Saturday, May 11, 2013

အင်ဒိုနီးရှား၏ အကြမ်းဖက်မှုဆန့်ကျင်ရေးလှုပ်ရှားမှုတွင် သံသယရှိသူ ၇ ဦး သေဆုံးခဲ့

(9 May 2013 ရက်စွဲပါ Channel News Asia မှ “Seven dead in Indonesia anti-terror raids”သတင်းကို ဘာသာပြန်ဆိုသည်)
အင်ဒိုနီးရှားရဲများသည် လွန်ခဲ့သော နှစ်ရက်အထိ အကြမ်းဖက်သမားဟု သံသယရှိသူ ၇ ဦးကို စစ်ဆင်ရေးတွင် အသေပစ်ခတ်ခဲ့ပြီး ထိုအထဲတွင်မြန်မာသံရုံးအား ဗုံးခွဲသည့်ကိစ္စနှင့် ပတ်သက်ဆက်စပ်နေသည့် သက်သေမပြနိုင်သေးသော အခြေအနေမှ သံသယရှိသူများလည်း  ပါဝင်သည်ဟု အရာရှိတစ်ဦးက ကြာသာပတေးနေ့က ပြောကြားခဲ့သည်။
နိုင်ငံ၏ အဓိကကျွန်းဆွယ်ဖြစ်သော ဂျာဗားကျွန်းဆွယ်တလျှောက်မှအိမ်များကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ ယူနစ်တစ်ခု က ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ကာ သံသယရှိသူအကြမ်းဖက်သမား ၁၃ ဦးအား အရှင်ဖမ်းမိခဲ့သည်။ အဆိုပါ အကြမ်း ဖက် နှိမ်နင်းရေး စစ်ဆင်ရေးသည် လပေါင်းများစွာအတွင်း အင်ဒိုနီးရှား၏ အကြီးဆုံး စစ်ဆင်ရေးကြီးဖြစ်ပါသည်။
အင်ဒိုနီးရှားတွင် မြန်မာဗုဒ္ဓဘာသာအများစု၏ မူဆလင်ဆန့်ကျင်ရေးအတွက် ဒေါသကြီးထွားနေမှုကို အခြေ ခံသော မြန်မာသံရုံးတိုက်ခိုက်ခံရမှု အခြေအနေကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသကဲ့သို့ အင်ဒိုနီးရှားရဲများသည် သံသယရှိသူ အကြမ်း ဖက်မှုများ၏ ဝင်ငွေထောက်ပံ့နေသူများကို ဖော်ထုတ်ရန်လည်း ပစ်မှတ်ထားဆောင်ရွက်ခဲ့သည်။
နောက်ဆုံးစစ်ဆင်တိုက်ခိုက်မှုတွင် ရဲများသည် ဂျာဗားဗဟိုရှိ ကီဘူးမန်းဒေသမှ ငှားရမ်းထားသော အိမ်တစ်အိမ်မှ သံသယရှိသူသုံးဦးကို အသေပစ်ခတ်ခဲ့ပြီး အခြားလေးဦးကို ကြာသပတေးနေ့ အစောပိုင်းက ၁၅ နာရီကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြပြီးနောက် ဖမ်းဆီးရရှိခဲ့ကြောင်း ပြည်သူ့ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဘွိုင်ရဖလီအမ်မာက ပြောကြားခဲ့ သည်။
“သူတို့ အထဲကနေပြီး ခုခံ ပစ်ခတ်ကြပါတယ်”ဟု သူက သတင်းထောက်များကို ပြောကြားခဲ့သည်။ သူကပင် ထပ်မံ ဖြည့်စွက်၍ ထိုသူများသည် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သော Mujahidin Indonesia Timur (MIT) အဖွဲ့အား ထောက်ပံ့ ရန်အတွက် လုယက်တိုက်ခိုက်မှုများတွင် ချိတ်ဆက်ပတ်သက်ပါဝင်နေသည်ဟု သံသယရှိခဲ့သည်ဟု ပြောကြားသည်။
ယင်းနေအိမ်မှ ပိုက်ဗုံး၊ လက်ပစ်ဗုံးနှင့်ပစ်စတိုများကို ဖမ်းဆီးရရှိခဲ့သည်ဟု ဒေသခံရဲမှူး ဟီရူးပရစ်ဆာဆိုနို က ပြောကြားခဲ့သည်။
