Friday, April 26, 2013

တပတ်အတွင်း စီးပွားရေး


တပတ်အတွင်း စီးပွားရေးသတင်းများကို စာဖတ်သူများသိစေရန်အလို့ဌာ Yangon Chronicle မှ စုစည်းတင်ပြ အပ်ပါသည်။

သတင်းအဖွဲ့
(၁) အီးယူ၏ ဆန်ရှင်ရုတ်သိမ်းမှု
         ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးကန့်သတ်ချက်ပိတ်ဆို့မှုအားလုံးကို ရုတ်သိမ်း လိုက်ခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးကို တိုးတက်မှုကို များစွာအထောက်အကူပြုနိုင်ကြောင်း
 ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့သည်။ ၂၀၁၃ ခုနှစ်မှ စတင်ကာ အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့သော အီးယူ၏ စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည်ရုတ်သိမ်းလိုက်
ခြင်းကြောင့် ပြည်တွင်းမှ ထုတ်ကုန်များကို ဥရောပနိုင်ငံများသို့ လွတ်လပ်စွာတင်ပို့နိုင်မည်ဖြစ်သည့်အပြင် ၎င်းတို့သတ်မှတ်ထားသော မြန်မာနိုင်ငံအပါအဝင် ဆင်းရဲသည့်နိုင်ငံ ၄၂ နိုင်ငံမှ ဥရောပနိုင်ငံများသို့ ကုန်ပစ္စည်းတင်ပို့ရာတွင် အခွန်သုည ရာခိုင်နှုန်းအထိ ကင်းလွတ်ခွင့် Generalized System of Preferences (GSP) လည်း ပြန်လည်ရရှိလာနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

(၂) MIC ၏ ခွင့်ပြုချက်များနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ
                                              Photo Credit By Online
မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဘီယာလုပ်ငန်းအပါဝင် လုပ်ငန်း ၂၂ ခု တွင် ကျပ်သန်း ပေါင်း ၃၈၀,၀၀၀ ကျော်ကို နှစ်လအတွင်း ရင်းနှီးမြှပ်နှံခဲ့ကြောင်း သိရှိရသည်။ MIC ထုတ်ပြန်ချက်များအရကျပ်သန်းပေါင်း၃၈၀၀၀၀ ကျော်မှာ မြန်မာနိုင်ငံသားများရင်းနှီးမြှပ်နှံမှုဥပဒေအရ နိုင်ငံ သားများမှရင်းနှီးမြှပ်နှံခဲ့ ခြင်းဖြစ်ပြီးကုန်ထုတ်လုပ်မှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း၊သတ္တုတွင်းထွက်၊ စက်မှုကဏ္ဍနှင့်အခြားဝန်ဆောင်မှုလုပ်ငန်းများတွင် အများဆုံးမြှပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ဟိုတယ် လုပ်ငန်း တွင် Ayeyawady Resorts And Lodges Co.,Ltd မှ ကျပ်သန်းပေါင်း ၆၀၀၀၀ ကျော်မြှပ်နှံ ခြင်းဖြစ်ပြီး အခြားတစ်ခုမှာ Grand Park Co.,Ltd မှ မန္တလေးတိုင်းဒေသကြီးအတွင်း ဟို တယ်ဆောင်လုပ်မည့် စီမံကိန်းအတွက်ရင်းနှီးမြုပ်နှံခဲ့ခြင်းဖြစ်သည်။
ဘီယာ၊ ကား၊ ဆေးဝါး နှင့် ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်းများပါဝင်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း ၁၃ ခုတွင်လည်း ကျပ်သန်းပေါင်း ၁၀,၃၈၈၅ ကျော်ဖြင့် ဒုတိယအများဆုံး ရင်းနှီးမြုပ်နှံခဲ့သည်။       ကုန်ထုတ်လုပ်မှုကဏ္ဍတွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် တစ်ခုတည်းမှ ကားထုတ်လုပ်ခြင်းနှင့် တစ်ရက်လျှင် တန် ၁၂၀၀ ကျ ဘိလပ်မြေစက်ရုံ တည်ထောင်သည့်လုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံခွင့်ရရှိခဲ့သည်။
                                       Photo Credit By Online
      
ထို့အပြင် အလုပ်အကိုင် ၂သိန်းကျော် ပေးအပ်နိုင်မည်ဟု ဆိုသော သီလ၀ါအထူးစီးပွားရေး ဇုန်စီမံကိန်းတွင် ဂျပန်၊ ဟောင်ကောင်၊ စင်ကာပူ စသည့် ဒေသတွင်းနိုင်ငံများအပြင် အမေရိကန်၊ အီးယူ စသည့်နိုင်ငံများမှလည်း ၀င်ရောက်ရင်းနှီးမြှပ်နှံကြမည်ဖြစ်သည်။ သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်းအား Class A နှင့် Class B ဟူ၍ အဆင့်နှစ်ဆင့်ခွဲခြားကာ အကောင်ထည် ဖော်သွားမည်ဖြစ်ပြီး စီမံကိန်း Class A တွင် မော်တော်ကားစက်ရုံ၊ အီလက်ထရောနစ်စက်ရုံစသည့် စက်မှုလုပ်ငန်းများ၊ လူနေရပ်ကွက်၊ ကျောင်း၊ ဆေးရုံ၊ အပန်းဖြေဧရိယာစသည်တို့ပါဝင်ပြီး Class B  တွင် အထည်ချုပ်စက်ရုံများ၊ စားသောက်ကုန် ပစ္စည်းစက်ရုံများ ပါဝင်ကာ နိုင်ငံခြားရင်းနှီးမြှပ်နှံသူများကို နှစ် ၅၀ စာချုပ်ဖြင့် မြေဌားရမ်း သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

