Wednesday, May 15, 2013

မြောက်ကိုရီးယားသည် မြန်မာနိုင်ငံမှ ဘာတွေလေ့လာသင်ယူနိုင်သလဲ

(14 May 2013 ရက်စွဲပါ CNN မှ John Kim နှင့် Daniel Freedman တို့ရေးသားသော “What North Korea could learn from Myanmar” ကို ဘာသာပြန်ဆိုသည်)
                                                                 Photo Credit By CNN
မူဝါဒ ရေးဆွဲသူများအနေဖြင့် မြောက်ကိုရီးယားနှင့်ပတ်သက်သော ရေရှည်မဟာဗျူဟာကို ရေးဆွဲရာတွင် လစ်လျူ ရှုခဲ့သည်ဟုယူဆရသော မေးခွန်းတစ်ခုမှာ မြောက်ကိုရီးယားမှမင်းဆက်သည်  နောက်ထပ် မြန်မာနိုင်ငံကဲ့သို့သော  နိုင်ငံတစ်ခု ဖြစ်
လာမလားဆိုသည့် မေးခွန်းဖြစ်ပါသည်။

မြန်မာနိုင်ငံသည် တစ်ချိန်က အပယ်ခံနိုင်ငံဖြစ်ခဲ့ပြီး၊ ယခုအခါ လူတိုင်းကိုအံ့အားသင့်စေပြီး အနောက်နိုင်ငံ ရင်းနှီး မြှုပ်နှံသူများ၏ အိမ်မက်ပင် ဖြစ်လာစေပါသည်။ မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားကြားတွင် သိသာထင်ရှားသော ခြားနား မှုများရှိသော်လည်း အရှေ့တောင်အာရှ ရင်းနှီးမြှုပ်နှံသူများ ချက်ခြင်းဝင်ရောက် လာနိုင်သည့်ဆင်တူမှုများ ရှိပါသည်။ အရှေ့ တောင်အာရှ ရင်းနှီးမြှုပ်နှံသူတို့သည် မြန်မာနိုင်ငံ၏ အချိုးအကွေ့ကို မှန်ကန်စွာခန့်မှန်းနိုင်ခဲ့သလို မြောက်ကိုရီးယား၏ အနာဂါတ်ကိုလည်း အကောင်းမြင်ခဲ့ပါသည်။

မကြာသေးမီကထိ မြန်မာနိုင်ငံ၏ တစ်ခုတည်းသောမဟာမိတ် တရုတ်ဖြစ်ခဲ့ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်း သည် ဆယ်စုနှစ်တစ်ခုကျော်ကျော် မြန်မာနိုင်ငံအပေါ်အရေးယူမှုများ ချမှတ်ထားခဲ့ပါသည်။

 သို့သော် မြန်မာအစိုးရသည် ဦး တည်ချက်ပြောင်းပြီး၊ အမေရိကန်၏ ပြုပြင်ပြောင်းလဲရေးလမ်းပြမြေပုံများကိုထောက်ခံ
ခဲ့ရာ အမေရိကန်သည် စက်တင်ဘာ လတွင် ပို့ကုန်ပိတ်ပင်ထားမှုများကို ရုတ်သိမ်းပေးခဲ့ပါသည်။

 ယခုအခါ   ဒေါ်အောင်ဆန်းစုကြည်  သည်လည်း  အစိုးရသစ်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် အတူလုပ်ကိုင်
လျက်ရှိပြီး၊ အနောက် နိုင်ငံသားများသည် ငွေထုတ်ကိုင်၍ မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံရန်ရှာဖွေလျက် ရှိပါသည်။

မြန်မာနိုင်ငံသို့ ဦးလှည့်ရန် အကြောင်းပြချက်ကောင်း များစွာရှိပါသည်။

မြန်မာနိုင်ငံစိုက်ပျိုးရန် မြေသြဇာပြည့်ဝသော မြေများစွာ ရှိပါသည်။ ကျောက်မျက်ရတနာများ ရှိပါသည်။ ရေနံ၊ ဓါတ်ငွေ့၊ သတ္တုနှင့် ကျောက်မီးသွေးသိုက်များ ရှိပါသည်။ ရန်ကုန်မြို့လယ်တွက် ရုံးခန်းငှားရမ်းခများသည် တိုကျိုမြို့လယ် ထက်ကျော်လွန်သွားပြီ ဖြစ်ပါသည်။  လမ်းဘေးတွင်တောင်းရမ်း စားသောက်နေကြသော ကလေးများကပင် ရင်းနှီးမြှုပ်နှံမှု ဥပဒေကော်ပီစာအုပ်များကို ရောင်းချနေကြပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲလာရခြင်း အကြောင်းတစ်ရပ်မှာ ခေါင်းဆောင်ပိုင်းက တရုတ်အပေါ်အလွန်အကျွံ့ မှီခို မှုများသည် အမျိုးသားလုံခြုံရေးကို အန္တရာယ်ရှိကြောင်း သဘောပေါက်လာခြင်းကြောင့် ဖြစ်ပါသည်။ အစိုးရသည် ကုန်သွယ် မှုနိုင်ငံ အများအပြားရှိလာရေးကို ဦးစားပေး၍ အခြားနိုင်ငံ အများအပြားနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် စတင် လုပ်ဆောင်လာပါသည်။

