(26
April 2013 ရက်စွဲပါ Christon Science Monitor မှ Joseph J Schatz ရေးသားသော US
Considers end to tariffs in Myanmar: too soon ? သတင်းကို ဘာသာပြန်ဆိုပါသည်)
မြန်မာနိုင်ငံအလယ်ပိုင်း အဓိကရုဏ်းများအပေါ်
အစိုးရသည် ကိုင်တွယ်ပုံနှင့် ပတ်သက်၍ အဝေဖန်ခံရ ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် သမ္မတ
Barack Obama ၏ ကုန်သွယ်မှုညှိနှိုင်းရေး အကြီးအကဲ Demetrios Marantis သည် အစိုးရတာဝန်ရှိသူများနှင့်
တွေ့ဆုံခြင်း၊ ရန်ကုန် မြို့ လယ် ရှိ ဈေးသို့သွားရောက် လည်ပတ်ပြီးနောက် မြန်မာနိုင်ငံအတွက်
သတင်း စကားတစ် ခုပြောဆိုခဲ့ပါသည်။
“ကျွန်တော်လှပတဲ့ ယွန်းထည်တွေတွေ့ခဲ့ပါတယ်။
အခြား ဒီကထွက်တဲ့ အံ့သြဖွယ်ထုတ်ကုန်တွေ
တွေ့ခဲ့ရပါတယ်။ ဒါတွေကို အမေရိကန်တွေဝယ်လိမ့်မယ်ဆိုတာ
ကျွန်တော်သိတယ်” ဟု Marantis က အမေရိကန် စင်တာတွင် မြန်မာပရိသတ်နှင့် နိုင်ငံခြား သတင်းထောက်များသို့
ပြောကြားခဲ့ပါသည်။
အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံမှ
သွင်းကုန်များအပေါ် အကောက်ခွန်ကောက်ခံခြင်းကို ပယ်ဖျက်ရန် စဉ်းစားလျက်ရှိရာမြန်မာနိုင်ငံနှင့်
ဆက်ဆံရေးအတွက် အမေရိကန်၏ အံ့သြဖွယ် လျင်မြန်သော တိုးတက်မှုများ၏ ထင်ဟပ်မှုဖြစ်ပါသည်။ သို့သော်
ထိုသို့လုပ်ဆောင်ရန် အဆင်မပြေသော အချိန်ဖြစ်ပါသည်။
သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးအစိုးရသည်
ပြီးခဲ့သည့်လက မိတ္ထီလာတွင်ဖြစ်ပွားသော အဓိကရုဏ်းများဖြစ်စေသည့် မူဆလင်ဆန့်ကျင်ရေးတင်းမာမှုများကို
ကိုင်တွယ်ပုံနှင့် ပတ်သက်၍ အများ၏ မျက်စိဒေါက်ထောက်စုံစမ်း ကြည့်ရှုမှုကိုခံနေရပါသည်။
ယခုအပတ်တွင် မြန်မာနိုင်ငံသည် ကြီးမားသော
စီးပွားရေးအရအောင်ပွဲတစ်ခုရရှိခဲ့ပါသည်။ ဥရောပ သမဂ္ဂ သည် လက်နက်ရောင်းဝယ်မှု ပိတ်ပင်ထားမှုမှလွဲ၍
နိုင်ငံရေးနှင့် စီးပွားရေးအရ အရေးယူမှုများကို ရုတ်သိမ်းကြောင်း ကျေညာခဲ့ပါသည်။
Human Rights Watch ကမူ ပြီးခဲ့သည့်နှစ်က ရိုဟင်ဂျာများအပေါ် သတ်ဖြတ်မှုနှင့် ပတ်သက်၍
တိုင်းရင်းသားမျိုးတုန်းအောင် သတ်ဖြတ်မှုအဖြစ် စွပ်စွဲထားပါသည်။
ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံသို့ သမ္မတ
Obama သွားရောက်စဉ်က ပေးခဲ့သောနိုင်ငံရေးအရ ကတိ ကဝတ်များကို အလုံးစုံပါဝင်သော ဆက်ဆံရေးအဖြစ်
