Monday, April 29, 2013

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဝန်ကြီးများတွေ့ဆုံ၍ တည်ဆဲဥပဒေပောာင်းများပြင်ဆင်ရန် ဆွေးနွေးမည်


         လက်ရှိ မြန်မာနိုင်ငံအတွင်း ပြဋ္ဌာန်းထားရှိသည့် ခေတ်ကာလနှင့် လိုက်လျောညီထွေမှုမရှိတော့သော ဥပဒေပောာင်းများအား
  ပြန်လည်ပြင်ဆင်နိုင်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လွှတ်တော်ရေးရာကော်မတီများ၊ ပြည်ထောင်စုဝန်ကြီးများမှ ဧပြီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ  ပြည်ထောင်စုလွှတ်တော်ရုံးခွဲ၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိ ရ သည်။
 
           လက်ရှိ မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ   ဈေး ကွက် စီး ပွားရေး စနစ် ကို ကျင့် သုံး ဆောင်ရွက်လျက်ရှိသည့်အတွက် ယခင်အစိုးရလက်ထက်ကတည်းက ပြဋ္ဌာန်းထားရှိသော ခေတ်နှင့်လျော်ညီမှု
မရှိတော့သည့် တည်ဆဲဥပဒေပောာင်းများ၊ လုပ်ထုံးလုပ်နည်းပောာင်းများကို ပြန်လည်ပြင်ဆင်နိုင်ရန်ယခုကဲ့သို့  တွေ့ဆုံရခြင်းဖြစ်
ကြောင်း သိရသည်။

        အဆိုပါ ဆွေးနွေးပွဲသို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပို့ဆောင် ရေး ဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက် မည်ဖြစ်ကြောင်း သိရသည်။

             ထို့ပြင် လိုအပ်ချက်များစွာရှိနေသေးသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်နိုင်ရေးအတွက် ၂၀၁၃ မတ်လ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းရေး တိုက်တွန်းကြောင်းအဆိုကို အရေးကြီး အဆို အဖြစ် တင်သွင်းခဲ့သည်။

No comments:

Post a Comment