Thursday, April 25, 2013

မြန်မာနိုင်ငံမှ အကျဉ်းသားများလွှတ်ပေးခြင်းကိုအေ မရိကန်ကြိုဆို

(m.apa.az မှ 24 April 2013 ရက်စွဲပါ U.S welcomes Myanmar’s release of
prisonersသတင်းကိုဘာသာပြန်ဆိုသည်)

           အမေရိကန်အစိုးရက မြန်မာနိုင်ငံ၏ အကျဉ်းသား ၉၀ ကျော်ကိုသမ္မတ၏ လွတ်ငြိမ်းချမ်းသာ
ခွင့်အမိန့်ဖြင့်လွှတ်ပေးခဲ့ခြင်းအားကြိုဆိုပါသည်ဟုပြောရေးဆိုခွင့်ရှိသူတစ်ဦးကအင်္ဂါနေ့ကပြောကြား
ခဲ့ကြောင်းXinhua တွင် ဖော်ပြထားသော  သတင်းကိုကိုးကား၍ APA  ကသတင်းဖေါ်ပြပါသည်။

          “မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား ၅၀ လောက်အပါအဝင်အကျဉ်းသား ၉၃ ယောက်ကျော်
ကိုဒီနေ့ လွှတ်ပေးတဲ့ ကြေညာချက်ထုတ်ပြန်တာကို ကျွန်တော်တို့သဘောတူထောက်ခံပါတယ်” ဟုနိုင်
ငံခြားရေး ဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူPatrick Ventrell က သတင်းထုတ်ပြန်ရှင်းလင်းပွဲပြုလုပ်ရာ
တွင် ပြောကြား ခဲ့သည်။

          “ဒါကြောင့် ကျွန်တော်တို့အနေနဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးဖို့ကို ကြိုဆိုတယ်။ အားပေးတယ်။ဒါပေမယ့် ဒီနေ့ လွှတ်တဲ့ အယောက် ၅၀ လောက်ကိုလည်းကျွန်တော်တို့
မှတ်တမ်းတင်ထားပါတယ်”ဟု ၎င်းက သတင်းထောက်များအားပြောကြားသည်။

           အကျဉ်းသားများလွှတ်ပေးခြင်းသည် မြန်မာ့နှစ်သစ်ကူးအပြီးတစ်ပတ်အကြာတွင်ခွင့်ပြုပေးခဲ့
ခြင်းဖြစ်ပြီး နိုင်ငံခြားသား သုံးယောက်နှင့်နိုင်ငံရေးအကျဉ်းသားများလည်းပါဝင်သည်ဟုအရှေ့တောင်
အာရှနိုင်ငံမှ မီဒီယာတင်ပြချက်များအရသိရသည်။

          တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးအဓွန့်ရှည်တည်တံ့စေရေး၊ အမျိုးသားပြန်လည်ရင်
ကြားစေ့ရေး၊နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွင်အားလုံးပါဝင်နိုင်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင်
လွတ်မြောက် လာသောအကျဉ်းသားများ၏ ကောင်းမွန်သော မျှဝေခြင်းများ ပြုလုပ်လာနိုင်ရေးတို့
သေသေချာချာဖြစ်ထွန်းပေါ်ပေါက်လာရန် အတွက် အရွေ့တစ်ခုကိုပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပါ
ကြောင်းမြန်မာသမ္မတဦးသိန်းစိန်ထုတ်ပြန်သောအမိန့်က ဆိုသည်။

         ၂၀၁၂ နိုဝင်ဘာလထဲ၌ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နှစ်ခုဖြင့် မြန်မာနိုင်ငံတွင်  နိုင်
ငံခြားသား၃၁ ဦးအပါအဝင် အကျဉ်းသား၅၁၈ ဦးကိုလွှတ်ပေးခဲ့သည်။ ၂၀၁၁ မတ် ၃၀ ရက်နေ့မြန်မာနိုင်
ငံ၏ အရပ်သားအစိုးရသစ်တက်ကတည်းကစုစုပေါင်းအကျဉ်းသား ၂၉၆၆၈ ဦးအားလွှတ်ပေးခဲ့ပြီးဖြစ်သည်။

          အင်္ဂါနေ့က သတင်းအကျဉ်းတင်ပြမှုတွင် Ventrell က ပြောကြားရာ၌ မြန်မာနိုင်ငံ၏ လုပ်ဆောင်
ချက်များအတွက် ဝါရှင်တန်က အမေရိကန်ငွေကြေးဝန်ဆောင်မှုများတင်ပို့ရေးအခွင့်အာဏာနှင့် မြန်မာနိုင်
ငံတွင် အမေရိကန်ရင်းနှိးမြှပ်နှံမှု အသစ်များခွင့်ပြုရေးအပါအဝင် မြန်မာနိုင်ငံအပေါ်စီးပွားရေးအရ အရေးယူ
မှုများ ဖြေလျော့ပေး ခဲ့သည်ဟု ဆိုပါသည်။

          "ဒါပေမယ့် ကျွန်တော်တို့မှာ ပြုပြင်ပြောင်းလဲရေးတွေ တိုးတက်မှုရှိအောင်အားပေးမယ့် အရေးယူမှု
အာဏာပါဝင်တဲ့ စံသတ်မှတ်ချက်တွေပြုထားတဲ့မူဝါဒရှိပါတယ်" ဟု သူကဖြည့်စွက်ပြောပါသည်။

No comments:

Post a Comment