Wednesday, April 24, 2013

အမေရိကန်က မြန်မာနိုင်ငံမှ သွင်းကုန်များအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ပြုရန် စီစဉ်နေ






(23 April 2013 ရက်စွဲပါ Hartford Courant မှ Reuters ၏ U.S could waive duties on imports from Myanmar ကို ဘာသာပြန်ပါသည်)



         အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံမှ သွင်းကုန် အမယ်ပေါင်းများစွာအပေါ် သွင်းကုန်အပေါ် အခွန်ကောက်ခံမှု ရပ်ဆိုင်းရေးအတွက် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုဆက်ဆံရေးကို ပြန်လည်သုံးသပ်လျှက် ရှိပါသည်။ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ် ခေတ္တတာဝန်ယူထားသူ Demetrios Marantis သည် ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။

        ပြီးခဲ့သည့်အပတ်က Marantis ၏ အာရှခရီးစဉ် မစတင်မီကလေးတွင်ပင် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးသည် ပြန်လည်သုံးသပ်မှုကို စတင်ခဲ့ရာ မြန်မာနှင့်လာအိုကို GSP (Generalized System of Preferences) စနစ်တွင် ထည်သွင်းရန် ပါဝင်ခဲ့သည်။ GSP စနစ်တွင် နိုင်ငံပေါင်း ၁၂၈ နိုင်ငံနှင့် နယ်မြေများမှ ပစ္စည်းအမျိုးအမည် ၅၀၀၀ ခန့် အခွန်ကင်းလွတ်ခွင့် ရရှိကြသည်။

          Marantis သည် ရန်ကုန်နှင့် နေပြည်တော်တွင် အစိုးရတာဝန်ရှိသူများနှင့်လည်းကောင်း၊ စီးပွားရေး
ဦးဆောင်ပုဂ္ဂိုလ်များနှင့်လည်းကောင်း တွေ့ဆုံမည်ဖြစ်ပါသည်။ 

          ယခုပြန်လည်သုံးသပ်ခြင်းသည် မြန်မာခေါင်းဆောင်များ၏ အလုပ်အကိုင်ဖန်တီးပေးမှုတွင် အိုဘား
မားအစိုးရမှ ကူညီရန် ကြိုးပမ်းမှု၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ 

        အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများအပေါ်ကာလကြာ
ရှည်က ချမှတ်ထားသော စီးပွားရေးအရ အရေးပါမှုများ ဖယ်ရှားခြင်း၊ မြန်မာနိုင်ငံမှ သွင်းကုန်များ ပိတ်ပင်
ထားမှုကို ဖြေလျော့ပေးခြင်းဖြင့် ဆုလဒ်များပေးခဲ့ပြီးဖြစ်ပါသည်။

       နှစ်ဖက်သောအစိုးရများသည် မကြာသေးမီက GSP အစီအစဉ်နှင့်ပတ်သက်၍ စိတ်ဝင်စားမှုရှိကြောင်း
 ပြသခဲ့ကြပြီးဖြစ်သည်ဟု အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့က ဖက်ဒရယ်မှတ်ပုံတင်နို့တစ်စာ
တွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။ အဆိုပါနို့တစ်စာသည် ပြည်သူများမှတ်ချက်ပေးရန် တောင်းခံထားပြီး ဇွန်
လအစောပိုင်းတွင် ကြားနာမှုပြုလုပ်ရန် စီစဉ်ထားပါသည်။

       အမေရိကန်ပြည်ထောင်စုသည် သွင်းကုန်ပိတ်ပင်မှုများ မပြုလုပ်မီ ၂၀၀၃ ခုနှစ်က မြန်မာနိုင်ငံမှ အဝတ်အထည်အပါအဝင် အခြားပစ္စည်း ဒေါ်လာ ၂၇၅ သန်းဖိုး တင်သွင်းခဲ့ပါသည်။ ကန့်သတ်မှုများ ဖယ်ရှားခဲ့ပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီလက ဒေါ်လာတစ်သိန်းနှင့် ဖေဖော်ဝါရီလက ဒေါ်လာနှစ်သိန်းဖိုး စတင် တင်သွင်းခဲ့ပါသည်။


No comments:

Post a Comment