Monday, May 13, 2013

တရားမဝင်မူးယစ်ဆေးဝါးအန္တရာယ်တိုက်ဖျက်ရန် မဟာမဲခေါင်ဒေသနိုင်ငံများ ပူးပေါင်း ဆောင်ရွက်မည်

( www.scoop.com မှ 10 May 2013 ရက်စွဲပါ Greater Mekong cooperation to fight illicit drugs threat သတင်းကို ဘာသာပြန်ဆိုသည်။)
                                                         Photo Credit by unodc.org
အရှေ့တောင်အာရှတွင် မူးယစ်ဆေးဝါးအသုံးပြုမှုနှင့်ထုတ်လုပ်မှု လျင်မြန်စွာမြှင့်တက်လာမှုသည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်လျှက်ရှိသောကြောင့် မဟာမဲခေါင်ဒေသကိုယ်စားပြုခြောက်နိုင်ငံနှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုတိုက်ဖျက်ရေးအဖွဲ့ ( UNODC) တို့သည် မူးယစ်ဆေးဝါး ထုတ်လုပ်မှုမြှင့်တက်လာမှုကို လျော့ချနိုင်
ရန်အတွက် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် မေလ ၉ ရက်နေ့က သဘောတူ  လက်မှတ် ရေးထိုး
ခဲ့ကြသည်။

သဘောတူညီမှုသည်  ၁၉၉၃ ခုနှစ် မဟာမဲခေါင်ဒေသနိုင်ငံများအတွင်း မူးယစ်ဆေးဝါးထိန်းချုပ်မှု နားလည်မှု စာချွန်လွှာ(MOU) ကို လက်မှတ်ရေးထိုးထားသောနိုင်ငံများ အစည်းအဝေးအပြီးတွင် ထွက်ပေါ်လာခြင်း  ဖြစ်သည်။  အဆိုပါမူးယစ်ဆေးဝါးထိန်းချုပ်မှု နားလည်မှု စာချွန်လွှာတွင် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများသည် တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ဖြန့်ဖြူးရောင်းချမှုနှင့် အသုံးပြုမှုများ၏ အန္တရာယ်ကို တိုက်ဖျက်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ရာဇာဝတ်မှုတိုက်ဖျက်ရေး (UNODC) ရုံးမှ နည်းပညာပိုင်းဆိုင်ရာ ကူညီမှု၊ နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် နိုင်ငံ၏အာဏာပိုင်များနှင့် နယ်စပ်ဖြတ်ကျော်အဖွဲ့များသည် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး စနစ်များ၊ အစီစဉ်များ ချမှတ်ကာ တရားမ၀င်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် နှစ် ၂၀ ပူးပေါင်း ဆောင်ရွက်မည်ဟု အဆိုပါ နားလည်မှုစာချွန်လွှာတွင် ဖော်ပြထားသည်။

မေလ (၉)ရက်နေ့ နေပြည်တော်ကြေညာချက်ကို ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ ရှေ့မှောက်တွင်  မြန်မာနိုင်ငံ ကိုယ်စားပြု နားလည်မှုစာချွှန်လွှာ အဖွဲ့ဝင်ဖြစ်သူ ပြည်ထဲရေးဝန်ကြီးဌာမှ ဗိုလ်ချုပ် ကိုကိုနှင့် UNODC စာချုပ်အဖွဲ့မှ ဒါရိုက်တာ Mr. John Sandage တို့မှ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

“ဒီသဘောတူညီမှုဟာ MOU အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စတဲ့နိုင်ငံတွေရဲ့  ဒေသတွင်း  မူးယစ်ဆေးဝါးထိန်းချုပ်ရေးမှာ အကူအညီပေးတာတွေနဲ့ နှစ် ၂၀ ကျော် ပူးပေါင်းဆောင်ရွက်
ခဲ့တွေကို ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတဲ့ ကတိက၀တ်ကို ဆက်လက်တည်မြဲစေမှာ ဖြစ်တယ်” “ မိမိတို့ရဲ့ ဒေသတွင်း မူးယစ်ဆေးဝါး ပြဿနာတွေကို တိုက်ဖျက်ဖို့ အားထုတ်ဆောင်ရွက်နေ တာတွေကို နိုင်ငံတကာအသိုင်း အ၀ိုင်းက အသိအ
မှတ်ပြုလာဖို့အတွက် MOU အဖွဲ့ဝင်တွေအားလုံး မိမိတို့ရဲ့ကတိက၀တ်အတိုင်း ဆောင်ရွက်ကြရမယ်” ဟု ဗိုလ်ချုပ်ကိုကိုမှ အဆိုအပါအခမ်းအနားတွင်ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း ဒေသတွင်းနိုင်ငံများ၏ အောင်မြင်မှုအတွက် UNODC မှ Mr. Sandage က ချီးကျူးစကားဆိုခဲ့ပြီး ထိုကဲ့သို့အောင်မြင်ရခြင်းအဓိကအချက်များမှာ အရှေ့တောင်အာရှတွင် ဘိန်းစိုက်ပျိုးမှု လျော့ကျလာခြင်း၊ နယ်စပ်လိုင်စင်ရုံးများ  (BLOs)  ဖွဲ့စည်းခြင်း၊  ဓါတုဆေးဝါးထိန်းချုပ်မှု၊ မူးယစ်တိုက်ဖျက်ရေး ၀န်ထမ်းများအား ကွန်ပျူတာ
စနစ်ဖြင့် လေ့ကျင့်သင်ကြားပေးခြင်း နှင့် မူးယစ်ဆေး အသုံးပြုမှုကာကွယ်ကုသရေးအသိပညာမြင့်မားလာမှုတို့ကြောင့်ဖြစ်
သည်ဟု ၎င်းကဆိုသည်။

သို့သော် မဟာမဲခေါင်ဒေတွင်း ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်ရန် ကျန်ရှိနေသေးကြောင်း Mr. Sandage မှ တိုက်တွန်းပြောကြားခဲ့သည်။

“အဓိကစိန်ခေါ်မှုအနေနဲ့ကျန်ရှိနေတာတွေက ဘိန်းစိုက်ပျိုးမှုပြန်လည်မြှင့်တက်လာမှု၊ စိတ်ကြွရူးသွပ်ဆေး (ATS) ပျံ့နှံ့တိုးပွားလာမှု၊ ဒေသတွင်း မူးယစ်ဆေးဝါးသုံစွဲမှုပမာဏ မြင့်တက်လာတာတွေပဲ ဖြစ်ပါတယ်” “ UNODC အနေနဲ့ မူးယစ်ဆေးဝါးခြိမ်းခြောက်မှုတွေကိုနားလည်ဖို့ ၊ နည်းပညာပိုင်းဆိုင်ရာ ကူညီထောင်ပံနိုင်ဖို့နဲ့ ဒေသတွင်း အဖွဲ့အစည်း
များအတွင်း နယ်စပ်ဖြတ်ကျော်ပူးပေါင်း ဆောင်ရွက်မှုတွေကို ဦးဆောင်လမ်းပြနိုင်ဖို့စတဲ့ MOU ဖော်ပြထားတဲ့ ကနဦးအစီစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟု Mr. Sandage က ပြောကြားခဲ့သည်။
 

No comments:

Post a Comment