Wednesday, April 24, 2013

မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုကို ဖြေရှင်းရန် မြန်မာကို အင်ဒိုနီးရှားသမ္မတ တိုက်တွန်း




(Reuters မှ 23 April 2013 ရက်စွဲပါ Indonesian President urges Myanmar to adress Muslim violence သတင်းကို ဘာသာပြန်ဆိုသည်)

     ကမ္ဘာ့လူသိများ မူဆလင်နိုင်ငံ အင်ဒိုနီးရှား၏ သမ္မတက မူဆလင်များအပေါ် ဗုဒ္ဓဘာသာဝင်များ ဦးဆောင်အကြမ်းဖက်နေမှုကို ဖြေရှင်းရန် မြန်မာအစိုးရကို တိုက်တွန်းမည်ဖြစ်ကြောင်း၊ ထိုအကြမ်းဖက်မှု
သည် ဒေသတွင်းနေရာတကာမှ မူဆလင်များအတွက် ပြဿနာများဖြစ်စေနိုင်ကြောင်း အင်္ဂါနေ့တွင်
 ပြောကြားသည်။

   မူဆလင်ဆန့်ကျင်ရေးဂယက်ကို နှိုးဆွပေးလိုက်သော မိတ္ထီလာမြို့မှ အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ရသည့် အကြမ်းဖက်ဖြစ်စဉ်အပြီး တစ်လခန့်အကြာတွင် ဆူဆီနိုဘမ်ဘန်း ယူဒိုယိုနို၏ မြန်မာ
ခရီးစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

        “တကယ်လို့ ဖြစ်နိုင်သမျှ အကောင်းဆုံးနည်းလမ်းနဲ့ မဖြေရှင်းဘူးဆိုရင် အကျိုးဆက်က မြန်မာနိုင်
ငံအတွက် မကောင်းသလို မူဆလင်လူများစုနေထိုင်တဲ့ အင်ဒိုနီးရှားအတွက်လည်း ကောင်းမှာမဟုတ်ဘူး”
ဟု စင်္ကာပူတွင်ပြုလုပ်သော Thomson Reuters Newsmaker event တွင် ယူဒိုယိုနိုက ပြောကြားသည်။

          အခြေအနေဆိုးသော မိတ္ထီလာနှင့် အလယ်ပိုင်းမြို့များတွင် အာဏာပိုင်များက မာရှယ်လောထုတ်
ပြန်ကာ တပ်ဖြန့်ထားသဖြင့် ယခုအခါ အခြေအနေပြန်လည်ငြိမ်သက်လာပြီဖြစ်သည်။ ၎င်းဖြစ်ရပ်များတွင် အကြမ်းဖက်မှုများကို ရဲတပ်ဖွဲ့က လျစ်လျူရှုထားခဲ့ရာ စနစ်တကျ စီစဉ်ထားခြင်းဖြစ်ကြောင်းကို Reuters သတင်းဌာန၏ လေ့လာဆန်းစစ်မှုများက ပြသနေသည်။

     “ဒီပြဿနာကို မြန်မာနိုင်ငံက တွေးတွေးဆဆဆီလျော်မှန်ကန်စွာ ဖြေရှင်းပြီး တင်းမာမှုတွေကို တားဆီးလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံကို ကူညီဖို့ အင်ဒိုနီးရှားက အဆင်သင့်ရှိနေပါတယ်” ဟု ယူဒိုယိုနိုကဆိုပါသည်။

            အင်ဒိုသမ္မတသည် မြန်မာခရီးစဉ်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ဆန်စပါး
ကုန်သွယ်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း၊ HRW က လူမျိုးတုန်းသန့်စင်
မှုဟု တနင်္လာနေ့ အစီရင်ခံစာတွင် စွပ်စွဲထားသော မနှစ်က အကြမ်းဖက်အဓိကရုဏ်း ဖြစ်ပွားရာ ရခိုင်ပြည်
နယ်သို့လည်း သွားရောက်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