                                   Photo Credit By Online
ထို့အပြင် စွမ်းအင်ဝန်ကြီးဌာနမှ ကုန်းတွင်းရေနံလုပ်ကွက် ၁၈ ကွက်ကို လုပ်ကိုင်ခွင့် ပဏာမ ရွေးချယ်ရာတွင် သြစတြေးလျကုမ္ပဏီများ အများဆုံး ပါဝင်ကြောင်း သတင်းရရှိသည်။ လျှောက်ထားသော နိုင်ငံများအနက် သြစတြေးလျနိုင်ငံက စုစုပေါင်း ကုမ္ပဏီ ၁၂ ခုဖြင့် ပထမအများဆုံးဖြစ်ပြီး အိန္ဒိယ၊ ဗြိတိန် နိုင်ငံတို့က ပဏာမ ရွေးချယ်သည့် စာရင်းတွင် အခြားနိုင်ငံများထက်ပိုမို များပြားခဲ့ပြီး တင်ဒါခေါ်ယူမှုကို မတ်လ ၁၆ ရက်က စာရင်းပိတ်ခဲ့ပြီး နိုင်ငံတကာကုမ္ပဏီပေါင်း ၉၀ လျှောက်ထားခဲ့ရာမှ ၅၉ ခုကို ပဏာမ ရွေးချယ်ခဲ့ကြောင်း၊ ၅၉ ခုအနက် နည်းပညာမြင့်မားပြီး ငွေကြေးအင်အား တောင့်တင်းခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လိုက်နာသော ကုမ္ပဏီများကို ထပ်မံရွေးချယ်သွား မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

(၃)နယ်စပ်ကုန်သွယ်ရေးကဏ္ဍ
            မြန်မာနိုင်ငံ၏ ဒုတိယကုန်သွယ်မှုအများဆုံး ထိုင်း - မြန်မာနယ်စပ်တစ်လျှောက် နယ်စပ်ကုန်သွယ်မှုစခန်းများ အနက် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ် မကုန်မီတွင် ကျပ်သန်းပေါင်း ၈၆၇၃၊ ရာခိုင်နှုန်းအားဖြင့် ၅၂၂ ဒသမ ၄၈ အထိကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း သိရှိရသည်။ အကြောင်းအမျိုးမျိုး ကြောင့် ကုန်သွယ်ရေးဇုန် ရှောင်ကွင်းလမ်းများမှ တရားမ ဝင်ကုန် သွယ်မှု မြင့်တက်နေသော်လည်း ကုန်သွယ်ရေးဇုန်၏ တရားဝင်ကုန်သွယ်မှုပမာဏမှာ လျာထားချက် ကျပ်သန်းပေါင်း ၁၆၆၀ နှင့်နှိုင်းယှဉ်ကြည့် ပါက ငါးဆကျော်မြင့်တက်ခဲ့ပြီး ကုန်သွယ်ရေးဇုန် ဖွင့်လှစ်သည့် ၁၉၉၇ ခုနှစ်မှ ၁၆ နှစ်တာကာလအတွင်း ကုန်သွယ်မှုပမာဏအမြင့်ဆုံး ကုန်သွယ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

(၄) ပို့ကုန့်ကဏ္ဍ
၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်သစ်တွင် ပထမဆုံးအကြိမ်အဖြစ်ဆန်တန်ချိန်ခြောက်သောင်းကို မေလဆန်းတွင် အာဖရိကဈေးကွက်သို့ တင်ပို့ရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက
 ပြောကြားခဲ့သည်။ တရုတ်နိုင်ငံမှ ဆန်ဝယ်ယူမှုလျော့နည်းသဖြင့် သင်္ကြန်မတိုင်မီတွင် ပြည်တွင်းဆန်
ဈေးမှာ အနည်းငယ်ကျဆင်းခဲ့ပြီး လက်ရှိအချိန်တွင် ဒေသအလိုက်စပါးဈေးမှာ တင်း ၁၀၀ လျှင် ကျပ်သုံးသိန်းမှ သုံးသိန်းခွဲကြား ရှိနေပြီး ယင်းဈေးနှုန်းထက်ကျဆင်းပါက အရန်ဆန် ဝယ်ယူပေး ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဦးစိုးထွန်းက ပြောကြားခဲ့သည်။
 ထို့အပြင် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှာ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂,၄၁၇ သန်းကျော်ရရှိ ခဲ့သည့်အတွက် ပြီခဲ့သည့် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ကြည့်ပါက ဒေါ်လာသန်း ၁၂၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှထုတ်ပြန်ခဲ့သည်။


No comments:

Post a Comment