( Reuters မှ May 13 ရက်စွဲပါ Heineken forms Myanmar joint venture to build brewery သတင်းကို ဘာသာပြန်ဆိုသည်။)
လျင်မြန်စွာတိုးတက်လာနေသော
အာရှဈေးကွက်များအတွင်းသို့ ၀င်ရောက်နိုင်အတွက် ဒတ်ခ်ျဘီယာကုမ္ပဏီ Heineken
သည် မြန်မာနိုင်ငံတွင် ဘီယာချက်စက်ရုံတည်ဆောက်ရန်နှင့်
ဘီယာများရောင်းချရန် မေလ ၁၃ ရက် တနင်္လာနေ့က အကျိုးတူပူးပေါင်းဆောင်ရွက်ရေး
လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ပြည်တွင်းစီးပွားရေးလုပ်ငန်းရှ င်
ဦးအောင်မိုးကျော် ပိုင်ဆိုင်သည့် Alliance Brewery Co., Ltd (ABC) နှင့်
အကျိုးတူပူးပေါင်း ဆောင်ရွက်ရေးလက်မှတ်ကို မေလ ၁၃ ရက် တနင်္လာနေ့တွင်
ရေးထိုးခဲ့ကြောင်း ကမ္ဘာ့တတိယ အကြီးဆုံးဘီယာချက်လုပ်ငန်းဖြစ် သည့် Heineken က ၎င်း၏ကျေညာချက်တွင် အတည်ပြု ပြောကြား ခဲ့သည်။
APB Alliance Brewery Co., Ltd အနေဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံးစီးပွားရေးမြို့တော်ြ ဖစ်သည့်
ရန်ကုန် အနီးတွင် ဘီယာချက်စက်ရုံတည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၆၀
ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ပြီး ၂၀၁၄ ခုနှစ်အကုန်အတွင်
လုပ်ငန်းစတင်လည်ပတ်နိုင်ရန်မျှော်မှန်းထားကြောင်း သိရသည်။
Heineken ၏ ကုမ္ပဏီခွဲဖြစ်သော Asia Pacific Breweries Ltd (APB) သည် စာချုပ်တွင်ဖော်ပြထားသည့်အတိုင်း
ရှယ်ယာ ၅၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်ကာ လွန်ခဲ့သည့်လက အီးယူ၏
မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းဝယ်ခြင်းမှလွဲ၍ ကျန်သည့်
စီးပွားရေးပိတ်ဆို့မှုများအား ဖယ်ရှားပေးခဲ့သည့် ဆုံးဖြတ်အချက် ကြောင့်
ယခုကဲ့သို့ ရင်းနှီးမြှုပ်ခဲ့ခြင်းဖြစ်သည်။
ဗီယက်နမ်နိုင်ငံကဲ့သို့သော
လျင်မြန်စွာတိုးတက်လာနေသည့် အာရှဈေးကွက်အတွင်းသို့ ၀င်ရောက်ချဲ့ထွင်
နိုင်ရန် အတွက် ပြီးခဲ့သည့်နှစ်အတွင်း Heineken သည် APB ကို အပြည့်အဝ
ထိန်းချုပ်ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။
Heineken
သည် ဆယ်စုနှစ်တစ်ခုကျော်အကြာ အထီးကျန်နေသောအဖြစ်မှာ လွတ်မြောက်လာသည့်
မြန်မာ နိုင်ငံ၏ စီးပွားရေးဈေးကွက်အတွင်းသို့ Carlsberg, Ford, Coca –
Cola နှင့် Pepsi စသည့် အနောက်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများ နည်းတူ
ဝင်ရောက်လာခြင်းဖြစ်သည်။
No comments:
Post a Comment