Wednesday, April 24, 2013

နိုင်ငံရေးအကျဉ်းသား ၉၃ ဦးထပ်မံလွတ်မြောက်


            နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အမိန့်ဖြင့် ဧပြီလ ၂၃ ရက်နေ့တွင် လက်ရှိအကျဉ်းထောင်များအတွင်း အကျဉ်းကျခံလျက်
ရှိသော နိုင်ငံရေးအကျဉ်းသား ၅၉ ဦး၊ နိုင်ငံခြားသားအကျဉ်းသား ၃ ဦးနှင့် ကျန်ပြစ်မှုအမျိုးမျိုးဖြင့် အကျဉ်းကျခံရလျက်ရှိသော အကျဉ်းသားအပါအဝင် စုစုပေါင်း ၉၃ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးလိုက်ကြောင်း သိရသည်။

          အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသားများတွင် အင်းစိန်ဗပာိုအကျဉ်းဦးစီးဌာနမှ အကျဉ်းသား ၆ ဦး၊ မြင်းခြံထောင်မှ ၆ ဦး၊ ပခုက္ကူထောင်မှ ၁ ဦး၊ သရက်ထောင်မှ ၂ ဦး၊ မန္တလေးအိုးဘိုထောင်မှ ၂ ဦး၊ သာယာဝတီထောင်မှ ၂ ဦး စုစုပေါင်း ၁၉ ဦးနှင့်အတူ လက်နက်ကိုင်တိုင်းရင်းသားများအဖွဲ့မှ အကျဉ်းသား ၄၀ ဦးလည်း ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

       ထိုသို့လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့သော်လည်း လက်ရှိအချိန်ထိတိုင် အကျဉ်းထောင်များအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၂၀၀ ကျော်ဆက်လက်ကျန်ရှိဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား
ပောာင်းတစ်ဦးက ပြောကြားသည်။

        ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် နိုင်ငံရေးအကျဉ်းသားအဓိပ္ပါယ်ဖော်ဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ
တွင် အကျဉ်းထောင်များအတွင်း လက်ကျန်နိုင်ငံရေးအကျဉ်းသား ၄၂၀ ကျော်ကျန်ရှိနေသေးကြောင်း ထုတ်ပြန်ခဲ့သော်လည်း အစိုးရ၌ရှိသော အကျဉ်းထောင်များအတွင်းရှိ လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းနှင့်မူ ၁၀၀ ကျော်ကွာပာလျက်ရှိကြောင်း သိရသည်။

        မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည့်အပြင်
 နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ဇာဂနာ၊ ကိုကိုကြီး၊ ကိုဂျင်မီ တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment