Wednesday, May 15, 2013

အမေရိကန်သို့ မြန်မာသမ္မတ တရားဝင်သွားရောက်လည်ပတ်တော့မည်

(Reuters မှ  14 May 2013 ရက်စွဲပါ “Myanmar president to visit US”သတင်းကို ဘာသာပြန်ဆိုသည်)
                                                      Photo Credit by Progressive Voice
အိန္ဒိယနှင့် ဗီယက်နမ်တို့တွင် ပထမဆုံး Starbucks ကော်ဖီဆိုင်များသည် အပေါင်းလက္ခဏာဆောင်သော အားပေးမှုများရရှိခဲ့ပြီးနောက်၊ မြန်မာနိုင်ငံတွင်လည်း မကြာမီဖွင့်လှစ် ရန်ဖြစ်လာနိုင်ကြောင်း Starbucks CEO ဖြစ်သူ Howard Schultzက တနင်္လာနေ့က ပြောကြားခဲ့ပါသည်။

“နောက်နှစ်နှစ်လောက်အတွင်းလို့ ကျွန်တော်ပြောလိုပါတယ်” Schultzက မြန်မာနိုင်ငံသို့ဝင်ရောက် မည့်အစီအစဉ်နဲ့ ပတ်သက်၍ ပြောဆိုပါသည်။ ယခုအပတ်အတွင်း ၄င်းသည်ဘန်ကောက်သို့ သွားရောက် လည်ပတ်ခဲ့ရာ Starbucks ထိုင်းနိုင်ငံသို့ဝင်ရောက်မှု ဆယ့်ငါးနှစ်ပြည့်အထိမ်းအမှတ်နှင့် တိုက်ဆိုင်နေပါသည်။

Starbucks သည် ၄င်းပထမဆုံး ဗီယက်နမ်ဆိုင်ခွဲကို ဖေဖော်ဝါရီလက ဖွင့်လှစ်ခဲ့ပြီး၊ အိန္ဒိယ၏ပထမဆုံးဆိုင်ခွဲကို ပြီးခဲ့သည့်နှစ်ကဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် စီးပွားရေးနှင့်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ဥရောပသမဂ္ဂက အရေးယူမှုများ ရုတ်သိမ်းပေးပြီး အမေရိကန်ကလည်း ဖြေလျှော့မှုများပြုလုပ်လာရာ၊ နိုင်ငံခြားကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်လျက်ရှိပါသည်။

Satarbucks က  နောက်ငါးနှစ်အတွင်း ထိုင်းနိုင်ငံ၌  ဆိုင်ခွဲပေါင်းနှစ်ဆတိုး၍  (၃၂၀) အထိ ဖွင့်လှစ်ရန်အစီအစဉ်ကိုကြေ
ညာခဲ့ပါသည်။ သို့သော်ယခု Schultz၏ ထိုင်းနိုင်ငံခရီးစဉ်မှာ ထိုကိစ္စအတွက် ရည်ရွယ်ခြင်းမဟုတ်ပေ။

၎င်းထိုင်းနိုင်ငံသို့ လာရောက်ရခြင်းမှာ ထိုင်းနိုင်ငံတွင် community store ဟု ခေါ်သောအမြတ်ငွေကို လူအဖွဲ့အစည်းများသို့ လှူဒါန်မည့်ဆိုင်ဖွင့်လှစ်မှုကို ကြေညာရန်ဖြစ်ပါသည်။ အဆိုပါ community store သည် အမေရိကန်ပြင်ပ
တွင်ပထမဆုံးဖွင့်လှစ်ခြင်းဖြစ်ပါသည်။ 

 Starbucksသည် ၄င်း စီးပွားရေးလုပ်သောနေရာ ဝန်းကျင်ကို အကူအညီများပေးသည့် သမိုင်းကြောင်းရှိပြီး၊ community store သည် အဆိုပါ ခံယူချက်ကို အခြေခံ၍ အမြတ်ငွေမျှဝေခွဲဝေခြင်းကို အခြေခံပါသည်။

ဘန်ကောက်၏ Swish Lang Suan boulevard တွင် ဖွင့်လှစ်သော ဆိုင်မှရရှိသော အမြတ်ငွေ၏ အချိုးတစ်ခုကို ထိုင်းနိုင်ငံမြောက်ပိုင်းမှ seattle အခြေစိုက်ဆိုင်များအတွက် ကော်ဖီပင်စိုက်ပေးနေသော လယ်သမားအုပ်စုများသို့ တိုက်ရိုက်အကူ
အညီပေးမည်ဖြစ်ပါသည်။ အဆိုပါငွေသည် Integrated Tribal Development Program သို့ သွားမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးနှင့် ဆည်မြောင်း စီမံကိန်းများကို ထောက်ပံ့မည်ဖြစ်ပါသည်။

Starbucks၏ အခြား community Store သုံးခုမှာ လော့အိန်ဂျိလိစ်၊ နယူးယောက်နှင့် ဟူစတန်တို့တွင် ရှိပါသည်။

Schultz က ပြောကြားရာတွင် တရုတ်နိုင်ငံတွင် စီပွားရေးတိုးတက်မှုနှုန်းနှေးကွေးပြီး၊ ပြည်တွင်း အမှတ်တံဆိပ်များနှင့် ပြိုင်ဆိုင်မှုပြင်းထန်သော်လည်း၊ တရုတ်နိုင်ငံမှ ဆိုင်ခွဲများနှင့်ပတ်သက်၍ အနာဂါတ်ကို အကောင်းမြင်သည်ဟုဆိုပါသည်။ Starbucks သည် တရုတ်နိုင်ငံတွင် လုပ်ငန်းလုပ်ကိုင် နေသည်မှာ (၁၃)နှစ်ရှိပြီဖြစ်ပြီး၊ တရုတ်ပြည်မကြီးတွင် ဆိုင်ပေါင်း(၈၅၀) ရှိပါသည်။

“ကျွန်တော်တို့ဟာ တရုတ်နိုင်ငံမှာ နယ်မြေအတော်များများကနေ ယုံကြည်မှုအတော်ရနေပြီဖြစ်တဲ့ အခြေအနေမှာရှိပါတယ်” ဟု Schultzက ပြောပါသည်။ “  ဈေးကွက်ကသိပ်ကြီးပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ ဦးဆောင် ကဏ္ဍ
ကို ဆက်လက်ထိန်းသိမ်းဖို့ သီးသန့်အခွင့်အရေးရှိမယ်လို့ထင်ပါတယ်” ဟု ၄င်းကဆိုပါသည်။

အမေရိကန်ကုမ္ပဏီများသည် လုပ်ငန်းကြီးထွားလာရေးအတွက် အာရှသို့တိုး၍ ဦးလှည့်လာကြပါသည်။ Starbucks က ပြောကြားရာတွင် လာမည့်နှစ်နှစ်ခန့်အတွင်း တရုတ်၏ဈေးကွက်သည် ကနေဒါကိုကျော်တက်၍ အမေရိကန်ပြည်တွင်းဈေး
ကွက်ပြီးလျှင် ဒုတိယအကြီးဆုံးဈေးကွက် ဖြစ်လာနိုင် သည်ဟု ဆိုခဲ့ပါသည်။

No comments:

Post a Comment