Tuesday, April 30, 2013

မြန်မာ့လူနေမှုဘဝ တိုးတက်ကောင်းမွန်ရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


   မြန်မာပြည်သူများ၏ နေ့စဉ်လူနေမှုဘဝများ တိုးတက်ပြောင်းလဲလာသော အခြေအနေတွင် မရှိသေးဘဲ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ အောင်မြင်သည်ဟု ဆိုနိုင်မည် မဟုတ်
 ကြောင်း မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မွန်ဂိုလီးယားနိုင်ငံ မြို့တော် Ulaanbatar တွင်ကျင်းပသော ဒီမိုကရေစီလူ့အဖွဲ့ အစည်းဆိုင်ရာညီလာခံတွင် ပြောကြားခဲ့ကြောင်း
သိရသည်။
         မြန်မာနိုင်ငံတွင်  ဖြစ်ပွားခဲ့သော တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ၊ လူ့အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု အကြား    တင်းမာမှုများကို   ကြည့်ခြင်းအားဖြင့်   အမျိုးသား    ပြန်လည်သင့်မြတ်ရေး
 ဖော်ဆောင်ရေးကိစ္စသည်လည်းအရေးတကြီး  ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့သည်။

            လက်ရှိအချိန်တွင် ရရှိထားသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အောင်မြင်မှု
သည် ပြည့်စုံလုံ လောက်သောအဆင့်ထိ မရောက်သေးဘဲ ဒီမိုရေစီပြုပြင်ပြောင်း လဲရေးဆို သည် မှာ
 ပြည်သူများ၏ နိစ္စဓူဝဘဝ များတွင် စစ်မှန်သော အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်းကို ဆိုလိုပြီး ထိုအပြောင်း      အလဲများကို        ပြည်သူများ ကိုယ်တိုင် သိရှိလာသောအချိန် မရောက်မချင်း ဒီမို ကရေစီ  ပြုပြင်ပြောင်းလဲရေး အောင်မြင်သည်ဟု မဆိုနိုင်သေးကြောင်း နှင့် ထိုအဆင့် သို့  ရောက်ရှိ
ရန်အတွက် ကြိုးပမ်းလုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

        မြန်မာနိုင်ငံအတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့သော တိုင်းရင်းသား လူမျိုးစုများအကြား ပဋိပက္ခများ၊ လူ့အဖွဲ့အစည်း တစ်ခုနှင့်တစ်ခုအကြား တင်းမာမှုများကို ကြည့်ခြင်းအားဖြင့် အမျိုးသား ပြန်လည်
သင့်မြတ်ရေး သည်မရှိမဖြစ် လိုအပ်နေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားခဲ့သည်။

        မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ ဥပဒေပြုရေး အပိုင်းတွင် တိုးတက်မှုများ ရှိသော်လည်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအပိုင်းတွင် ပိုမို ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်ချက်များ ရှိနေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ 

      ယခုကဲ့သို့ ညီလာခံမျိုးကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခင်က ဗွီဒီယိုမှတဆင့်သာ မိန့်ခွန်းပေး ပို့နိုင်ခဲ့ သော်လည်း ယခုအခါ လူကိုယ်တိုင် လာရောက်နိုင်သည့် အတွက်အထူးဝမ်းသာ ကြိုဆိုကြောင်း မွန်ဂိုလီးယား သမ္မတ စာခီယာ အဲလ်ဘတ်ဒေါ်(Tsakhia Elbegdorj) ပြောကြားခဲ့သိရသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သူများအတွက် ချီးမြှင့်
သော ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆိုင်ရာ ညီလာခံက ပေးအပ်သည့် Geremek လူ့အခွင့်အရေးဆုကိုလည်း အဆိုပါ ညီလာခံတွင် လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment