Tuesday, April 23, 2013

ရန်ကုန်ဆိပ်ကမ်းတွင် ဆိပ်ခံ ၁၄ ခု ထပ်မံတည်ဆောက်ရန် မြန်မာစီစဉ်


(Bernama News မှ 22 April 2013 ရက်စွဲပါ Myanmar to build 14 more jetties at Yangon Port သတင်းကို ဘာသာပြန်ဆိုသည်)

          မြန်မာဆိပ်ကမ်းအာဏာပိုင်အဖွဲ့သည် ကုန်စည်ဝန်ဆောင်မှုကို နှစ်ဆတိုးမြှင့်ကိုင်တွယ်ရန်အတွက် လက်ရှိ ဆိပ်ခံတံတား ၁၈ ခု အပြင် နောက်ထပ် ဆိပ်ခံတံတား ၁၄ ခု ထပ်မံတည်ဆောက်တော့မည်ဟု တရားဝင်သတင်းများကို ကိုးကား၍ Xinhua က ဖော်ပြထားသည်။
     အစိုးရ၏ ဆိပ်ကမ်းဖွံ့ဖြိုးရေးစီမံကိန်းအရ တည်ဆောက်မည့် ဆိပ်ခံ ၁၄ ခုအနက် ၇ ခုကိုဖက်စပ်
ဖြစ်စေ၊ နိုင်ငံခြားအထောက်အပံ့နှင့် ဖြစ်စေ တည်ဆောက်ရန် စီစဉ်နေသည်ဟု ပို့ဆောင်ရေးဝန်ကြီး
 ဦးဥာဏ်ထွန်းအောင်က ပြောသည်။
    ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်ကျောက်ဖြူရေနက်ဆိပ်ကမ်းတို့ စတင်လည်ပတ်ပြီးနောက်တွင် အရှေ့တောင်အာရှ၌ မြန်မာဆိပ်ကမ်းများ ပိုမိုအရေးပါလာလိမ့်မည်ဟု ဦးဥာဏ်ထွန်းအောင်က ဆိုပါသည်။
ရန်ကုန်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်လုပ်ငန်း၏ ၈၅ % ကို ကိုင်တွယ်လျှက်ရှိရာ ဆိပ်ခံတည်ဆောက်မှု ၂၅ % ကို အစိုးရက တာဝန်ယူမည်ဖြစ်ပြီး ကျန် ၇၅ % ကို ပုဂလိက ကုမဏီများက တာဝန်ယူကြမည်ဟု သိရှိရသည်။
             မြန်မာအာဏာပိုင်များသည် ရန်ကုန်ဆိပ်ကမ်းမှ ဆိပ်ခံတံတားများအား မကြာသေးမီက ပုဂလိက
ပိုင် ပြုလုပ်ရာတွင် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်သို့ ကျပ်ငွေ ၃၀ ဘီလီယံ ( ဒေါ်လာ ၃၄.၈၉ သန်း) ဖြင့် ရောင်းချထားပြီးဖြစ်သည်။
            ပုဂလိကပိုင်ပြုလုပ်ခဲ့သော ဗိုလ်အောင်ကျော်ဆိပ်ကမ်းသည် ၄.၇၃ ဟက်တာ ကျယ်ဝန်းပြီး စား
အုန်းဆီနှင့် အထွေထွေကုန်စည် ကွန်တိန်နာများ ကိုင်တွယ်လျှက်ရှိသော အဓိကဆိပ်ခံ ၅ ခုအနက်မှ တစ်ခုဖြစ်သည်ဟု သိရှိရသည်။

No comments:

Post a Comment