Wednesday, May 15, 2013

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ သုံးနိုင်ငံမှ သန်းချီသောပြည်သူများကို အပူပိုင်းဆိုင်ကလုံးမုန်တိုင်းက ခြိမ်းခြောက်နေဟု ကုလသတိပေး

( APA News မှ 14 May 2013 ရက်စွဲပါ “ UN warns tropical cyclone threatens millions in India, Bangladesh, Myanmar” သတင်းကိုဘာသာပြန်ဆိုသည်။)

အပူပိုင်းဆိုင်ကလုံးမုန်တိုင်း မဟာဆင်သည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံများသို့ ဦးတည်ရွေ့လျားနေကာ၊ ယခုသတင်းပတ်ကုန်တွင် ကုန်းတွင်းဝင်မည်ဟုမျှော်လင့်ရပြီး၊ သုံးနိုင်ငံမှ လူဦးရေ သန်းနှင့်ချီသော ပြည်သူများကို ခြိမ်းခြောက်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှု ညှိနှိုင်းရေးဌာန OCHA က သတိပေးထားသည်ဟု ကုလသမဂ္ဂ တာဝန်
ရှိသူတစ်ဦးကပြောကြားပါသည်။

“ဆိုင်ကလုံးမဟာဆင်အတွက် အနီရောင်မုန်တိုင်းအဆင့်  သတိပေးမှုဟာ အကြုံးဝင်နေဆဲပါ။ အိန္ဒိယ၊    ဘင်္ဂလားဒေ့ရှ်၊
မြန်မာနိုင်ငံတွေဆီဦးတည်နေတဲ့ မဟာဆင်ဟာ ကြာသပတေးနေ့မှာ ကုန်းတွင်းဝင်မယ်လို့ မျှော်လင့်ရပါတယ်”ဟု ကုလသမဂ္ဂပြော
ရေးဆိုခွင့်ရှိသူ မာတင်နီဆာကီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ဆိုင်ကလုံးရဲ့ နောက်ဆုံးလမ်းကြောင်းအနေအထားပေါ်မူတည်ပြီးတော့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတွေ က သန်းနဲ့ချီတဲ့ပြည်သူတွေရဲ့ အသက်တွေကိုခြိမ်းခြောက်နိုင်ဖွယ်ရှိတယ်လို့ OHCA က သတိ ပေးထားပါတယ် ”ဟု ၄င်းကဆိုပါသည်။

“ဘင်္ဂလားဒေ့ရှ်မှာ အစိုးရနဲ့ကယ်ဆယ်ရေးအေဂျင်စီတွေက အန္တရာယ်ရှိနိုင်တဲ့နယ်မြေတွေမှာ ကယ်ဆယ် စောင့်ရှောက်ဖို့ ကြိုတင်ပြင် ဆင်မှုတွေ  လုပ်နေကြပါပြီ။  မြန်မာနိုင်ငံမှာလည်း  ရခိုင်ပြည်နယ်အစိုးရက  သဘာဝ  ဘေးအန္တရာယ်   ကာကွယ်ရေး
အစီအစဉ်ကို စတင်ဆောင်ရွက်နေပါပြီ။ ပြည်နယ်တွင်း အိုးအိမ်မဲ့တွေကို မုန်တိုင်း သတိပေးချက်ထုတ်ပြန်ထားပြီး၊ နေရာရွေ့ပြောင်း
မှုများ ပြုလုပ်ပေးနေပါတယ်။” ဟု မာတင်နီဆာကီက ရှင်းလင်း ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာန ဆိုင်ကလုံးမဟာဆင်သည် စစ်တောင်းမြို အနောက်ဘက် ၁၃၅၅ ကီလိုမီတာအကွာ ဘင်္ဂလား  ပင်လယ်အော်တွင်  အားယူနေပြီး ကြာသပတေးနေ့တွင်  အရှေ့တောင်ကမ်းခြေကို  ဝင်ရောက်နိုင်ကြောင်း  သတင်း
ထုတ်ပြန်ထားသည်။

အလားတူပင် မြန်မာနိုင်ငံကလည်း ရခိုင်ပြည်နယ်ကမ်းမြေနိမ့်ပိုင်းရှိ ဒုက္ခသည်စခန်းများမှ ပြည်သူများကို ကုန်မြင့်ပိုင်း နားခိုဆောင်များ၊ စာသင်ကြောင်းများသို့ ရွှေ့ပြောင်းနေရာပေးသည်ဟုသိရသည်။

အချို့သော ဘင်္ဂါလီများက ရွှေ့ပြောင်းရန်ငြင်းဆန်ကြသည်ဟုလည်း နိုင်ငံပိုင်မီဒီယာသတင်းကထုတ်ပြန်သည်။

No comments:

Post a Comment