တရုတ်အပေါ် အလွန်အကျွံ့မှီခိုခြင်းကိစ္စမှာ မြောက်ကိုရီးယားအတွက်လည်း ကြီးမားသောကိစ္စရပ် ဖြစ်လာနိုင်ပါ သည်။

တရုတ်သည် မြောက်ကိုရီးယားအား အကူအညီများပေးခြင်း၊ သံတမန်ရေးရာ ထောက်ခံမှုများပေးခြင်းဖြင့် ထောက် ကူပြုထားပါသည်။ နိုင်ငံခြားဆက်ဆံရေးကောင်စီ၏ အဆိုအရ တရုတ်သည် မြောက်ကိုရီးယားအား စွမ်းအင်လိုအပ်ချက် အများစု လူသုံးကုန်ပစ္စည်းများနှင့် စားနပ်ရိက္ခာလိုအပ်ချက် တစ်ဝက်နီးပါးကို ဖြည့်ဆည်းပေးနေသည်ဟု ဆိုပါသည်။ ထိုသို့ ထောက်ပံ့ပေးနေသော်လည်း၊ မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းသည် တစ်ခါတစ်ရံ Beijing ၏ တောင်းဆိုမှုများကို လစ်လျူရှုတက်ကြပါသည်။ မြောက်ကိုရီးယားသည် ဖေဖော်ဝါရီလက တရုတ်က လူသိရှင်ကြား တားမြစ်နေသည့်ကြားမှ တတိယအကြိမ် နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ခဲ့ပါသည်။

မြောက်ကိုရီးယားအပေါ် ချမှတ်သော စီးပွားရေးနှင့် နိုင်ငံရေးဖိအားများသည် အလုပ်မဖြစ်လှပေ။ အဘယ့်ကြောင့် ဆိုသော် ကိုယ့်ကိုကိုယ်အားကိုးသော ခံယူချက်ကို ဗဟိုပြုခြင်းကြောင့် ပြင်ပဖိအားများကို အနုတ်လက္ခဏာဆောင်သော တုန့်ပြန်မှုကိုသာ ပြုလုပ်စေပါသည်။ ၎င်းမှာ ရာစုနှစ်ပေါင်းများစွာ အားကောင်းသော တရုတ်နှင့် ဂျပန်အိမ်နီးချင်းများအပေါ် ရိုကျိုးခဲ့ရခြင်းကြောင့် ထွက်ပေါ်လာရသော အငုံ့စိတ်ဖြစ်ပါသည်။ အစိုးရသည်ရန်စသည်ဟု ခံစားလာရပါက ဆန့်ကျင်ဘက် ကိုသာ တုန့်ပြန်လေ့ ရှိပါသည်။

တရုတ်အတွက်မူ မြောက်ကိုရီးယား၏ လစ်လျူရှုမှုကို စိတ်ဆိုးပါသည်။ တရုတ်၏ မဟာဗျူဟာမှာ လက်ရှိ စီးပွားရေး အရ ဆက်ဆံရေးများနှင့် သတိပေးမှုကိုရောထားသည့် ဗျူဟာဖြစ်ပြီး၊ ၎င်း၏သြဇာလွှမ်းမိုးမှုမှာ မြောက်ကိုရီးယား၏ စိတ်ဓါတ် ကို ပြောင်းလဲပေးနိုင်လိမ့်မည်ဟု မျှော်လင့်၍ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် မြောက်ကိုရီးယား၏ ခေါင်းဆောင်ပိုင်းသည် တရုတ်အပေါ် မှီခိုမှုတိုးလာရခြင်းကို သိလာပြီး၊ ကိုယ့်အားကိုယ်ကိုးမည့် ခံယူချက်က မြန်မာနိုင်ငံကဲ့သို့ ကွဲပြားခြားနားမှု လမ်းကြောင်းကို ပြောင်းကောင်း ပြောင်းနိုင်ပါသည်။

မြန်မာနိုင်ငံကဲ့သို့ပင် မြောက်ကိုရီးယားအပေါ် ရင်းနှီးမြှုပ်နှံသူများ ခံတွင်းတွေ့လာစေနိုင်ပါသည်။

၎င်းတွင်လည်း  မထုတ်ယူရသေးသော  တွင်းထွက်များကြွယ်ဝစွာရှိပြီး၊  တောင်ကိုရီးယား  အစိုးရ၏   ခန့်မှန်းချက်အရ
ဒေါ်လာ(၆)ထရီလီယံခန့် ရှိမည်ဟုဆိုပါသည်။ ၎င်းအတွက် ဈေးပေါသော လုပ်သား အင်အားစုရှိပြီး၊ မြန်မာနိုင်ငံထက်ပို၍ စာ တက်မှုနှုန်း ပိုမြင့်ပါသည်။

နှစ်နိုင်ငံ၏ ကြီးမားသောခြားနားချက်မှာ အနောက်နိုင်ငံများအပေါ် ပြည်သူများ၏ ခံယူချက်သဘောထား ဖြစ်ပါ သည်။

အမေရိကန်ကမြန်မာနိုင်ငံအပေါ် အရေးယူမှုများချမှတ်စဉ်က ပြည်သူများကို အမေရိကန်အားမုန်းရန် သင်ကြားပေး ခဲ့ခြင်းမရှိပေ။ သို့သော် မြောက်ကိုရီးယားတွင်  ဝါဒဖြန့်မှုများ မှန်မှန်ပြုလုပ်မှုကြောင့်  အမေရိကန်အပေါ်  အနုတ်လက္ခဏာ ဆောင်
သော အမြင်များ ရှိလာပါသည်။

 သို့သော် မကြာသေးမီက Google ဥက္ကဋ္ဌ Eric Schmidt နှင့် NBA နာမည်ကျော် Dennis Rodman တို့ မြောက်ကိုရီးယားသို့  သွားရောက်ခဲ့ခြင်းမှ  အမေရိကန်အပေါ် နှစ်သက်မှု  ရှိနေသေးကြောင်းပြသပြီး၊  ပါဝါအပျော့ ထည်ဖြင့်
သြဇာလွှမ်းမိုးနိုင်သေးကြောင်း တွေ့ရပါသည်။

နိုင်ငံခြားရေးရာဝန်ကြီးဌာနက    Schmidt ကို သွားရောက်ရန် အချိန်ကျနေပြီဟု ပြသနေသော်လည်း၊ အချိန်ကိုက်ဖြစ်မှု
သည်အထောက်အကူ ပြုလှသေးသည်မဟုတ်ကြောင်းဝေဖန်ခဲ့ပါသည်။ ကမ္ဘာ့စာမျက်နှာတွင် အမေရိကန်နှင့်ထိပ်တိုက် စကားပြော
မှုများ ရှိနေမည့်အချိန်တွင်ပင် အမေရိကန်စီးပွားရေးကိုယ်စားလှယ်မှာ မြောက်ကိုရီးယားနိုင်ငံအတွင်းတွင် အရေး ပါနေမည် ဖြစ်ပါသည်။

ပါဝါအပျော့ထည် မဟာဗျူဟာသည်တင်းမာမှုများ မြင့်တက်နေသည့်အချိန်တွင် ကျင့်သုံးရန်ခက်ခဲပါသည်။ မြောက် ကိုရီးယားသည် ဖေဖော်ဝါရီလက နျူကလီးယား စမ်းသပ်မှုပြီးကတည်းက အာရှရှိ အမေရိကန် အခြေခံစစ်စခန်းများကို တိုက် ခိုက်မည်ဟု ခြိမ်းခြောက်လျက်ရှိပါသည်။ ၎င်းသည် တောင်နှင့်မြောက် ပူးတွဲစက်မှုဇုန် Kaesong ကိုပိတ်ပစ်ခဲ့ပြီး၊ တောင်ကို ရီးယားနှင့် စစ်အခြေအနေဟု ကြေညာခဲ့ပါသည်။ ၎င်းတို့မှာလစ်လျူရှု၍မရနိုင်သော လုပ်ဆောင်မှုများဖြစ်ပါသည်။ သို့သော် တုန့်ပြန်မှုပြုလုပ်ရန်စဉ်းစားလျှင်မူ  ခေါင်းဆောင်ပိုင်းကမည်သို့  စဉ်းစားနေသည်ဆိုသည်နှင့် အနာဂတ်တွင် မည်သို့ ဖြစ် လာ နိုင်
သည်ကို နားလည်ရန်အရေးကြီးပါသည်။

တစ်ချိန်တည်းမှာပင် အရှေ့တောင်အာရှမှ ရင်းနှီးမြှုပ်နှံသူများက တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေးကို အနီး ကပ် ကြည့်ရှု့နေကြပါသည်။ မြောက်ကိုရီးယားသည် မြန်မာနိုင်ငံမှ တန်ဖိုးမဖြတ်နိုင်သော သင်ခန်းစာများကို လေ့လာနိုင်ပါ သည်။

No comments:

Post a Comment