Tuesday, April 23, 2013

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အီးယူဆန်ရှင် ရုတ်သိမ်းမှုအပေါ်ကြိုဆို


         ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံတော်အပေါ် ဥရောပသမဂ္ဂမှ ချမှတ်ထား သော စီးပွားရေး ဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်အားလုံးအား ရုတ်သိမ်းလိုက်သည့် ဥရောပသမဂ္ဂ၏ ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ ဆုံးဖြတ်ချက်ကို ဝမ်းမြောက်စွာကြိုဆိုပါကြောင်း သတင်းကြေညာချက် ထုတ်ပြန်ခဲ့ ကြောင်း သိရှိရသည်။

          နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဥရောပသမဂ္ဂသည် မြန်မာအစိုးရ၏ ကျယ်ကျယ်
ပြန့်ပြန့် ဆောင်ရွက်လျက် ရှိသောပြုပြင်ရေးဆိုင်ရာ ကြိုးပမ်းအထားထုတ်မှုများကို စိတ်အား ထက်သန်စွာ ထောက်ခံ အားပေးလျက် ရှိပြီး ကနဦးအနေဖြင့် ၂၀၁၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ပိတ်ပင် ကန့်သတ်မှုအများစုကို တစ်နှစ်ဆိုင်းငံ့ထားခဲ့ပါသည်။

           ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်သည် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများကို ပြင်းပြစွာ လိုလားလျက်ရှိသော မြန်မာအစိုးရ၏ လွန်ခဲ့သော (၂) နှစ် ကာလ အတွင်းဆောင် ရွက်ခဲ့သော ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို တက်ကြွ စွာ ထောက်ခံ
လျက်ရှိသည့် ပြည်သူများကို များစွာ အကျိုးရှိစေမည်ဟု ယုံကြည်ထားကာဥရောပသမဂ္ဂဘက်မှ စီးပွားရေးပိတ်ပင် ကန့်သတ် မှုများ အားလုံးကို ရုတ်သိမ်းလိုက်ခြင်းသည် မြန်မာ-အီးယူ ဆက်ဆံရေးကို
 အားပေးရာရောက်သည့် အပြင် ပိုမိုနက်ရှိုင်းကျယ်ပြန့်သော နှစ်ဘက်ပူးပေါင်း ဆောင်ရွက်ခြင်း ကိုပါ
အကျိုးပြုမည်ဟု ဖော်ပြထားကြောင်း သိရှိရသည်။

              
မြန်မာနိုင်ငံ၏ တိုးတက်မှုရှိသောနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို တုံ့ပြန်သောအနေဖြင့်
သာမက မြန်မာအစိုးရအနေဖြင့် ရှေ့လျှောက်ပြုပြင် ပြောင်းလဲမှုများကိုဆက်လက်လုပ်ဆောင်သွားလိမ့်မည်
ဟု မျှော်လင့်ထားသည့် အတွက် လက်နက် ကုန်သွယ်မှု ပိတ်ပင်ထားခြင်းမှလွဲ၍ မြန်မာအပေါ် ချမှတ်
ထားသော ဒဏ်ခတ်အရေးယူမှု မှုများအား အပြီးအပိုင် ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်းကိုဧပြီလ၂၂ ရက်နေ့ ၊Luxembourg မြို့တွင် ကျင်းပ ပြုလုပ်သော ဥရောပသမဂ္ဂ (EU) ၂၇ နိုင်ငံ၏    နိုင်ငံခြားရေးဝန်ကြီးများ
 အစည်းအဝေးတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။





No comments:

Post a Comment