Wednesday, May 22, 2013

Qatar လေကြောင်းလိုင်း နှင့် Bangkok လေကြောင်းလိုင်းတို့၏ Code Share သဘောတူညီမှုပြုလုပ်

(မေလ ၁၆ ရက်နေ့ AME info.com တွင်ပါရှိသော “Qatar Airways, Bangkok Airways in code share deal” သတင်းအား ဘာသာပြန်ဆိုပါသည်)

Qatar လေကြောင်းလိုင်းသည် Bangkok လေကြောင်းလိုင်းနှင့် Code Share သဘောတူညီချက် စာချုပ်အသစ် အား ချုပ်ဆိုနိုင်ခဲ့သည်။ ယင်းစာချုပ်တွင် ထိုင်းနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနှင့် မြန်မာသို့ သွားရောက်မည့် ခရီးစဉ်များ ပါဝင်ကြောင်း Arabian Aerospace က သတင်းထုတ်ပြန်ထားပါသည်။

Qatar လေကြောင်းလိုင်းရှိ QR လေကြောင်းပျံသန်းမှု့သည် ယမန်နေ့မှ အစပြုပျံသန်းခဲ့ကာ စာချုပ်ပါ နည်းဥပဒေများ၏ တစ်ဖက်တွင်လည်း ခရီးစဉ် ဖြတ်သန်း သွားမည့် အိမ်ရှင်နိုင်ငံများဖြစ်သည့် ထိုင်းနှင့်ဘန်ကောက် လေကြောင်းလိုင်းသည်လည်း ခရီးသွားများအားပို၍ သက်တောင့်သက်သာ ဖြစ်စေပြီး ပိုကြီးမားသော ဈေးကွက်အား ချဉ်းကပ်နိုင်ရန် ဝန်ဆောင်မှုများကိုလဲ ပေးခဲ့သည်။

Qatar လေကြောင်းလိုင်းသည် ယခုလက်ရှိတွင် ဒိုဟာနှင့်ဘန်ကောက်သို့ တစ်နေ့လျှင် လေးကြိမ်ရပ်နားမှုမရှိဘဲ ပြေးဆွဲ
ပျံသန်း လျက်ရှိပြီး Quatari မြို့မှ ထိုင်းနိုင်ငံရှိ ဖူးခက် သို့လည်း နေ့စဉ်ပြေးဆွဲပျံသန်းလျက်ရှိသည်

ထို့အပြင် Qatar လေကြောင်းလိုင်းသည် ဒိုဟာမှ ဖနွမ်းပင်နှင့်ရန်ကုန်သို့ပါ နေ့စဉ်တာဝန်ယူ ပြေးဆွဲလျက်ရှိပါသည်။

No comments:

Post a Comment