အသွင်ပြောင်းရန် ကြိုးစားနေချိန်တွင် သဘော မတူမှုများ လည်း ရောပြွမ်းပါဝင်နေသော မြန်မာနိုင်ငံအတွက်
နားလည်ပေးမှုများသည် အနောက်နိုင်ငံ တာဝန်ရှိသူများ အနေဖြင့် မြန်မာနိုင်ငံအပေါ် ထိုးဖောက်ရာတွင်
ခက်ခဲသောနိုင်ငံရေးအရ အခြေ အနေ များကို ဖြတ်သန်းရပါ သည်။
ယခုအခါ Marantis သည်လည်း မြန်မာအစိုးရနှင့်
ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု သတ်မှတ်ချက်မူ အသစ်များအတွက် ညှိနှိုင်းလျက်ရှိရာ
အမေရိကန်ကော်ပိုရေးရှင်းများအတွက် ဆယ်စုနှစ်များစွာကြာသော အထီးကျန်ဘဝမှ ကမ္ဘာ့စီးပွားရေးတွင်
ပြန်လည်ပေါ်ထွက်လာသည့် သန်း (၆၀) သော နိုင်ငံအား ၎င်းတို့၏ ကုန်ပစ္စည်းများရောင်းချရန် စိတ်အားထက်သန်စေရန်
အထောက်အကူဖြစ်ပါသည်။
လူ့အခွင့်အရေးနှင့် အုပ်ချုပ်မှုကို စောင့်ကြည့်နေသူအများစုကမူ
အနောက်နိုင်ငံများ၏ ဆက်ဆံရေး သည် မြန်မာနိုင်ငံအပေါ် ဆုလဒ်များလျင်မြန်စွာ ဖောဖောသီသီပေးခြင်းမှာ
မြန်လွန်းကြောင်း၊ များလွန်း
ကြောင်း ဆိုပါသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးကို ထိုသို့သော
ကုန်သွယ်ရေးအရ အခွင့်အရေးများပေးခြင်းဖြင့် ကူညီခြင်း သည် အခြားပြုပြင်ပြောင်းလဲရေးများကို
အားပေးသည့်သဘော သက်ရောက်ကြောင်း အမေရိကန် သံအမတ် ကြီး Derek Mitchell က ငြင်းချက်ထုတ်ပါသည်။
“အမှန်တကယ်တော့ စီးပွားရေးအရ ဆက်ဆံရေးနဲ့
အခွင့်အရေးတွေ ဖြည့်ဆီးပေးခြင်း၊ အလုပ်အကိုင် တွေ ဖြည့်ဆီးပေးခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုအတွက်
ဖြည့်ဆီးပေးခြင်းများဟာ စီးပွားရေး အတွက် သာမက ပိုမိုကျယ်ပြန့်သော ပြုပြင်ပြောင်းလဲရေး၊
နိုင်ငံရေးပြုပြင်ပြောင်းလဲရေး၊ လူမှုရေးအရ ပြုပြင်ပြောင်း
လဲရေးတို့ အောင်မြင်ရေးအတွက်မရှိမဖြစ်
လိုအပ်ချက်တွေပါပဲ” ဟု ၎င်းကပြောပါသည်။
အမေရိကန်အစိုးရသည် မြန်မာနိုင်ငံနှင့် စီးပွားရေးလုပ်ကိုင်မည့်
အမေရိကန်ကုမ္ပဏီများအတွက် ကန့်သတ်ချက် အတော်များများကို ဖြေလျော့ပေးခြင်း၊ ယာယီရုတ်သိမ်းပေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး
ဖြစ်ပါသည်။ အမေရိကန်အစိုးရသည် Burma ဟုညွှန်းနေဆဲဖြစ်ပါသည်။ (နိုဝင်ဘာလကမူ
Obama သည် Burma ရော Myanmar ပါသုံးခဲ့ပြီး၊ အမေရိကန်အစိုးရတာဝန်ရှိပုဂ္ဂိုလ်များကမူ
မိန့်ခွန်းများတွင် ‘You’ ‘Your Country’ ဟု အဆင်မပြေစွာ သုံးနှုန်းနေဆဲဖြစ်ပါသည်)
အကယ်၍ အမေရိကန်သည် GSP အရ မြန်မာနိုင်ငံအပေါ်
ကုန်သွယ်မှုအထူးအခွင့် အရေးများ
ပေးခဲ့ပါက မြန်မာနိုင်ငံမှ ထုတ်ကုန်အမျိုးအစား (၅၀၀၀)
ခန့် အပေါ် အကောက် ခွန်များ လျော့ ချသွားမည် ဖြစ်ကြောင်း Marantis ကပြောပါသည်။
၎င်းသည် ယခုနှစ် အစောပိုင်းကတည်းက
Ron Kirk နုတ်ထွက် သွားသော အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် အဖြစ်ခေတ္တ တာဝန်ထမ်း ဆောင်နေ
ပါသည်။
အမေရိကန်အစိုးရသည် ၁၉၈၉ ခုနှစ်က မြန်မာစစ်အစိုးရ၏
အဓမ္မလုပ်အားပေးစေခိုင်းမှုများနှင့် အလုပ် သမား အခွင့်အရေးများကြောင့် မြန်မာနိုင်ငံအပေါ်
ပေးထားသော GSP အခွင့်အရေးများကို ရုတ်သိမ်းခဲ့ပါသည်။ Marantis သည် ကွန်ဂရက်အဖွဲ့ဝင်
များထံမှ ခက်ခဲသော မေးခွန်း များ ပေါ်ထွက်
လာမည့် အရေးကို မျှော်လင့် လျက်ရှိပါသည်။ အလုပ်သမားအခွင့် အရေးများ ကိစ္စသည်
၎င်းနှင့်
မြန်မာအစိုးရအဆင့်မြင့် ပုဂ္ဂိုလ်များ နေပြည်တော်တွင် ဆွေးနွေးရာ၌ အဓိက အချက်ဖြစ်ခဲ့ပါသည်။
မြန်မာထုတ်ကုန်များကို အမေရိကန်နိုင်ငံသို့
ရောင်း၍ရသော အကျိုးအမြတ်သည် အမေရိကန် ကုမ္ပဏီ များမြန်မာနိုင်ငံတွင် စီးပွားရေးလုပ်၍ရသော
အကျိုးအမြတ်နှင့်ယှဉ်ပါက များစွာနည်းပါလိမ့်မည်။
မြန်မာနိုင်ငံတွင် သတင်းစာလွတ်လပ်ခွင့် ၊
နိုင်ငံရေးအကျဉ်းသားများပိုမိုလွှတ်ပေးခြင်းနှင့်အတူ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုမှာ
မြန်ဆန်လျက်ရှိပါသည်။ အစိုးရသည် ရေနံနှင့် ဓါတ်ငွေ့ရှာဖွေရေး လုပ်ကွက်များအတွက် နိုင်ငံခြားမှ
ယှဉ်ပြိုင်မှုများကို စဉ်းစားလျက်ရှိပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာတယ်လီ
ဖုန်း ဆက်သွယ်ရေးလိုင်စင်များအတွက်လည်း
နိုင်ငံခြားမှပါဝင်မှုကိုစဉ်းစားလျက်ရှိပါသည်။ အ မေရိကန်
ကုမ္ပဏီများကလည်း မြန်မာနိုင်ငံသို့တိုး၍လာရောက်
ကြည့်ရှု့လျက်ရှိပါသည်။
“ပထဝီနိုင်ငံရေးကလည်း အဓိကနေရာက ပါပါတယ်။
မြန်မာနိုင်ငံဟာ အာရှမှာ လမ်းဆုံလမ်းခွ နေရာမှာ ရှိနေခြင်းကလည်း အမေရိကန်ကို ပတ်တနာဖြစ်လာစေဖို့
ဆွဲဆောင်နေတဲ့ အချက် တစ်ခု ဖြစ်ပါတယ်” ဟု Marantis က အမေရိကန်စင်တာတွင် ပြောကြားသော
မိန့်ခွန်းတွင် ထည့်သွင်းပြော ကြားခဲ့ပါသည်။
No comments:
Post a Comment