         “မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ လူမျိုးရေးတင်းမာမှုလိုမျိုး အခြားစိန်ခေါ်မှုတွေလည်း ရှိနေပါတယ်”ဟု ယူဒိုယိုနိုက ပြောကြားသည်။မနှစ်က ရခိုင်ပြည်နယ်က အဓိကရုဏ်းတွင် အနည်းဆုံး လူ ၁၁၀ ခန့် သေဆုံးခဲ့ရပြီး လူပေါင်း ၁၂၀,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ 

        ရိုဟင်ဂျာများက မြန်မာနိုင်ငံတွင် သူတို့နေထိုင်ခဲ့သည်မှာ ရာစုနှစ်ချီနေပြီဟု စောဒကတက်ကြသော်
လည်း မြန်မာအစိုးရက ရခိုင်ပြည်နယ်မှ ခန့်မှန်းခြေ ရိုဟင်ဂျာ ၈၀၀,၀၀၀ ခန့်ကို ဘင်္ဂလားဒေ့ရှ်မှ တရားမ
ဝင် ရွှေ့ပြောင်းလာသူများဟု သတ်မှတ်ထားကာ နိုင်ငံသားခံယူခွင့်ကို ပယ်ချထားသည်။

      ဘင်္ဂလားဒေ့ရှ်ကလည်း ၁၉၉၂ နောက်ပိုင်းတွင် ရိုဟင်ဂျာများကို ဒုက္ခသည်အဆင့်အတန်းပေးရန် ငြင်း
ဆန်ခဲ့သည်။

      မနှစ်က အကြမ်းဖက်အဓိကရုဏ်းကြောင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာထောင်ပေါင်းများစွာသည် စက်လှေများဖြင့် ပင်လယ်ဖြတ်ကူးကာ အင်ဒိုနီးရှားအပါအဝင် အရှေ့တောင်အာရှနိုင်ငံများသို့ ဦးတည်ထွက်ပြေးလျှက်ရှိသည်။ ထိုအကျိုးဆက်ကြောင့် ပြီးခဲ့သောလက အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် မြန်မာနှင့် ရိုဟင်ဂျာများ အငြင်းပွားသတ်ဖြတ်မှုဖြစ်ပွားခဲ့ရသည်။

   ယူဒိုယိုနိုက “အင်ဒိုနီးရှားသည် မြန်မာခေါင်းဆောင်များနှင့် အမြဲထိတွေ့ဆက်ဆံခဲ့သော သမိုင်းကြောင်းရှိခဲ့ကြောင်း၊ မြန်မာတို့၏ ဒီမိုကရေစီ ကူးပြောင်းရေးလုပ်ငန်းစဉ်ကိုလည်း ဆက်လက်လုပ်
ဆောင်ရန် အားပေးနေကြောင်း၊ သို့ဆိုပါက အရေးယူပိတ်ဆို့မှုများကြောင့် နိုင်ငံထိခိုက်နစ်နာရန် မရှိ
တော့ကြာင်း” ဆက်လက်ပြောကြားခဲ့သည်။

        မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်က စစ်အုပ်ချုပ်ရေးအဆုံးသတ်ပြီးနောက်ပိုင်း ဒီမိုကရေစီပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် ဥရောပသမဂ္ဂ အိးယူကလည်း အရေးယူပိတ်ဆို့မှုများကို တနင်္လာနေ့
က ရုတ်သိမ်းပေးလိုက်ပြီဖြစ်သည်။

          “အခုအချိန်မှာ ပြောင်းလဲသွားပြီဖြစ်တဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့ခေါင်းဆောင်တွေ များစွာလာရောက်
လည်ပတ်နေကြပါပြီ။ ကျွန်တော်လည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းရေး၊ နိုင်ငံတည်ဆောက်ရေး၊ ဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးလေးစားရေးလုပ်ငန်းစဉ်တွေကို ထောက်ခံအားပေးဖို့အတွက် မြန်မာနိုင်ငံ
ကို ဒီကနေ့သွားမှာပါ”ဟု အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနိုက ပြောကြားသွားသည်။

No comments:

Post a Comment