Tuesday, April 23, 2013

အိုင်တီနှင့် စိုက်ပျိုးရေးကဏ္ဍတွင် မြန်မာကို အိန္ဒိယကူညီမည်


(Hindustan Times မှ 22 April 2013 ရက်စွဲပါ “India to help Myanmar in IT and farm sector”သတင်းကို ဘာသာပြန်ဆိုသည်) 

 အိန္ဒိယနိုင်ငံသည်၎င်း၏တစ်ခုတည်းသောအရှေ့တောင်အာရှအိမ်နီးချင်း မြန်မာနိုင်ငံ၏စွမ်းရည်တည်ဆောက်
ခြင်း (Capacity Building) လုပ်ငန်းတွင် အစွမ်းကုန် ပါဝင်ကြိုးပမ်းတော့မည်ဖြစ်သည်။ သတင်းနည်းပညာ IT ကျွမ်းကျင်မှုအဆင့် တိုးတက်ရေးနှင့် လယ်ယာစိုက်ပျိုးရေးတို့သည် အိန္ဒိယနိုင်ငံက ဦးစားပေးရည်မှန်း
ထားသော သော့ချက်နယ်ပယ်များဖြစ်သည်။အိန္ဒိယ၏ အားထုတ်မှုများမှာ Myanmar Institute of 
Information Technology (MIIT) တည်ထောင်ရာတွင်လည်း ပါဝင်လျှက်ရှိသည်။အလားတူပါဝင်
နေသော လုပ်ငန်းတစ်ခုမှာ ကျွမ်းကျင်မှုအဆင့် တိုးတက်ရေးဖြစ်ပြီး ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ အကြံပေး အမ်အက်စ်စွမ်မီနာသန်က ဦးဆောင်နေသည်။ နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်နေသည့် နောက်ထပ်
ကဏ္ဍတစ်ခုမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် Cardamom ဟင်းခတ်အမွှေးအကြိုင် စိုက်ပျိုးထုတ်လုပ်ရေးပင် ဖြစ်သည်။
           မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဂေါဒန်မူခိုပါဒရေသည် capacity building စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် အခြားသူများထက် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။
မူခိုပါဒရေသည် မြန်မာနိုင်ငံသို့ မဟာဗျူဟာမြောက် အရေးကြီးသော တာဝန်ခန့်အပ်ခြင်းမခံရမီ အာဖဂန်နစ္စတန်တွင် အလွန်အောင်မြင်သော မှတ်တမ်းရှိခဲ့သူ ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဒီမ်ုကရေစီသို့ ဦးတည်ကာ လမ်းလျှောက်သင်စခြေလှမ်းများဖြင့် ရွေ့နေပြီး အိန္ဒိယနိုင်ငံက များများစားစား ရင်းနှီးမြှုပ်နှံနေသည့် ယခုလိုအရေးပါသော အခြေအနေမျိုးတွင် မူခိုပါဒရေက အရေးကြီးသော တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။
           ကျွမ်းကျင်မှုအဆင့်မြှင့်တင်ရေးသည် အိန္ဒိယ-မြန်မာ ဆက်ဆံရေးတွင် အရေးကြီးသောနေရာ၌ ပါဝင်နေသည်။ယခုအခါ India-Myanmar Industrial Training Center ကို ပခုက္ကူမြို့တွင် ထူထောင်ဖွင့်လှစ်ထားပြီး မြင်းခြံမြို့တွင် ဒုတိယစင်တာဖွင့်ရန် စီစဉ်ထားသည်။
အိန္ဒိယက စတင်အကူအညီပေးနေသော အခြားကဏ္ဍ အစီအစဉ်များမှာ Myanmar-India Center of English Language (MICELT)၊ Myanmar-India Entrepreneurship Development Center (MIEDC)၊ India-Myanmar Center for Enhancement of IT Skills (IMCEITS) တို့ဖြစ်သည်။

No comments:

Post a Comment