Thursday, April 25, 2013

ထားဝယ်စီမံကိန်းနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ်ယင်လတ်တို့ ထပ်မံဆွေးနွေးမှုများပြုလုပ်မည်


          

          မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တည်ဆောက်ရေးစီမံကိန်းများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှီနာဝပ်ထရာတို့မှ လာမည့် မေလ ၂ ရက်နေ့တွင် ဘရူနိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိသည့် အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတက်ရောက်စဉ် ၎င်းတို့နှစ်ဦး သီးသန့်တွေ့ဆုံ သွားမည်ဖြစ်ကြောင်း The Nation သတင်းဌာနဖော်ပြချက်အရ သိရသည်။

     ထိုသို့ ဆွေးနွေးရာတွင် ထားဝယ်စီမံကိန်း အကောင်အထည်ဖော်မှု နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို ထည့်သွင်းဆွေးနွေး
သွားမည်ဖြစ်ကြောင်း သိရသည်။ရခိုင်ပြည်နယ်အတွင်း တည်ဆောက်လျက်ရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ဆိပ်ကမ်းတစ်ခု၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အခြားစက်ရုံများပါဝင်မည်ဖြစ်သည့်အပြင် အဆိုပါနေရနက်ဆိပ်ကမ်း
သို့သွားရောက်ရန် ထားဝယ်မှ ထိုင်းနိုင်ငံနယ်စပ်ကိုဖြတ်ကာ   ဘန်ကောက်မြို့သို့ဆက်သွယ်ထားမည့် အဝေးပြေး  လမ်းမ
ကြီးတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

            ထိုင်းနိုင်ငံအခြေစိုက် အီတာလျံထိုင်းကုမ္ပဏီမှတာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ထားဝယ်ရေ
နက်ဆိပ်ကမ်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့်   ကုမ္ပဏီအကြား 
အကြိမ်ကြိမ်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ထိုင်းအစိုးရမှလည်း အဆိုပါကုမ္ပဏီအား ငွေကြေးထောက်ပံ့မှုများပင်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
            ထို့ပြင် ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ်ပောာင်း သက်ဆင်ရှင်နာဝပ်မှ မြန်မာနိုင်ငံသို့လာရောက်၍ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသို့သွားရောက်လေ့လာ၍ ထားဝဝ်ရေနက်ဆိပ်ကမ်းစီမံကိန်း ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment