Monday, April 29, 2013

မြန်မာနိုင်ငံ၌ ပထမဦးဆုံးအဖြစ် မေဒေးနေ့ အခမ်းအနားကျင်းပမည်



        မေလ ၁ ရက်နေ့တွင်ကျရောက်မည့် (၁၂၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) အခမ်း အနားကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် မန္တလေးတိုင်းဒေသကြီး ပုလိပ်မြို့နယ်၌ လွတ်လပ်သော အလုပ်သမားသမဂ္ဂနှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဦးဆောင်၍  ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
 
               အဆိုပါ အခမ်းအနားတွင် အလုပ်သမားတစ်ယောက်၏ အခြေခံလုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များအတွက် တင်ပြ သွားမည်
 ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

            အဆိုပါ အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်တွင်းရှိ အလုပ်သမားများအနေဖြင့် အလုပ်သမားဥပဒေပိုင်း ဆိုင်ရာများကို သိရှိလာနိုင်ရန်နှင့် အလုပ်သမားအချင်းချင်းကြား ယုံကြည်မှုများရှိလာနိုင်စေ ရန်အတွက် ဖြစ်ကြောင်း  မြစ်ငယ် 
မီးရထားတွဲပြင်စက်ရုံအလုပ်သမားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 
             ထို့ပြင် အဆိုပါ အခမ်းအနားတွင် လက်ရှိ မြန်မာနိုင်ငံအတွင်း အလုပ်သမားများ၏ တွေ့ကြုံနေရသော အခက်အခဲ၊ အကြပ် အတည်းများ ပြေလည်နိုင်စေရန် တက်ရောက်လာသည့် အလုပ်သမားသမဂ္ဂများ၊ အလုပ်သမားခေါင်းဆောင်များ၊ အလုပ် သမားကိုယ်စားလှယ်များထံမှ အချက်အလက်များစုစည်း၍ နိုင်ငံတော်သမ္မတထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း အလုပ်သ မား ရေး ရာကော်မတီအဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

                 လက်ရှိအချိန်တွင် ပြည်တွင်းရှိ စက်မှုဇုန်များ၊ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်နှင့် အလုပ်သမားကြား လုပ်ခလစာ၊ အချိန်ပိုကြေးနည်းပါးခြင်းနှင့် အလုပ်ပိတ်ရက်မပေးမှုများအတွက် အငြင်းပွားမှုဆိုင်ရာပြဿနာများ     ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံအနှံ့
အပြားတွင်လည်း ဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

        ဧပြီလ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ကွန်ဗင်းရှင်းစင်တာ၌ အလုပ်သမားသမဂ္ဂညီလာခံအား ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါညီလာခံတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပမည့် အလုပ် သမားသမဂ္ဂညီလာခံသို့တက်ရောက်မည့် ကိုယ်စားလှယ်နှစ်ဦးရွေးချယ်ရာတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။

No comments:

Post a Comment