Saturday, April 27, 2013

အကန့်အသတ်ဖြင့် အမေရိကန်-မြန်မာ စစ်ရေးဆက်ဆံမည်

မြန်မာနိုင်ငံအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများအား အသိအမှတ်ပြုသည့်အနေဖြင့် မြန်မာ-အမေရိကန်နှစ်နိုင်ငံ၏ စစ်ရေးဆက်ဆံမှုများကို အကန့်အသတ်ဖြင့် စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ  ကာကွယ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ဧပြီလ ၂၅ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုသို့ နှစ်နိုင်ငံ အကန့်အသတ်ဖြင့် စစ်ရေးဆက်ဆံမှုများ ပြုလုပ်သွားမည်ဖြစ်သော်လည်း ယခင်မြန်မာ့တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့တပ်မတော်နှင့် ဆက်ဆံရာတွင် စစ်ရေးစစ်ရာ မပာုတ်သည့် ကိစ္စရပ်များအပေါ်တွင်သာ အခြေခံထားမည်ဖြစ်ပြီး အမေရိကန်-မြန်မာ နှစ်နိုင်ငံ၏ စစ်ဘက်ဆက်ဆံရေးနယ်ပယ် ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်နိုင်ရန်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ၏ အောင်မြင်တိုးတက်မှု အပေါ်တွင်သာ မူတည်မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်-မြန်မာ နှစ်နိုင်ငံ၏ စစ်ဘက်ဆက်ဆံရေး ပထမအဆင့်တွင် လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှု ဒုက္ခကူညီရေးနှင့် သဘာဝဘေးဒဏ် လျော့ပါးသက်သာရေး စသည့်နယ်ပယ်များတွင် အကျုံးဝင်သွားမည်ဖြစ်သည့်အပြင် နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှုကို အာရှ-ပစိတ်ဖိတ် လုံခြုံရေးလေ့လာမှု ဗပာိုဌာန၏ လုပ်ငန်းစဉ်များဖြင့် အစပျိုးမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၌ အမေရိကန်နိုင်ငံ နိုင်ငံပေါင်းစုံမှ စစ်တပ်များပါဝင်သော ကမ္ဘာ့အကြီးဆုံးပူးတွဲ စစ်ရေး လေ့ကျင့်မှုတစ်ရပ်ဖြစ်သည့် Cobra Gold တွင် မြန်မာနိုင်ငံအား ပါဝင်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင် ပြသခဲ့သည့်အပြင် နိုင်ငံရေးအကျဉ်းသား အများအပြားကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်   ပြုပေးခဲ့သည့်အတွက   မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ အရေးယူမှုပြုလုပ်ထားသည့် အမေရိကန်နိုင်ငံမှ  ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရ သည်။

No comments:

Post a Comment