ပြည်တွင်းရှိ နိုင်ငံရေးပါတီများဆက်လက်ရပ်တည် နိုင်ရေးအတွက်
နိုင်ငံတော်မှပါတီရန်ပုံငွေ ထောက်ပံ့ပေးရန် ကရင် ပြည်သူ့ပါတီမှ
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ တင်ပြထားကြောင်း အဆိုပါပါတီမှ
တာဝန်ရှိ သူတစ်ဦး ၏ပြောကြား ချက်အရ သိရသည်။
လက်ရှိအချိန်တွင်
ပြည်တွင်းနိုင်ငံရေး ပါတီများအနေဖြင့် ဆက်လက်ရပ်တည်နိုင်ရန် ပါတီရန်ပုံငွေ
အခက်အခဲများ ရှိသည့်အတွက် မြို့နယ်အဆင့်၊ ကျေးရွာအဆင့်များတွင်
ကော်မတီများဖွဲ့စည်း၍ ပါတီရန်ပုံငွေရရှိရေး ဆောင်ရွက်လျက် ရှိသည့်အပြင်
ပါတီပိုင် စီးပွားရေးလုပ်ငန်းများလုပ်ကို င်၍ ရန်ပုံငွေရှာဖွေရလျက်ရှိကြောင်း သိရသည်။
ထို့ပြင်
ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်လည်း ပြည်တွင်းနိုင်ငံရေး ပါတီများအနေဖြင့်
ပြည်ပအထောက်အပံ့ ရယူခြင်းကို တားမြစ်ထားသည့်အတွက် ပါတီများအနေဖြင့်
လွတ်လပ်၍ သိက္ခာရှိစွာရပ်တည်နိုင်ရန် နိုင်ငံတော်မှ ပါတီရန်ပုံငွေထောက်ပံ့
ရန်နှင့် စီးပွားရေးလုပ်ငန်း တစ်ခုခုစီစဉ်ပေးရန် တင်ပြထားကြောင်း သိရသည်။
လက်ရှိအချိန်တွင်
ပြည်တွင်းရှိ နိုင်ငံရေးပါတီအချို့ သည်လာမည့် ၂၀၁၅
ရွေးကောက်ပွဲ အနိုင်ရရှိရေး အတွက် ပြင်ဆင် ဆောင်ရွက်မှုကို
လုပ်ဆောင်လျက်ရှိသော်လည်း ပါတီရန်ပုံငွေ နည်းပါးမှုများကြောင့် ပါတီမဲဆွယ်မှု
ထိထိရောက်ရောက် လုပ် ကိုင်နိုင်ခြင်း မရှိသေးကြောင်း ကရင်ပြည်သူ့ပါတီမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့တွင် နေပြည်တော်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ င်နှင့်
ပြည်တွင်းနိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်များမှ
ပုဂ္ဂိုလ်တို့သည် နောင်လာမည့် ရွေးကောက်ပွဲများတွင် PR
စနစ်ကျင့်သုံးနိုင်ရေး အတွက် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ေ ကြာင်း သိရသည်။
No comments:
Post a Comment