သူတို့သည် လွန်ခဲ့သော ရက်သတ္တပတ်က မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်နှင့် ဆက်စပ်ပတ်သက်ခဲ့သည် ဆိုပါကလည်း ရဲအဖွဲအနေဖြင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ပါလိမ့်မည်ဟု အမ်မာက ပြောကြားခဲ့သည်။
ဗုဒ္ဓဟူးနေ့က ရဲများသည် အနောက်ဂျာဗားရှိ ဘန်ဒေါင်းမှ အိမ်တစ်အိမ်တွင် ပုန်းခိုနေကြသော၊ မြန်မာဖြစ်စဉ်တွင် ပါဝင်သည်ဟုသံသယရှိသူ ၃ ဦးကို အသေပစ်ခဲ့သည်။ သေဆုံးမှုများမှာ ၇ နာရီကြာ ပစ်ခတ်တိုက်ခိုက်မှု အပြီးတွင် မှ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ကြစဉ်အတွင်း ထိုသူများက အိမ်လုပ် လက်ဖြစ်ဗုံးများဖြင့် ရဲများအား ပစ်ဖောက်ခွဲခဲ့သည်။
ထိုနေ့တွင်ပင် အခြားသော စစ်ဆင်ရေးတစ်ခု၌ ဘန်တန်းခရိုင်ဒေသ၊ ဂျာဗားအလယ်ပိုင်းမှ ရဲများသည် သံသယ ရှိသူတစ်ဦးကို အသေပစ်ခတ်ခဲ့ပြီး အကြမ်းဖက်မှုများကို ထောက်ပံ့ရန် ရတနာဆိုင်တစ်ဆိုင်အား လုယက်သည်ဟု ဒုတိယ သံသယရှိသူတစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။
အင်ဒိုရဲများသည် ဂျာဗားတစ်ကြောတွင် စစ်ဆင်ရေး စုစုပေါင်း ဆယ်ခုခန့်ပြုလုပ်ခဲ့ကြသည်။
အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ဆင်ရေးများမှာ ပြီးခဲ့သောရက်သတ္တပတ်က ဂျာကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲရန် စီစဉ်သူဟု သံသယရှိသည့် လူနှစ်ယောက်အား ဖမ်းဆီးထိန်းသိမ်းအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် လတ်တလောတွင် မူဆလင်လူနည်းစုများ သေကြေကာ သောင်းနှင့်ချီ၍ ပြောင်းရွှေ့ခဲ့ကြရသော ဘာသာရေးပဋိပက္ခပေါင်းများစွာကြောင့် တုန်လှုပ်ဖွယ်အခြေအနေများကို ရင်ဆိုင်ကြုံတွေ့နေခဲ့ရသည်။
အင်ဒိုနီးရှားသည် အနောက်နိုင်ငံများကို ပစ်မှတ်ထားသော သေလောက်အောင်ဆိုးဝါးသည့် တိုက်ခိုက်မှုများ လွန်ခဲ့သော ဆယ်စုနှစ်အတွင်းက ထွက်ပေါ်လာပြီးနောက်တွင် အကြမ်းဖက်မှုကွန်ယက်များကို ဖြိုခွင်းမှုများအစပျိုး လုပ် ဆောင်လာ ခဲ့သောကြောင့် အဓိက စစ်သွေးကြွအုပ်စုများမှာ အားနည်းလာခဲ့ပါသည်။
သို့သော်လည်း အရှေ့အင်ဒိုနီးရှား ဘာသာရေးဆိုင်ရာ သူရဲကောင်းအဖြစ် ခံယူထားသည့် Mujahidin ndonesia Timur များမှာ ယခုထိ ဖြိုခွင်းမှုများကို ကောင်းကောင်းကြီး ရှောင်လွှဲကာ ဆူလာဝီစီကျွန်း၊ ပိုဆိုအနီးရှိ တောထဲတွင် ပုန်းခို လျှက်ရှိပါသည်။

No comments:

Post a Comment