Wednesday, May 15, 2013

ဆိုင်ကလုံးနီးကပ်လာစဉ် ရိုဟင်ဂျာများစက်လှေနစ်မြုပ် ပျောက်ဆုံးနေ

( The News မှ 15 May 2013 ရက်စွဲပါ “ Dozens of Rohingya Muslims missing as Cyclone looms” သတင်းကိုဘာသာပြန်ဆိုသည်)
                                                               Photo Credit By The News
ခနော်ခနဲ့ ယာယီဒုက္ခသည်စခန်းများ ရှိရာဒေသကို ဆိုင်ကလုံးမုန်တိုင်းဝင်ရန် နီးကပ်လာမူကြောင့် ထွက်ပြေးရင်း စက်လှေ နစ်မြုပ်သွားသူ ရိုဟင်ဂျာမွတ်ဆလင် ၅၈  ဦးကို ကယ်ဆယ်ရေးဝန်ထမ်းများက ရှာဖွေနေကြောင်း နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ကြေညာသည်။

တနင်္လာနေ့က ကျောက်ဆောင်နှင့်တိုက်ပြီး နစ်မြုပ်သွားခဲ့သော စက်လှေသည် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဒုက္ခသည်စခန်းတစ်ခုမှ ကုန်းမြင့်ပိုင်းဆီသို့ထွက်ပြေးရန် ကြိုးစားသူရိုဟင်ဂျာများကို တင်ဆောင်လာသော စက်လှေ ၇ စီး အနက်မှ တစ်စီးဖြစ်သည်ဟု သိရှိရသည်။

၄၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၅၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း၊ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေကြောင်း သတင်းများက ဆိုပါသည်။

နှစ်ကြိမ်နှစ်ခါ အကြမ်းဖက်အဓိကရုဏ်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ရသူ ရိုဟင်ဂျာအများစု အပါအ၀င် ဒုက္ခသည် ၁၄၀၀၀၀ ခန့်နေထိုင်ရာ ရခိုင်ပြည်နယ်သည် ဆိုင်ကလုံးမုန်တိုင်းဝင်မည့် အန္တရာယ်ကို ရင်ဆိုင် နေရသည်။

“ဘင်္ဂလားပင်လယ်အော်တွင် ဗဟိုပြုရင်း အရှေ့မြောက်ဖက်သို့ ကွေ့နေသော မဟာဆင်မုန်တိုင်းသည် ကြာသ ပတေးနေ့တွင် မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်ကမ်းခြေသို့ဝင်လာမည်ဟု မြန်မာမိုးလေ၀သဌာနက ထုတ်ပြန်ကြေငြာထား သည်။

လူမျိုးရေးအဓိကရုဏ်း နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းကြောင့် ခုတ်ဖြတ်ကြေမွသွားသော ရခိုင်ပြည်နယ်၏ လူသားချင်းစာနာ ကူညီရေး ပြဿနာကို ပိုမိုဆိုးဝါးအောင် ယခုဆိုင်ကလုံးက ခြိမ်းခြောက်လျက်ရှိသည်။

အဆိုပါဒေသတစ်ဝိုက်မှ လူဦးရေသန်းနှင့်ချီသော ပြည်သူများ မုန်တိုင်းဒဏ်ခံရဖွယ် ရှိကြောင်း၊ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီက သတိပေးထားပြီး ၊ အထူးသဖြင့် ၃ နေရာခန့်မှ ဒုက္ခသည် ၆၉၀၀၀ ခန့်မှာ အန္တရာယ် ရှိကြောင်း နောက်ဆုံးခန့်မှန်း ပြောဆိုထုတ်ပြန်ထားသည်။

အာဆီယံသဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့ကလည်း “ပေါက်တောမြို့နယ်ရှိ လယ်ကွင်းများထဲမှ ဒုက္ခ သည်စခန်းများသည် ရေလှိုင်းတက်လာပါက နစ်မြုပ်သွားဖွယ်ရှိသဖြင့် အဆိုပါအိုးအိမ်မဲ့ဒုက္ခသည်  ၁၇၀၀၀ ခန့်မှာ အထူး သဖြင့် ဘေးဒဏ်သင့်ခံရဖွယ် ရှိကြောင်း” နောက်ဆုံးသတိပေးချက် ထုတ်ပြန်ထားသည်။

စစ်တွေအနီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းတစ်ခုမှ ဦးမောင်မောင်က အာဏာပိုင်တွေက “သတင်းအချက်အလက်နဲ့ အကူအညီတစ်ချို့ ပေးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မိုးရေထဲမှာ နေထိုင်နေရတုန်းပဲ” ဟု ပြောကြားသည်။

အချို့သော ရိုဟင်ဂျာများကလည်း လက်ရှိ ဒုက္ခသည်စခန်းနေရာမှ ရွှေ့ပြောင်းလိုခြင်းမရှိကြဟု သိရှိရသည်။

မြန်မာအာဏာပိုင်များအနေဖြင့် ကြိုတင်ကာကွယ်ရေး အစီအမံများကို အရှိန်မြှင့် လုပ်ဆောင်နေသော်ငြားလည်း လုံ လောက်မှုမရှိကြောင်း၊ ယခုနှစ် မုတ်သုံရာသီတွင် ဒုက္ခသည်စခန်းများ အန္တရာယ်ရှိနိုင်သည်ဟု လအတန်ကြာ ကြိုတင်သတိ
ပေးခဲ့သော်လည်း ဆောင်ရွက်မူများ နောက်ကျလွန်းကြောင်း  နိုင်ငံတကာ အကဲခတ်အချို့က မှတ်ချက်ပေးကြသည်။                
                                                    
Human Rights Watch မှ အာရှရေးရာ ဒါရိုက်တာ ဘရက်အဒမ်က “အခုလို ကြိုတင် သတိပေးထားရက်နဲ့ အစိုးရ ဘက်ကနှောင့်နှေးမူကြောင့် စောင့်ရှောက်ကယ်ဆယ်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုရင် ဒီဘေးအန္တရာယ်က သဘာဝ မဟုတ်တော့ ဘူး၊ လူလုပ်တာဖြစ်သွားပြီ” ဟု ပြောဆိုခဲ့သည်။

No comments:

Post a Comment