Monday, April 29, 2013

ရခိုင်ပြည်နယ်ပဋိပက္ခများစုံစမ်းစစ်ဆေးရေးကော်မရှင် သတင်စားရှင်းပွဲကျင်းပ

                                                                  Photo Credit by YC

      ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခများနှင့်ပတ်သတ်သော သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ဧပြီလ (၂၉) ရက်နေ့ နေ့လယ် (၂)နာရီတွင် Myanmar Peace Center ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ် ပဋိပက္ခများစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များဖြစ်သော ဒေါက်တာကျော်ရင်လှိုင်၊ ဦးကိုကိုကြီး ၊ ဦးသူရ ၊ ဒေါက်တာဒေါ်ရင်ရင်နွယ်နှင့် ဦးအောင်နိုင်ဦး တို့မှ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် စပ်လျဉ်း၍ အစီရင်ခံစာဖြစ်ပေါ် လာရေးအတွက် လုပ်ဆောင်ချက်များကို ရှင်းလင်း ပွဲတစ်ရပ်ကျင်းပပြုလုပ်ခဲ့သည်။
 
    ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခများဖြစ်ပွားရခြင်း အကြောင်းရင်းနှင့် အနာဂါတ်တွင် ထိုကဲ့သို့သော ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် လုပ်ဆောင်ရမည့်အချက်များကို သိရှိနိုင်ရန်အတွက် နိုင်ငံတော်သမ္မတ၏ တာဝန်ပေးချက်အရ စုံစမ်း စစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်သို့ (၁၀)ကြိမ်ခန့် သွားရောက်ကာ ဒေသခံများ၏ အကူအညီဖြင့် သတင်းအချက်အလက်များစုဆောင်းခြင်း၊ ဒေသခံအယောက် (၂၀၀၀) ကျော်အား (ရခိုင်လူမျိုး ၁၂၀၀ဦး၊ ဘဂါင်္လီလူမျိုး ၈၀၀ဦး) တွေ့ဆုံမေးမြန်းခြင်းများကို မတ်လကုန်အထိ ပြုလုပ်ခဲ့ပြီး သတင်းအချက်အလက်များကိုအချိန်ယူစုဆောင်းကာတိကျခိုင်မာသောအစီရင်ခံစာတစ်ခုဖြစ်ပေါ်လာစေရေး
အတွက်ကြိုးပမ်းဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း ဒေါက်တာကျော်ရင်လှိုင်မှ ပြောကြားခဲ့သည်။

      ကော်မရှင်နေဖြင့် ရခိုင်ပြည်နယ်ပဋိပက္ခများနှင့် ပတ်သက်သည့် အကြံပြုချက်များ ပါရှိ သောကြားဖြတ် အစီရင်ခံစာတစ်စောင်ကို နိုဝင်ဘာလတွင် နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့သည်ဟုဆိုသည်။  ထိုသို့ တင်သွင်းခဲ့ရာတွင်လည်း  အစီရင်ခံစာကို လွတ်လပ်စွာရေးသားနိုင်ခဲ့ပြီး သက်ဆိုင်ရာအဖွဲ့  အစည်းများမှ
လည်း အကူအညီများပေးခဲ့ ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။
 
     မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီပန်းတိုင်းသို့ လျှောက်လမ်းရာတွင် ခက်ခဲကြမ်းတမ်းမှုများရှိခဲ့ပြီး (၁၀)စုနှစ်နှင့် ချီနေသော ပြဿနာများမှာ နိုင်ငံ၏ ကဏ္ဍအသီးသီးတွင်ရှိနေခဲ့ကာ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်သော နိုင်ငံတိုင်းတွင် အဆိုပါပြဿနာများကို ကြုံတွေ့ရစမြဲဖြစ်ကြောင်း ၈၈ မျိုးဆက်
 ကျောင်သား များအဖွဲ့မှ ဦးကိုကိုကြီးက ပြောကြားခဲ့သည်။

         နိုင်ငံတစ်ခုပြန်လည်တည်ဆောက်ရာတွင် လူမျိုးရေးနှင့် ဘာသာရေးသည် လွန်စွာအရေး ကြီးသော ကဏ္ဍတွင်ပါ ဝင်နေသောကြောင့် ကော်မရှင်နေဖြင့် အစီရင်ခံစာတင်သွင်းရာတွင် လူ့အခွင့်အရေးနှင့် ပတ်သက်သော အကြံပြုချက်များကို ဦးစားပေးဖော်ပြထားပြီး လူမှုရေး၊ စီးပွားရေး အကြံပြုချက်များကို အခန်း (၁၂) ခွဲကာ ဖော်ပြထားကြောင်းနှင့် ကော်မရှင်၏ အဓိကလုပ်ငန်းတာဝန်မှာ အချက်အလက် များ စုဆောင်းခြင်း၊ နိုင်ငံသား တိုင်း တန်းတူအခွင့်ရေးရရှိစေရန်အတွက် လူမှုရေးသဟဇာတဖြစ်စေမည့် နည်းလမ်းများကို  အကြံပြုခြင်းတို့ ဖြစ်ကြောင်း ၎င်းမှ ထပ်မံပြောကြားခဲ့သည်။

      သို့သော်လည်း စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ဖြစ်ရပ်များကို စုံစမ်းစစ်ဆေးကာ အကြံပြုရန်အတွက် သာဖြစ် ပြီး စီမံခွင့်အာဏာမရှိဘဲ သက်ဆိုင်ရာအဖွဲ့အစည်းများမှသာ အကြံပြုချက်များကို ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ပြည်တွင်း၊ပြည်ပမီဒီယာများနှင့် အဖွဲ့အ စည်းများမှအပြုသဘော ဆောင်သောပူးပေါင်းဆောင်ရွက်မှုများကို လိုအပ်ကြောင်း ဒေါက်တာကျော်ရင်
လှိုင်က ဖြည့်စွက်ပြောကြားခဲ့ သည်။

No comments:

Post a Comment