Friday, April 26, 2013

ဦးသန်းရွှေနှင့်အပေါင်းအပါများအားတရားစွဲဆိုရန် ICC နှင့် ICJ တို့စတင်ပြင်ဆင်


မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအား ဖိနှိပ်ချုပ်ချယ်မှုများ၊ နိုင်ငံရေးအကျဉ်းသားကိစ္စရပ်များနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျုးလွန်ခဲ့သည့် ယခင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌပောာင်း တပ်မတော် အစိုးရ ဦးသန်းရွှေနှင့် စစ်အစိုးရအုပ်စုဝင် အပေါင်းအပါများအား တရားစွဲဆိုရန် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့တစ်ဖွဲ့ဖြစ် သည့် နိုင်ငံတကာ ရာဇဝတ်မှုရုံး(ICC)နှင့် နိုင်ငံတကာ တရားမျှတမှုရုံး(ICJ)တို့မှ လာမည့် ဇွန်လမှစတင်၍ ပြင်ဆင်ဆောင်ရွက် တော့မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းတွင် နိုင်ငံရေးအကျဉ်းသားပောာင်း ဦးအောင်ထွန်းအဖွဲ့နှင့် ICC၊ ICJ အဖွဲ့မှ ဘယ်လ်ဂျီယန်၊ ဆွစ်ဇာလန်၊ အမေရိကန်နှင့်ယူကေတို့ရှိ ရှေ့နေလေးဦးတို့မှတွေ့ဆုံဆွေးနွေးမှုများပြုလုပ်၍ ယခင်နိုင်ငံတော် အကြီးအကဲပောာင်း ဦးသန်းရွှေ၊ ဦးခင်ညွှန့်အပါအဝင် စစ်အစိုးရခေါင်းဆောင် ၅၀ ဦးအား နိုင်ငံတကာခုံရုံး၌ တရားစွဲဆိုရန် ပြင်ဆင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့တရားစွဲဆိုရန် ပြင်ဆင်ဆောင်ရွက်နေသော်လည်း ကုန်ကျစရိတ်မှာ အလွန်များပြား မည်ဖြစ်သည့်အတွက် ငွေကြေးမတက်နိုင်မှုကြောင့် ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် ဦးအောင်ထွန်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ “မြန်မာပြည်သူလူထုကိုယ်စား လိုအပ်သလိုအရေးယူပေးပါရန်” အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့၍ တရားစွဲဆို မှုများကိုကူညီပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ဇန်နဝါရီလပိုင်းတွင် နိုင်ငံရေးကျဉ်းသားပောာင်း ဦးအောင်ထွန်းမှ ယခင်တပ်မတော် စစ်အစိုးရနှင့် အပေါင်းအပါများအား တရားစွဲဆိုရန် ၁၉၉ နိုင်ငံမှ နိုင်ငံတော်တရားသူကြီးချုပ်များနှင့် ICC၊ ICJ အဖွဲ့များထံသို့ တိုင်စာများ ပေးပို့ခဲ့ကြောင်း သိရသည်။

ယခင်တပ်မတော် အစိုးရပောာင်းများအား ICC နှင့် ICJ တို့၏ တရားစွဲဆိုမှုတွင် တရားရင်ဆိုင်မှုကာလ ၆ လမှ ၉ လအထိ ကြာမြင့်နိုင်ကြောင်း သိရသည်။

No comments:

Post a Comment