Friday, May 17, 2013

Myanmar ဖြစ်စေ၊ Burma ဖြစ်စေ၊ သမ္မတကတော့ အိမ်ဖြူတော်သို့ လာလည်တော့မည်

( Planet Washington မှ16 May 2013 ရက်စွဲပါ Myanmar or Burma? Nation`s president will visit the White House  သတင်းကိုဘာသာပြန်ဆိုသည်။)
                                                Photo Credit by Global Post
သမ္မတ အိုဘားမား ယခင်နှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံရောက် ပထမဆုံး အမေရိကန်သမ္မတဖြစ်လာ ချိန်က အိမ်ဖြူတော်သည် မြန်မာနိုင်ငံအား ယခင်နာမည် Burma ဟု အထူးသတိထားခေါ်ဝေါ်ခဲ့သည်။

သို့သော် ယခုသီတင်းပတ်တွင်မူ ထိုနိုင်ငံမှ သမ္မတလာရောက်လည်ပတ်မည့်ခရီးစဉ်ကို အိမ်ဖြူတော် တာဝန်ရှိသူများက ထုတ်ပြန်ကြေညာရာတွင် Myanmar ဟု သုံးနှုန်းလိုက်ကြသည်။
အဘယ်အကြောင်းကြောင့် ပြောင်းလဲသွားရပါသလဲ
အမေရိကန်အစိုးရသည် သံတမန်ချစ်ကြည်ရေးအရ Myanmar အမည်နာမက အကန့်အသတ်ဖြင့် စတင် သုံးနှုန်းနေသော်ငြားလည်း Burma သည်သာနာမည်ရင်းဖြစ်သည်ဟု မူဝါဒဆက်လက်ချမှတ်ထားကြောင်း အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

မြန်မာနိုင်ငံဟာ အပြုသဘောပြုပြင်ပြောင်းလဲမူတွေ အများကြီးလုပ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့က လည်း မြန်မာအစိုးရနဲ့ထိတွေ sanctions တွေဖြေလျော့ပေးခြင်းအားဖြင့် အသိအမှတ်ပြု တုန့်ပြန်ခဲ့ပါတယ်။ ပြီးတော့ သံတမန်ချစ်ကြည်ရေးသဘောအရ Myanmar ဆိုတဲ့အမည်ကို မကြာခဏ ပိုမိုသုံးနှုန်းပေးနေပါတယ်။

“ရည်မှန်းချက်ကောင်းတဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို လုပ်ဆောင်နေတဲ့ မြန်မာအစိုးရအပေါ်လေးစားမှု ပြသ
တာဟာ သူတို့ရဲ့ ကြိုးပမ်းမူကို အားပေးထောက်ခံတဲ့ အရေးကြီးလက္ခဏာတစ်ခုဖြစ်ပြီး၊ အသွင်ကူးပြောင်းမှု အောင်မြင်အောင် ကူညီပေးချင်တဲ့ ဆန္ဒကို ထင်ဟပ်ပြသတာဖြစ်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။” ဟု သူမက ရှင်းလင်းပြောကြားသည်။

စစ်အုပ်ချုပ်ရေးလက်ထက် မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ ကမ္ဘာတွင်အပယ်ခံဖြစ်ခဲ့သော်လည်း ယခုအခါ ဒီမိုကရေစီသို့ ကူးပြောင်းနေသော တိုင်းပြည်အဖြစ် ခေါင်းပြူလာပြီဖြစ်သည်။

 မြန်မာအာဏာပိုင် ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမူများကို ဖြစ်ပေါ်စေခဲ့သော “မြန်မာနိုင်ငံအပေါ် တရားဝင်ပြန်လည် သုံးသပ်မူ” ကို 2009 ခုနှစ်တွင် အိုဘားမားအစိုးရက စတင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်ပိုင်း 2010 ရွေးကောက်ပွဲအပြီး ဆက်လက်ပေါ်ထွက်လာသော ပြောင်းလဲမှုများတွင် တိုင်းရင်းသားအုပ်စုများစွာနှင့် အပစ်ရပ်ခြင်း၊ နိုင်ငံသားအကျဉ်းသား မြောက်များစွာလွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာချုပ်ချယ်မူရုတ်သိမ်း ပေးခြင်း၊ အလုပ်သမားဥပဒေများ ပြင်ဆင်ပေးခြင်းတို့ ပါဝင်ပါသည်။

လာမည့် တနင်္လာနေ့တွင်မူ အိမ်ဖြူတော်သို့ သမ္မတဦးသိန်းစိန်လာရောက် လည်ပတ်တော့မည် ဖြစ်သည်။

သမ္မတအိုဘားမားသည်    မြန်မာ့ဒီမိုကရေစီဖွံ့ဖြိုးရန်   ၊ လူမျိုးရေးတိုင်းရင်းသားရေး   တင်းမာမူများကို    ဖြေရှင်းရန်၊
မြန်မာပြည်သူများအတွက် စီးပွားရေးအခွင့်အရေးများ ယူဆောင်ပေးရန် လုပ်ဆောင်ကြရမည့် ကျန်ရှိ စိမ်ခေါ်မူများစွာကို သမ္မတဦးသိန်းစိန်နှင့်  ဆွေးနွေးမည်ဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် မည်သို့ ကူညီပေးနိုင်မည်ဆိုသည် ကိုလည်း
လေ့လာသုံးသပ်ကြမည်ဟု အိမ်ဖြူတော်က ဆိုပါသည်။

“ပြုပြင်ပြောင်းလဲရေးကိုအားပေးဖို့ အရေးပါတဲ့ဆုံးဖြတ်ချက်ချခဲ့ကြတဲ့ အစိုးရတွေကို ထောက်ခံ အားပေးသွားမယ် ဆိုတဲ့ သမ္မတအိုဘားမားရဲ့ တာဝန်ခံမူကို သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်က ပြသနေပါတယ်။ ပြီးတော့ မြန်မာပြည်သူတွေ သာမန်ထက် ထူးကဲတဲ့ သူတို့တိုင်းပြည်ရဲ့ အလားအလာကောင်းတွေကို သိရှိသွားအောင် ကူညီပေးချင်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စိတ်ရင်းစေတနာကိုလည်း ထင်ဟပ်ပြသနေ ပါတယ်” ဟု အိမ်ဖြူတော် တာဝန်ရှိသူက ပြောကြား
သွားသည်။

No comments:

Post a Comment