Thursday, April 25, 2013

သွင်းကုန်လိုင်စင်ရရှိရန် ပို့ကုန်ရငွေသွင်းကုန် အကျိုးခံစားခွင့်(Earning) ပြသရန် မလိုအပ်တော့


   

    ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ သွင်းကုန်လိုင်စင်ရရှိရန် ယခင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တင်ပြရသော ပို့ကုန်ရငွေစိစစ်သော ပို့ကုန်ရငွေသွင်းကုန်အကျိုးခံစားခွင့်(Earning)ကိုတင်ပြရန် မလိုအပ်တော့ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနက ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။


      ယခင် လုပ်ငန်းရှင်များအနေဖြင့် သွင်းကုန်လိုင်စင်ရရှိရေးရေးအတွက် စီးပွား/ကူးသန်းဝန်ကြီးဌာနသို့ ပြသရသည့် (Earning)မရှိသည့်အတွက် Earning ရှိသည့် လုပ်ငန်းရှင်ထံမှ ပြန်လည်ဝယ်ယူခဲ့ရသော်လည်း ယခုကဲ့သို့ ဖြေလျော့လိုက်သည့်
အတွက်  လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများကို အချိန်ကုန်သက်သာစွာဖြင့် ပိုမိုလွတ်လပ်စွာ  တင်သွင်းနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

       ထိုသို့ ပို့ကုန်ရငွေသွင်းကုန်အကျိုးခံစားခွင့်(Earning)ကို တင်ပြရန်မလိုအပ်တော့သည့်အတွက် ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှု ပြုလုပ်သူများအနေဖြင့် တင်သွင်းလာသည့်ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ချီသည့် အချိန်
တွင် ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများသုံးစွဲနိုင်ရန် ဖြန့်ချီပေးနိုင်တော့မည်ဖြစ်ကြောင်း Blue Export & Inport ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

            ထိုသို့ Earning မလိုအပ်ဘဲ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် တရားဝင်
ကုန်သွယ်ရေးလမ်းကြောင်းများတွင်ပါ အသုံးပြုနိုင်မည်ဖြစ်သကဲ့သို့ ကုန်သွယ်ရေးအခွန်အခများကိုလည်း ကျပ်ငွေဖြင့်သာ
ထမ်းဆောင်နိုင်မည်ဖြစ်ပြီး ကုန်သွယ်မှုလုပ်ငန်းများတွင်လည်း အချိန်ကုန်၊ ကုန်ကျစရိတ်သက်သာစွာဖြင့် ဆောင်ရွက်နိုင်တော့
မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment