Photo Credit By Hein Latt Aung
(Bernama
News မှ 27 April 2013 ရက်စွဲပါ “Myanmar Union Election Commission to amend
electrol laws, by laws” ကို ဘာသာပြန်ဆိုပါသည်)
၂၀၁၅ အထွေထွေရွေးကောက်ပွဲများ လွတ်လပ်၊မျှတ၊
ပွင့်လင်းမြင်သာမှုရှိစေရန် ကြိုးပမ်းသည့်အနေ ဖြင့် မြန်မာနိုင်ငံပြည်ထောင်စုရွေးကောက်ပွဲဥပဒေနှင့်နည်းဥပဒေများကို ပြင်ဆင်တော့
မည်ဟု တရားဝင်သတင်းများကို ကိုးကား၍ Xinhua ကထုတ်ပြန်သည်။
သောကြာနေ့က နေပြည်တော်တွင် ကျင်းပသော အစည်းအဝေးတွင်
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မဲဆန္ဒရှင်မှတ်ပုံတင်ခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊
မဲဆွယ်စည်းရုံးခြင်း၊ မဲဆန္ဒရှင်များအား ရွေးကောက်ပွဲဆိုင်ရာဗဟုသုတဖြန့်ဝေခြင်းကိစ္စများတွင်အားနည်းချက်များရှိနေ ကြောင်း
အသိအမှတ်ပြု ဝန်ခံခဲ့ပြီး၊ နိုင်ငံရေးပါတီများအကြား ငွေရေးကြေးရေး
ကွာဟချက်ကြီးမားမှုကိုလည်း ထုတ်ဖော်ပြောကြား ခဲ့သည်ဟု အစိုးရသတင်းစာ New Light of
Myanmar က သတင်းဖော်ပြထားသည်။
၎င်း အစည်းအဝေးသို့ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများ၊
နိုင်ငံရေးပါတီ ၂၁ ခုနှင့် ကုလသမဂ္ဂ ကိုယ်စားလှယ်များ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းသင်းပင်းများ
တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်
၂၀၁၅ တွင် လွတ်လပ်မျှတသောပါတီစုံ အထွေထွေရွေးကောက်ပွဲများကျင်းပနိုင်ရေးအတွက် ရှု့ဒေါင့်
ပေါင်းစုံမှ သုံးသပ်ရန် ယခုလအစောပိုင်း
ကလည်း မှတ်ပုံတင်ခွင့်ရထားသော နိုင်ငံရေးပါတီ
၅၆ ခုနှင့် ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး ဖြစ်သည်။
သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက် ပထမဆုံးကျင်းပသော
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာကျင်းပပေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော
NLD ပါတီက ကိုယ်စား လှယ်အမတ် နေရာ ၄၅ နေရာအနက် ၄၃ နေရာ အနိုင်ရရှိသွားခဲ့သည်။
အဆိုပါ လစ်လပ် ၄၅ နေရာတွင် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်
၃၇ နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၆ နေရာနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ၂ နေရာတို့ ပါဝင်သည်။
အငြင်းပွားဖွယ်၂၀၀၈ အခြေခံဥပဒေအရ ၂၀၁၀ နိုဝင်ဘာလတွင်
ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ် ၁၁၅၄ ဦး ထွက်ပေါ်လာခဲ့ရာ၊ ပြည်သူ့
လွှတ်တော်၏ကိုယ်စားလှယ်အမတ် ၃၂၅ ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စား လှယ်အမတ် ၁၆၈ ဦးနှင့်
တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်အမတ် ၆၆၁ ဦးတို့ဖြစ်ကြသည်။
ထိုကဲ့သို့ ရွေးချယ်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအပြင်
နောက်ထပ်ရှိနေသော ကိုယ်စား လှယ် အမတ် ၂၈၈ ဦး (သို့) ၂၅ ရာခိုင်နှုန်းမှာ တပ်မတော်ကိုယ်စားပြု
ကိုယ်စား လှယ် များ ဖြစ်သည်။
ရန်ကုန်မြို့မှ အကဲခတ်များက “၂၀၁၅ ရွေးကောက်ပွဲသည်
လွတ်လပ်၍ ပွင့်လင်းမြင်သာဖွယ်ရှိကြောင်း ၂၀၁၂ ကဲ့သို့ သိက္ခာမဲ့သော ဖြစ်ရပ်မျိုး မဖြစ်ပွားစေရန်အတွက်
ပွဲမဝင်ခင် အပြင်ကကြိုတင်ညှိနှိုင်းထားကြ ဖွယ် ရှိကြောင်း၊ ပြည်သူ့ဆန္ဒ ၁၀၀ ရာခိုင်နှုန်း
မပြည်ံဝနိုင်သော်ငြားလည်း ၅၀ ရာခိုင်နှုန်းပြည့်ဝမည့် အလားအလာရှိ ကြောင်း” ခန့်မှန်းသုံးသပ်
ပြောဆိုထားသည်။
No comments:
Post a Comment