Wednesday, April 24, 2013

မြန်မာနိုင်ငံတွင် အခွန်ရှောင်တိမ်းခွင့် ရရှိထားသောကုမ္ပဏီ လုံးဝမရှိတော့ဟုဆို


          အစိုးရသို့ အခွန်ထမ်းဆောင်ရာတွင် တရားဝင်အခွန်တိမ်းရှောင်ခွင့် ရရှိထားသည့် ကုမဏီများ ယခင်ကရှိခဲ့သော်လည်း ယခုအခါ လုံးဝမရှိတော့ကြောင်း ပြည်တွင်းအခွန်ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားခဲ့သည်။

            ပြီးခဲ့သည့် ဧပြီလ ၉ ရက်က ကုန်သည်စက်မှုလက်မှုအသင်းချုပ်ရုံး၌ကျင်းပပြုလုပ်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်အများ
စုနှင့် ပြည်သူ့   လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့၏ တွေ့ဆုံပွဲတွင်   ပြေကြားခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်အချို့ အခွန်တိမ်း
ရှောင်ခွင့် ရရှိထားသည့်အပြင် အခွန်ကင်းလွတ်လျက်ရှိသော ကုမဏီများလည်းရှိနေသည်ဆိုခြင်းကို ပြည်တွင်း အခွန်များ ဦးစီး
ဌာနမှ ယခုကဲ့သို့ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

         ယခင်က တပ်မတော်ရှိကြီးများ ပိုင်ဆိုင်သည်ဆိုသော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ကုမဏီကို ၂၀၁၅ ခုနှစ်မှ စတင်၍ ကုန်သွယ်လုပ်ငန်းခွန်နှင့်    ပတ်သက်ပြီး တရားဝင်အကောင်ခွန်   ကင်းလွတ်ခွင့်ပေးခဲ့သော်လည်း ယခုအရပ်သား အစိုးရသစ်
လက်ထက် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ ဦးပိုင်ကုမ္ပဏီအား အခြားစီးပွားရေးလုပ်ငန်းရှင်များနည်းတူ ပြန်လည် 
အခွန်ထမ်းဆောင်စေခဲ့သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနညွှန်ကြားရေးမှူးတစ်ဦးမှ ပြောကြားခဲ့သည်။

      ထိုကဲ့သို့ တန်းတူညီမျှအခွန်ဆောင်ရန် သတ်မှတ်လိုက်ခြင်းအားဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း မျှတစွာ ယှဉ်ပြိုင်နိုင်မည်ဖြစ်သကဲ့သို့ ဒေသတွင်းကုန်ထုတ်စွမ်းအားနှင့် အရည်အသွေးများလည်း တိုးတက်မြင့်မား လာနိုင်မည်
ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

          ထို့ပြင် လက်ရှိအသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများတွင် ကောက်ခံ
 နေသော အခွန်နှုန်းထားများမှာ ခေတ်စနစ်နှင့်ကိုက်ညီခြင်းမရှိဘဲ နှုန်းထားများကြီးမြင့်နေခြင်း၊ ကောက်ခံသည့် ပုံစံမမျှတခြင်း
များ ဖြစ်ပေါ်လျက်ရှိသည့်အတွက် လာမည့် ၂၀၁၄ ခုနှစ်တွင်ပေါ်ပေါက်လာမည့် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုစနစ်
(AEC)တွင် ပြည်ပလုပ်ငန်းရှင်များအနေဖြင့် ယှဉ်ပြိုင်ရန် အခက်အခဲရှိမည်ဖြစ်ကြောင်း စက်မှုလက်မှု ကုန်သည်များ အသင်း
ချုပ်မှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

           အခွန်ကောက်ခံမှုစနစ်နှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မျှမျှတတစဉ်းစားပေးရန်လိုအပ်ပြီး နိုင်ငံ
သားတိုင်းသည်လည်း အကောက်အခွန်ဆိုသည်မှာ မိမိတို့အတွက် ကောက်ခံနေခြင်းဖြစ်သည်ကို သိရှိရန် လိုအပ်ကာ အစိုးရ
အနေဖြင့်လည်း အကောက်အခွန်များကို ပွင့်လင်းမြင်သာမှုရှိစွာ ကောက်ခံသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ
 ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် တိုက်တွန်းပြောကြား
ခဲ့ကြောင်း သိရှိရသည်။

          နှစ်အလိုက်ပြည်တွင်းအခွန်ဦးစီးဌာနမှ အခွန်ကောက်ခံရရှိမှုသည် ၂၀၁၁ - ၂၀၁၂ ခုနှစ် ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁၅၀,၀၀၀ ကျော်ရရှိခဲ့ပြီး ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၂၅၀၀,၀၀၀ နီးပါးရရှိခဲ့ကြောင်း ပြည်တွင်းအခွန်ဦးစီး
ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

No comments:

Post a Comment