Thursday, April 25, 2013

တပ်မတော်နှင့် SSA တို့၏တိုက်ပွဲတွင် လူ့အခွင့်ရေးချိုးဖောက်မှုများရှိနေ


      လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း၌ အစိုးရတပ်မတော်အနေဖြင့် ရှမ်းတပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားရာတွင် လူ့အခွင့်
အရေးချိုးဖောက်မှုများပြုလုပ်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ဧပြီလ ၂၂ ရက်နေ့တွင် သဘောထားကြေညာချက်တစ်
စောင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

        အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် သင်္ကြန်ကာလအတွင်း တပ်မတော်နှင့် ရှမ်းပြည်မြောက်ပိုင်းတပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားရာတွင် တပ်မတော်မှရှမ်းတပ်များအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရုံမျှမက ဒေသခံရွာနှစ်ရွာအား
 လက်နက်ကြီးများဖြင့်ပစ်ချခဲ့သည့်အတွက် ဒေသခံကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် စာသင်ကျောင်းများနှင့် လူနေ
အိမ်အချို့မှာလည်း မြန်မာစစ်တပ်၏ဖျက်ဆီးခြင်းခံခဲ့ရသည့်အပြင် ရွာ(၉)ရွာရှိ ရွာသားများ၊ သက်ကြီးရွယ်အိုများနှင့် ကလေး
ငယ်များကိုလည်း ဖမ်းဆီးရိုက်နှက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

          ထို့ပြင် သင်္ကြန်တွင်းရေထွက်ကစားခဲ့ကြသည့် အမျိုးသား၊ အမျိုးသမီး ၅၀ ဦးကိုလည်း တပ်မတော်မှ ထိန်းချုပ်မှုများပြု
လုပ်၍ အစိုးရတပ်မတော်အကာအကွယ်အဖြစ် ရှမ်းစစ်တပ်၏ တိုက်ခိုက်မှုများအား ကာကွယ်ရန် ရှေ့တန်းစစ်မျက်နှာပြင်တွင် လမ်းလျှောက်ခိုင်းမှုများပြုလုပ်ခဲ့သည့်အပြင် ရွာသားများထွက်ပြေးရန် အသုံးပြုသည့်ယာဉ်များကိုလည်း    မီးရှို့ဖျက်ဆီးမှု
များပြုလုပ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

      လက်ရှိအချိန်တွင် တပ်မတော်နှင့် ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့(SSA)တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ၆၀၀ ကျော်မှာ တန့်ယန်းမြို့ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံလျက်ရှိပြီး အစားအသောက်နှင့်  နေထိုင်ရေး
အကူအညီများ အထူးလိုအပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ တပ်မတော်၏လူ့အခွင့် အရေးချိုးဖောက်မှုများအတွက်
 နိုင်ငံတော်သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရအဖွဲ့အတွင်းရှိ တာဝန်ရှိသူများအနေဖြင့် တာဝန်ယူရမည်ဖြစ်ကြောင်း ကြေညာ
ချက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။

     အစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တို့သည် ပြီးခဲ့သည့် ၂၀၁၂ အောက်တို
ဘာလ ၁၀ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့၌ ငြိမ်းချမ်းရေးတွေ့ဆုံညှိနှိုင်းမှုများကို ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုအဆင့်ငြိမ်း
ချမ်းရေး သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သော်လည်း သင်္ကြန်မတိုင်မီကာလအတွင်းမှစတင်၍ အောက်ခြေအဆင့်အထင်
အမြင်လွဲမှားမှုများကြောင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment