Monday, May 13, 2013

ဆိုင်ကလုန်း နီးကပ်လာမှုကြောင့် ဒုက္ခသည်များကို အမြန်ဆုံး ရွှေ့ပြောင်းပေးနေ

(AFP  မှ  12 May 2013 ရက်စွဲပါ  “Myanmar moves internal refugees as cyclone nears” သတင်းကို ဘာသာပြန် ဆိုသည်။)
                                                                Photo Credit by AFP
မြန်မာနိုင်ငံတွင် ပြည်တွင်းဒုက္ခသည် ထောင်ပေါင်းများစွာနေထိုင်ရာ၊ ပဋိပက္ခ ဘေးဒဏ်သင့် ရခိုင်ပြည်နယ်သို့ ဆိုင်ကလုန်း  မုန်တိုင်းဝင်မည့်   အန္တရာယ်ကြောင့်   ပြည်သူများကိုအရေးပေါ်နားခိုဆောင်  များသို့ တနင်္ဂနွေ နေ့တွင် စတင်
ရွှေ့ပြောင်းပေးလျက်ရှိသည်။

ခနော်နီခနော်နဲ့ ယာယီတဲများတွင် နေထိုင်နေကြရသော  ပြည်တွင်း အိုးမဲ့ အိမ်မဲ့ ဖြစ်သူများ ( IDPs ) ၁၄၀,၀၀၀ ခန့်သည် ဘင်္ဂလားပင်လယ်အော်တွင် အားမွေးနေသော ဆိုင်ကလုန်းမုန်တိုင်း မဟာဆင်၏ ဒဏ်ကို လည်စင်းခံကြရဖွယ် ရှိပါသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကမ်းခြေသို့ ဦးတည်ကာ ကြာသာပတေးနေ့ နံနက်တွင် ကုန်းတွင်းဝင်လိမ့်မည်ဟု မြန်မာမိုးလေဝသဋ္ဌာနက ခန့်မှန်းထားသည်။

လက်ရှိလေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ ( မိုင် ၆၀) ခန့်ရှိသော မဟာဆင်မုန်တိုင်းသည် ၂၄  နာရီအတွင်း အင်အားကောင်းသော ဆိုင်ကလုန်းအဖြစ် ပြောင်းလဲသွားနိုင်သည်ဟု သိရှိရသည်။

အထူးသဖြင့် ဆိုင်ကလုန်းဘေးဒဏ် ခံရဖွယ်ရှိသူများမှာ နှစ်ကြိမ်နှစ်ခါ အဓိကရုဏ်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သူ နိုင်ငံမဲ့ ရိုဟင်ဂျာများ ဖြစ်သည်ဟု ဆိုသည်။

“ယာယီတဲတွေမှာ နေထိုင်နေရဆဲ ပြည်သူတွေက အများကြီးပါ။ ဒီအိုးမဲ့အိမ်မဲ့ ဒုက္ခသည်တွေကို ပိုမို တောင့်တင်းတဲ့ နားခိုဆောင်တွေဆီကို တက်နိုင်သလောက် မြန်မြန် ရွှေ့ပြောင်းပေးနေပါတယ်” ဟု ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးသန့်က AFP သို့ တယ်လီဖုန်းဖြင့် ပြောကြားသည်။

စစ်တွေတွင်ရှိသော နားခိုဆောင်များတွင် လူမည်မျှဆန့်မည်ကို သေချာပေါက် မပြောနိုင်သော်လည်း အိုးအိမ်မဲ့ ဒုက္ခသည် အားလုံးကို ထားရှိရန် မလုံလောက်ဟု ၎င်းက ဝန်ခံ ပြောကြားသည်။

“ ကျန်တဲ့သူတွေကိုတော့ အနီးအနားရွာတွေက ဆွေမျိုးတွေ၊ စာသင်ကျောင်းတွေဆီ ပို့ရမှာပါ။ ” ဟု ၎င်းက ဆိုပါသည်။
မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး၊ အဝေးလံဆုံး ဒေသတစ်ခုဖြစ်သော ရခိုင်ပြည်နယ်တွင် ရေဒီယိုမှ မုန်တိုင်းသတိပေး ချက်များ လွှင့်ပေးနေသလို ၊ ကျေးရွာများတွင် အသံချဲ့စက်များဖြင့် လိုက်လံ သတိပေးလျက်ရှိသည်။

ခနော်ခနဲ့ ဒုက္ခသည် စခန်းများတွင် နေထိုင် နေရသော အိုးမဲ့အိမ်မဲ့ IDPs  များအတွက် အလွန်အမင်း စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆို ထားသည့် ကုလသမဂ္ဂ သဘာဝ ဘေး အန္တရာယ် အကဲဖြတ် အေဂျင်စီ က စစ်တွေတွင် ဒုက္ခသည် ၁၃,၀၀၀ ခန့် အတွက် တည်ဆောက်ပေးနေသော စီမံချက်မှာ အကောင်အထည်ဖော်နေဆဲ ဟု ပြောကြားပါသည်။

ကမ်းခြေ မြေနိမ့်ပိုင်းတွင် တည်ရှိသော ဒုက္ခသည် စခန်း အများစုသည် ပင်လယ်ဒီလှိုင်းဒဏ် ခံရဖွယ်ရှိသည်ဟု ကုလ အေဂျင်စီက သတိပေး နှိုးဆော်ထားပါသည်။

No comments:

Post a Comment