Wednesday, May 15, 2013

Myanmar Security Exchange Law လာမည့် ဇူလိုင်လအတွင်း ထွက်မည်

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် Stock Share Market တည်ထောင်နိုင်ရေးအတွက် အရေးကြီးသော ဥပဒေတစ် ရပ်ဖြစ်သော Myanmar Security Exchange Law သည် လာမည့် ဇူလိုင်လအတွင်း ပေါ်ထွက် လာမည်ဖြစ်ကြောင်းသိရှိရ သည်။

အဆိုပါ Myanmar Security Exchange Law မူကြမ်းကို လွတ်တော်တွင် ပထမတစ်ကြိမ်အဖြစ် တင်သွင်းခဲ့ပြီး ဖြစ်ရာ ယခုလာမည့် ဇွန်လနောက်ဆုံးအပတ် လွှတ်တော်ပြန်လည်စတင်ပါက အပြီးသတ် တင်သွင်းသွားမည် ဖြစ်ကြောင်း Myanmar Securities Exchange Center မှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် Myanmar Securities Exchange Center ကိုလွန်ခဲ့သော ၁၉၉၆ ခုနှစ်လောက်မှ စတင်ခဲ့ပြီး  Daiwa Group နှင့် မြန်မာ့စီးပွားရေးဘဏ် ( MEB ) တို့က ဖက်စပ်တည်ထောင်ခဲ့ပြီး အဓိကအားဖြင့် မြန်မာနိုင်ငံ၏ Capital Market ကြီးထွားလာစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ်တွင် Stock Share Market အပြည့်အဝအကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်သော နည်းပညာ များကို ပေးအပ်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံဗဟိုဘဏ်၊ Daiwa Group နှင့် Tokyo Stock Exchange တို့အပြန်အလှန် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း Daiwa Securities Group ၏ ဒါရိုက်တာ Shinsuke Goto ကပြောကြားခဲ့သည်။

Yangon Stock Exchange ဖြစ်ပေါ်လာရန်အတွက် လိုအပ်သော အိုင်တီစနစ် နှင့် IPO (Initial Public Offering) Market ဖြစ်လာရန်အတွက် စည်းမျဉ်းစည်းကမ်းများ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပြီး တိုကျို၊ ဟောင်ကောင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံမှ Stock Exchange များနှင့်ပတ်သက်သည့် အတွေ့အကြုံများကိုလည်း ပြန်လည်ဝေမျှသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ယခုလက်ရှိတွင် မြန်မာနိုင်ငံ၏ ကုမ္ပဏီများသည် Unlisted Company များဖြစ်နေရခြင်းမှာ Stock Exchange မရှိသေးသောကြောင့်ဖြစ်ပြီး Stock Exchange  စနစ်အသက်ဝင်ကာ   ရှယ်ယာများ အရောင်းအဝယ်ပြုလုပ်နိုင်ပါက   မြန်မာနိုင်ငံ
၏ရင်းနှီးမြှုပ်နှံမှုကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

သို့သော်လာမည့် ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် Stock Share Market တွင် မြန်မာနိုင်ငံ၏ ကုမ္ပဏီများ အနေဖြင့် Publicly Listed Company များဖြစ်လာရန်အတွက် လုပ်ငန်းရှင်များ၏ ပိုင်ဆိုင်မှုများကို တရားဝင် ကြေညာရ မည်ဖြစ်သောကြောင့် Crony စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စိန်ခေါ်မှုများ ရှိလာနိုင်သည်ဟု သုံးသပ်ချက်များရှိနေ ကြောင်း သိရှိရသည်။

No comments:

Post a Comment