ ၁၈၊ ၁၉ ရက်များတွင် ကျင်းပခဲ့သော ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး  ကော်မတီဝင်များ
၏ ပထမဆုံးအကြိမ်  စုံညီအစည်းအဝေးတွင် တက်ရောက်လာသူများက ပြောကြားခဲ့သည်။

             အဆိုပါအစည်းအဝေးသို့ ကရင်ရေးရာ အစည်းအဝေးမှ ရွေးချယ်တင်မြှောက်ခဲ့သူ ၃၇ ဦး တက်
ရောက်ခဲ့ပြီး ကရင်အမျိုးသားများအားလုံးပါဝင်သည့် စည်းလုံးညီညွှတ်စွာဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန်၊ ကရင်အမျိုးသားများ၏ အနာဂတ်သာယာလှပရေးအတွက် ဘေးကင်းလုံခြုံစွာ နေထိုင်ရန်၊ စားဝတ်နေရေး
လူနေမှု ဘဝတိုးတက် မြင့်မားရေးအတွက် သတိရှိစွာဖြင့် ကျရာအခန်းကဏ္ဍ မှ တညီတညွတ်တည်း
 ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။

            ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့်တစ်ဦးဖြစ်သည့် ကရင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ KDC မှ
 ဒေါက်တာ နော်ဘတ်ရီခါထင်မှ စစ်မှန်သော        ငြိမ်းချမ်းရေး  ရရှိရန်အတွက် လိုအပ်သော အကူအညီ အထောက်အပံ့များ ရရှိရန်နှင့် အခြေခံလူတန်းစားများကို ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် အသိပညာ
ပေးခြင်းများ  ဆောင်ရွက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍
သဘောထား တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။

           ထိုကဲ့သို့ အစိုးရနှင့် KNU အပစ်အခတ်ရပ်စဲထားသော်လည်း သဘောတူညီထားသည့် အချက်များ
ကို လက်တွေ့ အကောင်အထည်ဖော်  ဆောင်ရွက်ခြင်းမရှိသည့်အတွက် ဒေသခံများ၏ လယ်ယာမြေ
ပိုင်ဆိုင်မှုကို  အကာအကွယ်ပေးရာတွင် အပြည့်အဝ ထောက်ပံ့ပေးနိုင်ခြင်းမရှိကြောင်း ကရင် လူ့အခွင့်
အရေးအဖွဲ့မှ မခူခူဂျူ ကပြောကြားခဲ့သည်။

           အဆိုပါ         ကိစ္စနှင့်  ပတ်သက်၍ သဘာဝပတ်ဝန်းကျင် နှင့် လူမှုရေးရာလှုပ်ရှားမှု      ကွန်ရက် မှ ကိုအဲလက်စ်က KNU အုပ်ချုပ်သော နယ်မြေတွင်ရှိသည့် မြေယာဥပဒေနှင့် အစိုးရမှ ထုတ်ပြန်ထား
သော မြေယာဥပဒေ တွင် ပါဝင်သည့် အချက်များမှာ ကွဲပြားမှုများရှိနေကြောင်း ပြောကြားခဲ့သည်။

         Transnational Institude (TNI) ထုတ်ပြန်သောအစီရင်ခံစာအရ လွှတ်တော်တွင် တင်သွင်းထား ပြီးဖြစ်သော လယ်ယာမြေဥပဒေကြမ်းတွင် တိုင်းရင်းသားများ၏ ရွှေ့ပြောင်း  တောင်ယာစနစ်နှင့် မိရိုးဖလာ
မြေယာ ပိုင်ဆိုင်မှုစနစ် ကိုအသိအမှတ်ပြုခြင်းနှင့် ကာကွယ်ခြင်း အခန်းကဏ္ဍများ ပါဝင်ခြင်း မရှိသော
ကြောင့် တိုင်းရင်းသားဒေသများတွင် လယ်ယာမြေသိမ်းဆည်းမှုများ မကြာခဏဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

           ထိုကဲ့သို့ အစိုးရနှင့် KNU သဘောတူညီချက်များကို အကောင်အထည် ဖော်နိုင်ခြင်းမရှိသည့်
အတွက် ဒေသခံများ နစ်နာမှုများ  ရှိနေသည့် ကိစ္စအပြင် ကရင် လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ ဖြစ်သည့်
 DKBA နှင့် BGF တို့သည်လည်း ကရင်ပြည်နယ် မြိုင်ကြီးငူဒေသတွင် ဧပြီလကုန်တွင် တိုက်ပွဲများ
ဖြစ်ပွားခဲ့သည်။ 

           ထို့ကြောင့် နှစ်ဖက်တပ် ခေါင်းဆောင်များမှ ကရင်အမျိုးသား အချင်းချင်းကြားတွင် အလားတူ
တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရန်အတွက် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း BGF မှအမှတ် ၃ တပ်
နယ်မှူး ဗိုလ်ကြီးစောချစ်သူကပြောကြားခဲ့သည်။

           ထိုသို့ ကရင် လက်နက်ကိုင်အဖွဲ့အစည်းများအကြား ပြန်လည်သင့်မြတ်ရေးအတွက်ကရင် စည်း
လုံးရေးနှင့် ငြိမ်းချမ်းရေးကောင်စီမှ စေ့စပ်ညှိနှိုင်းပေးသွားမည်ဖြစ်ပြီး အဆိုပါသဘောတူညီချက်ကို
မေလ ၁၈၊ ၁၉ ရက်များ တွင် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ကရင်နိုင်ငံရေးအင်အားစုများ အားလုံး
ပါဝင်သည့် ဆွေးနွေးပွဲတွင် ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဖလုံ - စဝေါ်ဒီမိုကရက်တစ်ပါတီမှ ဦးမန်းအောင်ပြည်စိုး
က ပြောကြားခဲ့သည်။

No comments:

Post a Comment