(Asia Fruit မှ 17 May 2013 ရက်စွဲပါ “Myanmar begins fruit shipments to Singapore” သတင်းကို ဘာသာပြန် ဆိုသည်။)
Photo Credit By Asiafruit
မြန်မာနိုင်ငံသည်
စင်္ကာပူသို့ သရက်သီးနှင့်ဖရဲသီးများ ပထမဦးဆုံးအကြိမ်တင်ပို့မှုကို
ယခင်အပတ်က စတင်
လို်က်ကြောင်းမြန်မာသစ်သီးဝလံထုတ်လုပ် တင်ပို့သူများအသင်းက ထုတ်ပြန်ကြေညာသည်။
လို်က်ကြောင်းမြန်မာသစ်သီးဝလံထုတ်လုပ် တင်ပို့သူများအသင်းက ထုတ်ပြန်ကြေညာသည်။
“မြန်မာသရက်သီးတွေကို စင်္ကာပူကလက်ခံပါတယ်။ အခု သရက်သီးသုံးတန်တင်ပို့ပြီးပါပြီ ။ နောက်ထပ် တင်ပို့ဖို့ကတော့ ကျွန်တော်တို့ရဲ့လုပ်ဆောင်နိုင် မှုပေါ်မှာမူတည်ပါတယ်။
ရာသီကုန်တဲ့အထိ သရက်သီးတွေ တင်ပို့ဖို့ ရည်ရွယ်ထားပါတယ်။” ဟု
သရက်သီးနှင့်ဖရဲသီးတင်ပို့သော Myanmar Golden produce Co တာဝန်ရှိသူက
မြန်မာပြည်တွင်းမီဒီယာသို့ပြော ကြားသည်။
မြန်မာပြည်တွင်းမီဒီယာသို့ပြော
ရှိနှင့်ပြီးသားတရုတ်နိုင်ငံလမ်းကြောင်းအပြင် စင်္ကာပူသို့ တင်ပို့နိုင်ခဲ့သည့်တိုးတက်မှုကို မြန်မာသစ်သီး ဝလံ ထုတ်လုပ်တင်ပို့သူများအသင်းဥက္က ဋ္ဌက ရှင်းလင်းပြောကြားသည်။
“အစေ့မပါတဲ့ဖရဲကို
နယ်စပ်ကတဆင့် တရုတ်ဖက်ကိုပို့နေတာ ၅ နှစ်လောက်ရှိပါပြီ။ အစောပိုင်းကတော့ လေကြောင်း
ကနေ ပို့ဖို့ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ကုန်ချိန်ကလေးတော့ အဆင်မပြေပါဘူး။ အခုတော့သင်္ဘောလိုင်းနဲ့ စင်္ကာပူကိုတင်ပို့နိုင်ခဲ့ပါပြီ” ဟု၎င်းကဆိုပါသည်။
ကနေ ပို့ဖို့ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ကုန်ချိန်ကလေးတော့ အဆင်မပြေပါဘူး။ အခုတော့သင်္ဘောလိုင်းနဲ့ စင်္ကာပူကိုတင်ပို့နိုင်ခဲ့ပါပြီ” ဟု၎င်းကဆိုပါသည်။
မြန်မာနိုင်ငံသည်
တရုတ်နိုင်ငံအပြင် အခြားဈေးကွက်သစ်များသို့ ခြေလှမ်းချဲ့ရန် လွန်ခဲ့သော
သုံးနှစ်ခန့်ကပင် စတင်ကြိုးစားနေခဲ့ခြင်းဖြစ်ပြီး ၊ ယခုအခါ နိုင်ငံတကာသစ်သီးဝလံပြပွဲများတွ င် ပါဝင်ဆင်နွဲ နေသည့်အပြင် စင်္ကာပူ၊ မလေးရှားနှင့် ထိုင်းဈေးကွက်များသို့ ထုတ်ကုန်များ တင်ပို့သွားရန် ရည်မှန်းလျှက်ရှိသည်။
No comments:
Post a Comment