Monday, April 29, 2013

ဘာသာရေးအဓိကရုဏ်းအပြီး မိတ္ထီလာကို ပြန်လည်ထူထောင်တော့မည်



                                                                   Photo Credit By Online
                                      
(The Nation မှ 28 April 2013 ရက်စွဲပါ “Myanmar city to be rehabilitated after secarian  rioting”သတင်းကိုဘာသာပြန်ဆိုသည်)

             ၄၄ ဦးသေဆုံးခဲ့ရသော ဘာသာရေးအဓိကရုဏ်းကြောင့် ပျက်စီးသွားသည့် မြန်မာနိုင်ငံ အလယ်ပိုင်းမြို့ကို ၃ လအတွင်း 
 ပြန်လည်ထူထောင်ဖို့လိုကြောင်း တနင်္ဂနွေနေ့သတင်းတွင် ဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှ မိတ္ထီလာမြို့တွင် ရွှေဆိုင်ရန်ပွဲမှအစပြုကာ မတ်လ ၂၀ ရက်တွင် ဗုဒ္ဓဘာသာဝင်နှင့် မွတ်ဆလင်များအကြား ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

     Relief and Resettlement Department မှ လက်ထောက်ဒါရိုက်တာ ဆာဝီလီယံဖရန့်က “လာမယ့် ၂ လ၊ ၃ လအတွင်းမှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပြီးစီးဖို့ရှိပါတယ်”ပာု မြန်မာသတင်းဂျာနယ်တစ်ခုသို့ ပြောကြားသည်။
ဒေသခံမွတ်ဆလင်လူထုကို တိုက်ရိုက်ဆန့်ကျင်ရန်ပြုသော အကြမ်းဖက်အဓိကရုဏ်းကြောင့် ၄၄ ဦးသေဆုံးကာ၊ အိမ်ခြေ ၁၅၉၄ လုံး ပျက်စီးသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သူ ၈၄၀၀ ခန့်မှာ ဒုက္ခသည်စခန်းများသို့ ရောက်ရှိသွားခဲ့သည်ပာု တာဝန်ရှိသူများက ဆိုပါသည်။

     အလားတူပင် မနှစ်က ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာရခိုင်နှင့် မွတ်ဆလင်ရိုပာင်ဂျာများအကြား အကြမ်းဖက် အဓိကရုဏ်းဖြစ်ပွားမှုကြောင့် ၂၀၀ ကျော်သေဆုံး၍ လူပေါင်း ၁၂၅,၀၀၀ ခန့်အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။

         “ကျွန်တော်တို့ရဲ့ မိတ္ထီလာပြန်လည်ထူထောင်ရေး အစီအစဉ်ပာာ ရခိုင်ကိစ္စလောက်ကြားမှာ မပာုတ်ပါဘူး။ ဆိုးဆိုးဝါးဝါး ပျံ့နှံ့သွားတာမျိုးမရှိပဲ ပျက်စီးမှုကလည်း မများလို့ပါ”ပာု ပြောကြားသူ ဆာဝီလီယံဖရန့်၏ ကယ်ဆယ်ရေးအေဂျင်စီသည် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် အလှူငွေ ကျပ်သန်း ၄၉၀(ဒေါ်လာ ငါးသိန်းခွဲခန့်)ရရှိထားသည်။

         မန္တလေးတိုင်းဒေသကြီးအစိုးရသည် အိုးမဲ့အိမ်မဲ့ဖြစ်သူများအတွက် တန်ဖိုးနည်းအိမ်ယာများ ဆောက်လုပ်ပေးရန် စီစဉ်နေ သည်ပာု တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးရဲအောင်မြင့်က ပြောကြားသော်လည်း ယခင်အိမ်နီးချင်းများထံသို့ ပြန်လာလိုသူ မည်မျှရှိ သနည်းဆိုသည်မှာ မသဲကွဲသေးပါ။

         အကြမ်းဖက်ဖြစ်ရပ်အတွင်း ဖခင်နှင့် နေအိမ်ဆုံးရှုံးခဲ့ရသူ ဒေသခံမွတ်ဆလင်တစ်ဦးဖြစ်သည့် မငယ်(အသက် ၃၀ ခန့်)က “သူမ၏ ၆ နှစ်အရွယ် သားဖြစ်သူကို ကျောင်းသို့မလွှတ်နိုင်ကြောင်းနှင့် မွတ်ဆလင်ဖြစ်နေ၍ အနိုင်ကျင့်ခ့ရမည်ကို စိုးရိမ်ကြောင်း ” ထုတ်ဖော်ပြောဆိုခဲ့သည်။

No comments:

Post a Comment