Monday, May 13, 2013

တိုက်ပွဲများကြောင့် တရုတ်-မြန်မာ ပိုက်လိုင်းစတင်လည်ပတ်ရန် နှောင့်နှေးနိုင်

(Reuters မှ 12 May 2013 ရက်စွဲပါ “Clashes likely to delay Myanmar- China Pipeline Start-up” သတင်းကို ဘာသာပြန်ဆိုသည်။)
                                                             Photo Credit by Reuters
တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများ ထိန်းချုပ်သောနယ်မြေကို ဖြတ်သန်းသွယ်တန်းထားသည့် ပိုက်လိုင်းသစ်မှ တဆင့် တရုတ်နိုင်ငံသို့ ရေနံနှင့်ဓါတ်ငွေ့များ ပထမဦးဆုံးတင်ပို့မည့် အစီအစဉ်သည် လုံခြုံရေး စိုးရိမ်မှုများကြောင့် နှောင့်နှေး
ဖွယ်ရှိကြောင်း မြန်မာ့စွမ်းအင်တာဝန်ရှိသူတစ်ဦးက စနေနေ့တွင် ပြောကြားခဲ့သည်။

တရုတ်နှင့်မြန်မာကုမ္ပဏီများ ဖက်စပ်ဖွဲ့စည်းထား South East Asia Gas Pipeline Company ဒုတိယဥက္ကဌ လီဇီလင်က ၇၉၃ ကီလိုမီတာအရှည် ပိုက်လိုင်းတည်ဆောက်မှုသည် မေလကုန်တွင် ပြီးစီးမည်ဟု ပြောကြားပါသည်။

ပြောရေးဆိုခွင့်မရှိ၍ အမည်မဖော်လိုသူ စွမ်းအင်ဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတစ်ဦးက “နည်းပညာပိုင်း အရတော့ဓါတ်ငွေ့ပိုက်လိုင်းကအသင့်အတင့်ဖြစ်နေပြီ။ ဒါပေမယ့်ပိုက်လိုင်းတစ်လျှောက် လုံခြုံရေးအနေအထားကြောင့် လုပ်ငန်းစလို့မရဆိုတာကတော့ သေချာပေါက်ပြောလို့မရပါဘူး” ဟု ပြောကြားသည်။

တရုတ်နိုင်ငံနှင့်ထိစပ်နေသော မြောက်ပိုင်းဒေသမှ KIA နှင့် တိုက်ခိုက်နေခြင်း ရှမ်းပြည်နယ်တွင် တပ်မတော် (စစ်တပ်)နှင့် ရှမ်းလက်နက်ကိုင်အုပ်စုများအကြား တိုက်ပွဲများ လတ်တလော ဖြစ်ပွားနေခြင်းတို့ကြောင့် ပိုက်လိုင်း စတင်လည်ပတ်ရန် နှောင့်နှေးလိမ့်မည်ဟု အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။

အဆိုပါပိုက်လိုင်းသည် ရခိုင်ကမ်းလွန်ရှိ ရွှေဓါတ်ငွေ့စီမံကိန်းမှ ဓါတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ပို့ဆောင်ပေးမည်ဖြစ်သည်။

ထို့ပြင် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရောက်ရှိလာမည့် ရေနံစိမ်းများကိုလည်း ရေနံပိုက်လိုင်းမှတဆင့် ယူနန်ပြည်နယ်သို့ပို့မည်ဖြစ်ရာ၊ တရုတ်တို့အနေဖြင့် မလေးရှားနှင့်အင်ဒိုနီးရှားအကြားမှ ကမ္ဘာရေကြောင်းအကျပ်ဆုံး မလက္ကာ ရေလက်ကြားကို ရှောင်လွှဲနိုင်ခွင့် ရရှိသွားမည်ဖြစ်သည်။

၎င်းစီမံကိန်းသည် ပိုက်လိုင်းစတင်နေရာ မဒေးကျွန်းတွင်လည်း ဆန္ဒပြုမှုများနှင့် ရင်ဆိုင်နေရသည်။ ရေနက်ဆိပ်ကမ်း
နေရာအတွက် မြေများသိမ်ဆည်းခဲ့သဖြင့် ဒေခံများကန့်ကွက်နေခြင်းဖြစ်သည်

ဆန္ဒပြသူ ၁၀ ဦးကို တရားမဝင်ဆန္ဒပြမှုဖြင့် အစိုးရကစွပ်စွဲထားပြီး မေလ ၁၃ ရက်တွင် တရားရုံး တင်မည့်ကိစ္စကို ရုပ်သိမ်းပေးရန် နယူးရောက်အခြေစိုက် Human Rights Watch က တောင်းဆိုသည်။ ဆန္ဒပြသူများသည် ဆန္ဒထုတ်ဖော်ခွင့်နှစ်ကြိမ် ခွင့်ပြုချက်ရထားပြီးမှ မဒေးကျွန်းတွင် အရေးပေါ် အခြေအနေထုတ်ပြန်မှုကြောင့် ပိတ်ပင်ခံ ရခြင်း ဖြစ်သည်ဟု HRW က ပြောကြားသည်။

မဒေးကျွန်း ဖွံ့ဖြိုးတိုးတက်ရေးဥက္ကဌ ဦးထွန်းကြည်က “ကျွန်တော်တို့ရဲမကျေနပ်ချက်တွေကို အာဏာပိုင်တွေ၊ တရုတ်ကုမ္ပဏီတွေနဲ့ ပွင့်လင်းမြင်သာဆွေးနွေးနိုင်ဖို့  ကျွန်တော်တို့မျှော်လင့်နေပါတယ်” ဟု Reuter သတင်းသို့ ပြောကြားသည်။

မဒေးကျွန်ဒေသခံ    ရွာသား  ၄၀၀  ခန့်သည်  ပြီးခဲ့သောအပတ်က      ဆန္ဒပြခဲ့ပြီး   မြေသိမ်းယူမှုအတွက် ထိုက်တန်
သောလျော်ကြေးပေးရန် လမ်းကောင်းကောင်းဖောက်ပေးရန်၊ အလုပ်အကိုင်များ ဖန်တီးပေးရန် တောင်းဆိုခဲ့ကြသည်။

No comments:

Post a Comment