Monday, May 13, 2013

ရန်ကုန်မြို့ကို လူဦးရေ ၁၀ သန်းခန့်ရှိမည့် မီဂါစီးတီးအဖြစ်ပြောင်းလဲရန် စီစဉ်

(Bangkok Post သတင်းစာမှ 9 May 2013 ရက်စွဲပါ Yangon 10 m mega city plan unveiled ကိုဘာသာပြန်ဆိုသည်)
                                                             Photo Credit by Online
မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန်ကို မီဂါစီးတီး အဖြစ်ပြောင်းလဲမည့် အစီအစဉ်သစ်အရ လာမည့် ၂၀၁၅ ခုနှစ်တွင် ယင်းမြို့၏ လူဦးရေမှာ နှစ်ဆခန့်မြင့်တက်လာပြီး ၁၀ သန်းခန့်ရှိလာနိုင်သည်။

၂၀၁၃ မြို့တွင်းဖွံ့ဖြိုးရေးကွန်ဖရင့်တွင်  အစိုးရအရာရှိကြီးများ၊  စီမံကိန်းအကောင်  အထည်ဖော်မည့်  သူများနှင့်
ဆောက်လုပ်ရေးကုမ္ပဏီကြီးများတက်ရောက်ပြီး ရန်ကုန်မြို့ကို အာရှမက်ထရိုပိုလီတန် မြို့ပြကြီးတစ်ခုအသွင် ပြောင်းလဲ
ပစ်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

 စီမံကိန်းတွင် စက်မှုဇုန်ကြီးများ၊ အလယ်အလတ်တန်းစားအိမ်ယာများနှင့် ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများ ယှဉ်တွဲလျက်ပါဝင်မည်ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်စီမံကိန်းနှင့် မြေယာအုပ်ချုပ်ရေးဌာနမှ ဦးတိုးအောင်က ၂၀၄၀ ပြည့်နှစ်တွင် ရန်ကုန်မြို့သည် မီဂါစီးတီးကြီးဖြစ်လာကာ လူဦးရေ ၁၀ သန်းကျော်ခန့်ရှိလာမည်ဖြစ်ကြောင်း ယင်းကွန်ဖရင့်၌ ပြောကြားသည်။ လက်ရှိရန်ကုန်၏ လူဦးရေမှာ ၅ ဒဿမ ၁၄ သန်းခန့်ဖြစ်သည်။

ထိုင်းအခြေစိုက် Irrawaddy သတင်းဌာနရေးသားချက်အရ မြန်မာအစိုးရသည် JICA အဖွဲ့နှင့်ပူးပေါင်းကာ ဧရာမရန်ကုန်မဟာဗျူဟာဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ်ကို   လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊    အစီအစဉ်တွင် မီးရထားနှင့်
မော်တော်ကားလမ်းသစ်များ၊     လေဆိပ်တစ်ခုအပါအဝင် စိမ်းလန်းသောဇုန်များနှင့်    ဧရာမ  အိမ်ယာစီမံကိန်းကြီးများ ပါဝင်
မည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံသည် အဆိုပါအစီအစဉ်အတွက် ငွေကြေးရန်ပုံငွေထောက်ပံ့လျက်ရှိပြီး ယမန်နှစ်ကစတင်ကာ ဂျပန်လုပ်ငန်းကြီးများ၊ မြန်မာအစိုးရ၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) တို့နှင့် ပူးပေါင်းကာ သီလဝါအထူးစီးပွားရေးဇုန်ကြီးကို စတင်အကောင်အထည်ဖော်လျက်ရှိသည်။

အဆိုပါ အထူးစီးပွားရေးဇုန်သည် ရန်ကုန်မြို့တောင်ဘက် ၂၅ ကီလိုမီတာအကွာတွင်တည်ရှိပြီး ရေနက်ဆိပ်ကမ်း၊ ဂျပန်စက်ရုံများနှင့် ဧရာမအိမ်ရာစီမံကိန်းကြီးများပါဝင်မည်ဖြစ်သည်။ အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံမှ စီးပွားရေး မိတ်ဖက်များက အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းပါဝင်သည်။ ဟက်တာပေါင်း ၄၀၀ ခန့်ကျယ်ပြန့်သော စီမံကိန်းဧရိယာထဲတွင် ပထမအဆင့်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို လုပ်ကိုင်ဆောင်ရွက်ပြီးပြီဖြစ်သည်။

“ကျွန်တော်တို့စီမံကိန်းရဲ့ အဆင့်လေးဆင့်ပြီးဆုံးသွားတဲ့အချိန်မှာ အလုပ်အကိုင်ပေါင်း နှစ်သိန်းခန့် ဖန်တီး ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု UMFCCI မှ အလုပ်အမှုဆောင် ဦးသူရိန်အောင်က ပြောကြားသည်။ “ရန်ကုန်မြို့တွင်း တိုးတက်ဖွံ့ဖြိုးရေးအတွက် အဓိကအခရာကျတဲ့အပိုင်းကတော့ အဲဒီစီမံကိန်းကြီးပဲဖြစ်ပါတယ်။ အလုပ်အ ကိုင်ရရှိမှု ဆိုတာလည်း သီလဝါကနေပဲဖြစ်ပေါ်လာမှာပါ” ဟု ၎င်းကဆက်လက်ပြောဆိုသည်။

တစ်ချိန်တည်းမှာပင်  ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့နယ်၌ အိမ်ခြံမြေစီမံကိန်းကြီးနှစ်ခုကို အကောင်အထည်ဖော်လျက် ရှိသည်။ ယင်းနေရာတွင် အိမ်ခန်းပေါင်း ၁၇၀၀၀ ခန့်တည်ဆောက်လျက်ရှိပြီး ပန်းခြံများ၊ စီးပွားရေးစင်တာများ ပါဝင် မည်ဖြစ်သည်။

စီမံကိန်းများ၏   အခြေခံအဆောက်အဦများအတွက်  အစိုးရက ရန်ပုံငွေထောက်ပံ့ပေးလျက်ရှိပြီး   မြန်မာဆောက်လုပ်
ရေးကုမ္ပဏီပေါင်း ၂၄ ခုပါဝင်သည့် လုပ်ငန်းအဖွဲ့ကြီးက အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသည်။

No comments:

Post a Comment