ဒုတိယသမ္မတ
ဦးဉာဏ်ထွန်းပါဝင်သည့် အမျိုးသားသဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့သည် မေလ ၁၄
ရက်နေ့မှ စတင်၍ ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် အခြေပြုကာ
အနီးကပ်ကွပ်ကဲမည်ဖြစ်ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့မှ
သတင်းထုတ်ပြန်ခဲ့သည်။
အမျိုးသားသဘာဝဘေးကာကွယ်စောင့်ေ ရှာက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဉာဏ်ထွန်းနှင့် စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီတာဝန်ရှိသူများ ပါဝင်သည့်
စီမံကွပ်ကဲမည့်အဖွဲ့အား ၂၀၁၃ ခုနှစ် မေလ ၁၄ ရက်မှစ၍ ရခိုင်ပြည်နယ်
အမ်းမြို့တွင် အခြေပြုကာအနီးကပ် ကွပ်ကဲသွားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း
သတင်းထုတ်ပြန်ခဲ့သည်။
တပ်မတော်အနေဖြင့်
မုန်တိုင်းဒဏ်ကျရောက်နိုင်သော ပင်လယ်ကမ်းရိုးတန်းဒေသရှိ
တိုင်းစစ်ဌာနချုပ်များတွင်လေယာဉ်၊
ရဟတ်ယာဉ်၊ သင်္ဘော၊ မော်တော်ယာဉ်များအား လိုအပ်ပါက ချက်ချင်းအကူညီပေးနိုင်ရန် အသင့်ပြင်ဆင်ထားပြီးဆေးကု
သရေးအဖွဲ့များနှင့် အခြားအထောက်အကူပြုနိုင်မည့် အဖွဲ့များကိုလည်း ကြိုတင်အသင့်ပြင်ဆင်ထားပြီြး ဖစ်ကြောင်း ထုတ်ပြန် ခဲ့သည်။
ရဟတ်ယာဉ်၊ သင်္ဘော၊ မော်တော်ယာဉ်များအား လိုအပ်ပါက ချက်ချင်းအကူညီပေးနိုင်ရန် အသင့်ပြင်ဆင်ထားပြီးဆေးကု
သရေးအဖွဲ့များနှင့် အခြားအထောက်အကူပြုနိုင်မည့် အဖွဲ့များကိုလည်း ကြိုတင်အသင့်ပြင်ဆင်ထားပြီြး
ကာကွယ်ရေးဦးစီးချုပ်မှ
ရခိုင်ကမ်းရိုးတန်းသို့ မုန်တိုင်းဝင်ရောက်မည့်သတင်း
ရရှိသည်နှင့်တစ်ပြိုက်နက် ဒေသတွင်းရှိ တပ်များကို ကယ်ဆယ်ရေးနှင့်
ရွေ့ပြောင်းရေးလုပ်ငန်းများ ချက်ချင်းလုပ်ဆောင်ရန်ညွှန်ကြား ထား
ပြီးလက်ရှိတွင် မုန်တိုင်းဝင် ရောက်နိုင်သော ဒေသရှိ ပြည်သူများကို
ခြေလျင်တပ်ရင်းများအကူအညီဖြင့် မုန်တိုင်းအန္တရာယ်ကင်း လွတ်သော
ဒေသများသို့ ရွေ့ပြောင်းနိုင်ရေးအတွက်ကူညီေ ဆာင်ရွက်ပေးလျှက်ရှိ ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အရာရှိတစ်ဦးက ပြောကြားခဲ့ သည်။
ဒေသများသို့ ရွေ့ပြောင်းနိုင်ရေးအတွက်ကူညီေ
ထို့အပြင်ရခိုင်ပြည်နယ်တွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ် ရေးအတွက် ဆပ်ကော်မတီရှစ်ခု ဖွဲ့စည်းပြီး ဒုက္ခသည်များရွေ့ပြောင်းနေထိုင် ရေးအတွက် အဓိကဦးစားပေးဆောင်ရွက်လျက်ရှိ ပြီး မုန်တိုင်းဝင်ရောက်ပါက စစ်တွေမြို့ပေါ်ရှိ ရခိုင်တိုင်းရင်းသားများနေထိုင် သော ဒုက္ခသည်စခန်းငါးခုဖြစ်သည့် ဓညဝတီ၊ ဒုန်းတိုက်ကွင်း၊ မင်းဂံ၊ ဓညဝတီဘောလုံးကွင်း နှင့် မိုးလေဝသကွင်းတို့တွင်နေထိုင်ေ သာ
ဒုက္ခသည်ဦးရေ ၃,၅၀၀ အားနီးစပ်ရာ ဘုန်ကြီးကျောင်း၊ စာသင်ကျောင်းများသို့ ပြောင်းရွေ့
ရန်စီစဉ်ထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ် ပြန်ချက် အရသိရှိရသည်။
ရန်စီစဉ်ထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ် ပြန်ချက် အရသိရှိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပို င်း
တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမဟာစင်သည် မြန်မာနိုင်ငံကိုးကိုးကျွန်း၏
အနောက်ဘက်မိုင် ၄၁၀ ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် ၅၄၀ခန့် ၊
ကျောက်ဖြူမြို့၏ အနောက်တောင်ဘက်မိုင် ၅၉၀ ခန့်၊ အိန္ဒိယနိုင်ငံ
ချင်းမိုင်မြို့၏ အရှေ့ဘက်မိုင် ၃၈၀ ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပြီး
အဆိုပါဆိုင်ကလုန်း မုန်တိုင်းသည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး
မိုင်တိုင်ဗဟိုချက်အနီးတွင် အမြင့်ဆုံးလေတိုက်နှုန်း မှာ မိုင် ၆၀
ခန့်ရှိနိုင်ကြောင်း အဆိုပါသတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင်
ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်နှင့် ဒီရေတက်လာနိုင်သည့်နေရာများ၊
ကမ်းခြေတစ်လျှောက် တဲများ၊ ယာယီတဲများဖြင့် နေထိုင်သူများအား ၂၀၁၃ ခုနှစ်
မေ ၁၄၊ ၁၅ အပြီး လုံခြုံစိတ်ချရသည့်နေရာများသို့ အမြန်ဆုံးရွေ့ပြောင်း
ထားရန် ညွန်ကြားထားပြီးဖြစ်သည်ဟု သတင်းထုတ်ပြန်ထားကြောင်း သိရှိရသည်။
No comments:
Post a Comment