(1st May 2013 ရက်စွဲပါ Robert Farley ၏ Is China carelessly overextending itself? ကို ဘာသာပြန်ပါသည်။)


Photo Credit By Diplomat
လွန်ခဲ့သောနှစ်ပတ်ခန့်က
အိန္ဒိယ-တရုတ် နှစ်နိုင်ငံအငြင်းပွားနေသော ဟိမဝန္တာနယ်စပ်တွင်
အခြားနိုင်ငံမှ တပ်များ နယ်စပ်ကိုကျော်၍ ဝင်ရောက်မှုများရှိခဲ့ကြောင်း
အိန္ဒိယမီဒီယာများက သတင်းထုတ် ပြန်ခဲ့ ပါသည်။ အိန္ဒိယအစိုးရက အဆိုပါ
အဖြစ်အပျက်ကို ပုံကြီးမချဲ့ခဲ့သော်လည်း အန္ဒိယမဟာဗျူဟာကိစ္စရပ်များကို
ဝေဖန်သူများက တရုတ်သည် ဒေသတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ အသာစီးရမှုမှတဆင့်
သြဇာလွှမ်းမိုးရန် လုပ်ဆောင်နေကြောင်း ဆိုပါသည်။
ထိုအချိန်နှင့်
တချိန်တည်းမှာပင် တရုတ်သည် ဂျပန်နှင့် အငြင်းပွားနေသော Senkaku / Diaoyus
ကျွန်းများ အနီးတွင် ရေကြောင်းနှင့်လေကြောင်း ကင်းလှည့်မှုများ
ပိုမိုချထားခဲ့ပြီး အဆိုပါကျွန်းများမှာ တရုတ် နိုင်ငံခြားရေးမူဝါဒများ၏
ပင်မစိတ်ဝင်စားသည့် ကိစ္စများဖြစ်ကြောင်း ကျေညာခဲ့ပါသည်။
အခြေအနေနှစ်ရပ်စလုံးတွင်
တရုတ်ထံ၌ တရားဝင်စေရန် အကြောင်းပြချက်များ ပြောခဲ့ပါသည်။ အရှေ့တရုတ်
ပင်လယ်တွင် တရုတ်သည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏
ရန်စသောကြေညာချက်များကို တုန့်ပြန်ခြင်းဖြစ်ပါသည်။
အိန္ဒိယနှင့်နယ်စပ်ကိစ္စများမှာမှု ရှုတ်ထွေးနေဆဲဖြစ်ပြီး၊ တရုတ်၏
နယ်မြေတောင်းဆို ဖိအားပေးမှုသည် မှားယွင်းနေသည်ဟု
ချက်ခြင်းရှင်းရှင်းလင်းလင်းမသိ နိုင်ပေ။
သို့သော်
အဘယ်ကြောင့် တရုတ်သည် ဤအငြင်းပွားမှုများကို တချိန်တည်းတွင်
ဆုံးဖြတ်ချက်ခိုင်မာစွာ လုပ်ဆောင်ခဲ့သည်ဆိုသည်ကို ရှင်းလင်းစွာ မသိရပေ။
သမိုင်းကြောင်းအရ လုံခြုံရေးပြဿနာ ကျယ်ပြန့်စွာရှိနေသော နိုင်ငံများ
သည် ထိုပြဿနာများကို သီးခြားစီခွဲထားပြီး၊ တစ်ကြိမ်လျှင်တစ်ခုသာဖြေရှင်း ရန်မှာ
အကောင်းဆုံးဟု အကြံ ဥာဏ်ပြုထား
ပါသည်။ ယခုကိစ္စတွင် ဟိမ၀န္တာပြဿနာနှင့် အရှေ့တရုတ်ပင်လယ်ပြဿနာများနှင့် ပတ်သက်၍ မူဝါဒချမှတ်ဆုံးဖြတ် ချက်ပေးသူမှာ တစ်ဦးတည်းကပြုလုပ်သလားဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိပေ။
သည် ထိုပြဿနာများကို သီးခြားစီခွဲထားပြီး၊ တစ်ကြိမ်လျှင်တစ်ခုသာဖြေရှင်း
ပါသည်။ ယခုကိစ္စတွင် ဟိမ၀န္တာပြဿနာနှင့် အရှေ့တရုတ်ပင်လယ်ပြဿနာများနှင့် ပတ်သက်၍ မူဝါဒချမှတ်ဆုံးဖြတ် ချက်ပေးသူမှ
တရုတ်၏နိုင်ငံခြားရေးနှင့် စစ်ရေးမူဝါဒရေးဆွဲရေးလုပ်ငန်း စဉ်သည်
လုံးဝရှုပ်ထွေးပြီး၊ ဒေသဆိုင်ရာအာ ဏာပိုင်များသည် နယ်စပ်မူဝါဒများတွင်
သြဇာလွှမ်းမိုးမှုအချို့ရှိပါသည်။ သို့သော် ယခုကိစ္စရပ်နှစ်ခုစလုံးတွင်
တရုတ်၏လုပ်ရပ်သည် မှန်ကန်သည်ဟုဆိုလျှင်တောင်၊
၎င်း၏အင်အားကြီးအိမ်နီးချင်းနှစ်နိုင်ငံအပေါ် တစ်ကြိမ် တည်းတွင် စိတ်ဆိုးအောင် တစ်ပြိုင်နက်ပြုလုပ်ရခြင်း၏ အဓိပ္ပါယ်ကို ခက်ခက်ခဲခဲ စဉ်းစားရပေသည်။
အိန္ဒိယနှင့်ဂျပန်ကြား
အားကောင်းသောဆက်ဆံရေး၏ မဟာဗျူဟာကျသော ကျိုးကြောင်းဆင်ခြင်မှုပြုရန်
ထူးထူးခြားခြားစွမ်းရည် မလိုအပ်လှပေ။ တိုကျိုနှင့်နယူးဒေလီကြားတွင်
အမြန်ဆုံးဆက်သွယ်မှုပြုရန် လမ်းကြောင်း ကိုယ်စီရှိကြပါသည်။
အရေးကြီးပြီဟုဆိုပါက ၀ါရှင်တန်ကလည်း နှစ်ဖက်ဆက်သွယ်မှုပြုရန် သေချာပေါက်
စိတ်အားထက်သန်မှု ရှိပေလိမ့်မည်။ အချို့အိန္ဒိယဝေဖန်သုံးသပ်သူများ က
ပိုမိုအားကောင်းသော တုန့်ပြန်မှုများပြုလုပ်ရန် တောင်းဆိုထားကြပြီးဖြစ်ပါ
သည်။
သည်။
နယ်စပ်တွင်ဖြစ်သော အခြေအနေနှင့်
လိုက်လျောညီစွာ တရုတ်၏ ရေပိုင်နက် အငြင်းပွားမှုအတွက် အိန္ဒိယ၏ထောက်ခံမှုကို
တိုင်းတာခြင်းများအပါအ၀င် အားကောင်းသောတုန့်ပြန်မှုများ
လုပ်ဆောင်ရမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံသည် ရုရှားနှင့် ကာလကြာရှည်ဖြစ်နေသော
နယ်စပ်အငြင်းပွါးမှုများကို ညှိုနှိုင်းရန် လုပ်ဆောင်လာခြင်းကြောင့်၊
တရုတ်နှင့်ပြဿနာမှာ သိသာစွာသက်သာ ရာရနေခြင်းဖြစ်ပါသည်။ နောက်ဆုံးတွင်
ဂျပန်နှင့်လည်းကောင်း၊ ရုရှားနှင့်လည်းကောင်း ငြိမ်းချမ်းရေးစာချုပ်
မသေချာဟု ရှိခဲ့စေဦးတော့၊ ဂျပန်နိုင်ငံ၏ ယခုကြိုးပမ်းမှုသည်
တိုကျိုအနေဖြင့်၎င်း၏ နိုင်ငံတကာပြဿနာများကို စီမံခန့်ခွဲနိုင်ရန်
လိုအပ်ပုံကို အလေးအနက် ခံယူထားသည်ကို ပြဆိုနေပါသည်။
ဒေသတွင်းလုံခြုံရေးသည်
ကမ္ဘာအနှံ့ပျံ့နှံ့နေသော ပဋိပက္ခများနှင့် ပါဝင်ပတ်သက်မှုရှိသော
နိုင်ငံအနည်းငယ်တွင် တရုတ်နိုင်ငံပါဝင်ပါသည်။ ဂျပန် - အိန္ဒိယ
ဝင်ရိုးတန်းဖွဲ့စည်းမှုသည် တရုတ်၏ ရန်စမှုမှ ကင်းလွတ်ရန်ဖြစ်နေချိန်တွင်
Beijing အတွက် ပေးရမည့်အကောင်းဆုံးအကြံဥာဏ်မှာ
ဒေသဆိုင်ရာအငြင်းပွါးမှုများကို အနိုင်ရရန်ကြိုးပမ်းရုံမျှဖြင့်
ကမ္ဘာလုံးဆိုင်ရာပြဿနာများဖန်တီး မှု ပြီးဆုံးမသွားနိုင်ဟူ၍ ဖြစ်ပါသည်။
No comments:
Post a Comment