Wednesday, May 15, 2013

KIO/KIA နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုအောင်မြင်ရန် မျှော်မှန်းထားကြောင်း သမ္မတပြောကြား

ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ KIO နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်လျက်ရှိပြီး မကြာမီတွင် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် မျှော်မှန်းထားကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ မေလ ၁၂ ရက်နေ့က မန္တလေးမြို့ တွင် ကျင်းပခဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားမြှင့်တင်ရေး အခမ်းအနားတွင် ပြောကြားခဲ့ သည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးကြီးသည့်အချက်ဖြစ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့အနက် ၁၀ဖွဲ့နှင့် ငြိမ်းချမ်းရေးသဘောတူ ညီမှုရရှိ ထားပြီးဖြစ်ကြောင်း သမ္မတဦးသိန်းစိန်မှ ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးတည်ဆောက်ရန် အလားအလာကောင်းများ ရရှိနေပြီဖြစ်ကာ မငြိမ်းချမ်းမှုများကြောင့် ဒုက္ခရောက်ခဲ့ကြသည့် ပြည်သူများအတွက် ပြန်လည်နေရာ ချထားရေး လုပ်ငန်းများကိုလည်း စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

အစိုးရနှင့် KIO အကြားအပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု (၁၀)ကြိမ်ကျော် ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ သဘောတူညီချက်မရရှိသေးဘဲ ဧပြီလ ၆ ရက်နေ့က ရွေ့ဆိုင်းခဲ့ရသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို မေလတတိယအပတ် တွင် ပြန်လည်ကျင်းပနိုင်ရန် သတ်မှတ်ထားကြောင်း သိရှိရသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရာတွင်ဒေါ်အောင်ဆန်းစုကြည်
ပူးပေါင်းပါဝင်ဆောင်ရွက်ပါက  တည်ငြိမ်ခိုင်မာသည့်  ငြိမ်းချမ်းရေးကို ရရှိနိုင်သည်ဟု သုံးသပ်မှုများ ရှိနေခဲ့ပြီး  ဒေါ်အောင်ဆန်းစု
ကြည်မှလည်း ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်သည်ဟု ပြောဆိုထား ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်ပဋိပက္ခများအပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဒေါ်အောင် ဆန်းစုကြည်ပါဝင်ဆောင် ရွက်နိုင်ကြောင်းနှင့်  အရပ်ဘက်အဖွဲ့အစည်းများ  ပါဝင်ရန်လိုအပ်နေကြောင်း  ပြည်ထောင်စုငြိမ်းချမ်း
ရေးဖော်ဆောင်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ဇန်နဝါရီလ ၂၇ ရက်က Myanmar Peace Center တွင် အရပ်ဘက်အဖွဲ့အစည်း ၄၆ ဖွဲ့နှင့်တွေ့ဆုံစဉ်တွင် ပြောကြားထားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment