Sunday, October 27, 2013

ကချင်တိုက်ပွဲ ထပ်မံဖြစ်ပွားမှုအတွင်း ပိတ်မိနေသော အရပ်သားများကို ကုလစိုးရိမ်

(AFP မှ 26 Oct 2013 ရက်စွဲပါ “UN fears over Myanmar civilians in fresh kachin unrest”သတင်းကို ဘာသာပြန်ဆို သည်)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ပဋိပက္ခဇုန်တွင် တပ်မတော်နှင့် ကချင်လက်နကိုင်များအကြား ထပ်မံဖြစ် ပွားနေသော တိုက်ပွဲများအတွင်း ပိတ်မိနေသော ကလေးအများစုအပါအဝင် အရေအတွက် ရာချီသော အရပ်သားများအတွက် အထူးစိုးရိမ်ပူပန်မိကြောင်း ကုလသမဂ္ဂက ထုတ်ဖော်ပြောကြားလိုက်သည်။

မြန်မာအစိုးရတပ်နှင့် ကချင် KIA တပ်ဖွဲ့တို့အကြား အပစ်ရပ်ညှိနှိုင်းမှုများ ပြုလုပ်နေသည့်ကြားမှပင် မကြာသေးမီ ရက်ပိုင်းများအတွင်း မန်စီမြို့နယ်၌ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြားတွင် ပိတ်မိနေသော စစ်ဘေးရှောင်ဒုက္ခသည် တစ်ထောင်ကျော်မှာ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်ပာုဆိုပါသည်။

“အပြန်အလှန်ပစ်ခတ်နေတဲ့ကြားမှာ အရပ်သားတွေပိတ်မိနေတာကို အလွန်အမင်းစိုးရိမ်မိပါတယ်။ အထူးသဖြင့် ကလေး တွေနဲ့ သက်ကြီးရွယ်အိုတွေပေါ့”ပာု သောကြာနေ့က ထုတ်ပြန်သော ကြေညာချက်တွင် မြန်မာနိုင်ငံဆိုင်ရာ UN Resident and Humanitarian Co-ordinatorn အေရှော့နီဂမ်က ပြောကြားသည်။

တရုတ်နယ်စပ်အနီး မြောက်ပိုင်းကချင်ဒေသမှ တိုက်ပွဲများသည် ၂၀၁၁ ဇွန်လတွင် ၁၇ နှစ်ကြာ အပစ်ရပ်စဲမှု ကျိုးပေါက်ကာပြန်လည်ဖြစ်ပွားခဲ့ရာ ယခုအချိန်အထိ စစ်ဘေးရှောင်အိုးအိမ်မဲ့ဒုက္ခသည် ၁၀၀,၀၀၀ ကျော်သွားပြီဖြစ်သည်။

ရန်စတိုက်ခိုက်မှုများကို ရပ်ဆိုင်းပစ်သင့်ပြီး ထိုဒေသအတွင်းရှိ အရေးပေါ်အကူအညီလိုအပ်နေသော အရပ်သား များထံသို့ ကယ်ဆယ်ရေးအေဂျင်စီများ သွားရောက်နိုင်အောင်ခွင့်ပြုသင့်သည်ပာု အေရှော့နီဂမ် ကဆက်လက်ပြောဆိုသည်။

ဒေသခံကယ်ဆယ်ရေးအဖွဲ့များသည် စစ်ဘေးရှောင်ဒုက္ခသည်များထံ လောလောဆယ်မသွားရောက်နိုင်ကြောင်း နှင့် ၎င်း ဒုက္ခသည်များသည် ရက်အနည်းငယ်စာ စားနပ်ရိက္ခာသာ ကျန်တော့သည်ပာု ကြားသိရကြောင်း ကုလတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၌ စစ်အုပ်ချုပ်ရေး အလွန်ထွက်ပေါ်လာသော နိုင်ငံတကာအချီးမွမ်းခံ နိုင်ငံရေးအပြောင်းအလဲများ အပေါ်တွင် နိုင်ငံအနှံ့ဖြစ်ပွားနေသော ဘာသာရေးခုတုံးလုပ် ဆူပူမှုများနှင့် ကချင်ပြည်နယ်မှသွေးစွန်းသော ပဋိပက္ခများကလောင်း
ရိပ်  မိုးလျက်ရှိသည်။

၁၉၄၈ ခုနှစ်ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ်ကြောင့် နာလံမထူနိုင်ခဲ့သော မြန်မာနိုင်ငံတွင် ပြုပြင်
ပြောင်းလဲရေးဝါဒီ လက်ရှိသမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် အဓိကလက်နက်ကိုင်အုပ်စုအများစုနှင့် အပစ်ရပ် သဘော တူညီမှု များ ရရှိထားပြီးဖြစ်သည်။

နောက်ဆုံးကျနေသည့် အဓိကပြည်တွင်းစစ်ပွဲတစ်ခုဖြစ်သည့် ကချင်ပြည်နယ်တိုက်ပွဲများကို အဆုံးသတ်ရန် လက်ရှိ
ဆွေးနွေးမှုများပြုလုပ်လျက်ရှိရာတွင် လတ်လတ်ဆတ်ဆတ် သဘောတူညီမှုအသစ်တစ်ခုကိုလည်း မကြာသေးမီက ရရှိခဲ့သည်။

ကုလသမဂ္ဂနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်လေ့လာခဲ့သော ဆွေးနွေးပွဲများအပြီး ရရှိခဲ့သော သဘောတူညီချက်သည် နိုင်ငံရေးဒိုင်ယာလော့ဆွေးနွေးရန် အခြေခံချမှတ်ရေးနှင့်ဘ ငြိမ်းချမ်းရေးကိုဦးတည်ဆောင်ရွက်ရေး တို့ကို ရည်မှန်းခြင်းဖြစ်သည်ပာု အစိုးရငြိမ်းချမ်းရေးညှိနှိုင်းမှုအကျိုးဆောင်များက ဆိုပါသည်။

No comments:

Post a Comment