Friday, May 3, 2013

သမ္မတဦးသိန်းစိန် မှတ်တိုင်ဖြစ်မည့် ဝါရှင်တန်ခရီးစဉ်ကို စီစဉ်ဟုဆို

(3 May 2013 ရက်စွဲပါ AFP မှ Shaun Tandon ရေးသားသော Myanmar Leader plans landmark Washington visit: Source ကိုဘာသာပြန်ဆိုပါသည်)
                                                          Photo Credit By Online

             မြန်မာနိုင်ငံသမ္မတသည် မှတ်တိုင်ထူမည့် ဝါရှင်တန်သို့ ယခုလသွားရောက်လည်ပတ်မည့် ခရီးစဉ်ကို စီစဉ်လျက်ရှိကြောင်း သတင်းတစ်ရပ်က ကြာသာပတေးနေ့က ပြောပါသည်။ 

              မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုရှိသော်လည်း အမေရိကန်ပြည်ထောင်စုသည် ဗီဇာကန့်သတ်ချက်များ လျှော့ချခြင်းဖြင့် ထောက်ခံမှု လက္ခဏာကို ပြသခဲ့ပါသည်။ 
          သမ္မတဦးသိန်းစိန်သည် အမေရိကန်မြို့တော်ကို မေလ (၂၀) သို့မဟုတ် (၂၁) ဝန်းကျင်တွင် လာရောက်ရန် စီစဉ်နေရာ ရာစုနှစ်တစ်ဝက်ခန့်အတွင်း အမေရိကန်သို့လည်ပတ်သော ပထမဆုံး မြန်မာခေါင်းဆောင် ဖြစ်လာမည်ဖြစ်ပါကြောင်း အမည်မဖော်လိုသူ ကွန်ဂရက်မှ အဖွဲ့ဝင် အရာရှိတစ်ဦးက AFP သို့ပြောကြားခဲ့ပါသည်။
          အဆိုပါခရီးစဉ်တွင် အိမ်ဖြူတော်၌ သမ္မတ Barack Obama နှင့် ဆွေးနွေးမှုလည်း ပါဝင်မည်ဖြစ်ပါ သည်။ အစိုးရတာဝန်ရှိသူများက မည်သည့်ကြေညာချက်မျှ ပြုလုပ်ရန်မရှိကြောင်း ပြောခဲ့ပါသည်။ သို့သော် ယခင်က ဦးသိန်းစိန်လာရောက်လည်ပတ်ရေးအတွက် လေ့လာလျက်ရှိကြောင်း ဆိုခဲ့ပါသည်။
          နွေးထွေးသော ဆက်ဆံရေး၏ နောက်ထပ်ခြေလှမ်းတစ်ခုအဖြစ် နိုင်ငံခြားရေးဝန်ကြီး John Kerry သည် ကြာသာပတေးနေ့က စစ်အုပ်ချုပ်ရေးကာလအတွင်း ဒီမိုကရေစီကို နှောင့်နှေးကြန့်ကြာစေကြောင်း စွပ်စွဲမှုဖြင့် ၁၉၉၆ခုနှစ်က ဗီဇာပိတ်ပင်ထားသော မြန်မာနိုင်ငံသားများအား ကန့်သတ်ချက်ကို ရုပ်သိမ်းပေးခဲ့ပါသည်။
         လူ့အခွင့်အရေးကျူးလွန်ဖောက်ဖျက်ကြောင်း စွပ်စွဲခံရသူများအပေါ် သီးခြားကန့်သတ်ချက်ဖြင့် ဗီဇာပိတ်ပင်ခံထားရသူများမှာမူ ဆက်လက်ကျန်ရှိမည် ဖြစ်ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး ကပြောကြားရာတွင် ၁၉၉၆ ခုနှစ်က ပိတ်ပင်ထားမှုများမှာ အစိုးရလုပ်သားများ၊ အရာရှိများ အချို့ပင်စင်စားများ အထိကျယ်ပြန့်စွာ ပါဝင်သည်ဟု ဆိုပါသည်။
        အဆိုပါ အမျိုးအစားများတွင် ပါဝင်သူ အတော်များများသည် ယခုအခါ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များတွင် ပါဝင်လုပ်ဆောင်နေရာ အမေရိကန်ပြည်ထောင်စုသို့လာရောက်ပြီး ဆက်ဆံရေးတိုးမြှင့်ရန် လိုအပ်မည် ဖြစ်ကြောင်း အမည်မဖော်လိုသူတာဝန်ရှိသူတစ်ဦးက သတင်းထောက်များသို့ ပြောကြားခဲ့ပါသည်။
        အမေရိကန်၏ ဆုံးဖြတ်မှုများသည် မြန်မာအစိုးရလုပ်ဆောင်ခဲ့သော အရေးကြီးသော ပြောင်းလဲမှုများ ကို အသိအမှတ်ပြုပြီး ၊ မြန်မာအစိုးရနှင့် ပြည်သူများကို နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုလမ်းကြောင်း ပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင်ရေးအားပေးကာ စွမ်းအားမြှင့်တင်ပေးပါသည်ဟု ၎င်းကပြောပါသည်။
        ကွန်ဂရက်မှ သတင်းရင်းမြစ်တစ်ခုအဆိုအရ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း နောက်ထပ်ခြေလှမ်း လှမ်း နိုင်ရန်စဉ်းစားနေကြောင်း၊ Burma မှ မြန်မာဟု ပြောင်းလဲခေါ်ဝေါ်ရန်ကိစ္စမျိုးဖြစ်ကြောင်း သိရပါသည်။
        အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအား GSP (Generalized System of Preterences) အစီ အစဉ်တွင် ပါဝင်ခွင့်ရရေး စဉ်းစားလျက်ရှိပါသည်။ အဆိုပါ အစီအစဉ်အရ မြန်မာနိုင်ငံမှ ထုတ်ကုန် (၅၀၀၀) ခန့်အထိ အခွန်ကင်းလွတ်ခွင့်ရနိုင်မည်ဖြစ်ပါသည်။
        Obama သည် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ အသွင်ကူပြောင်းရေး အတွက် ချီးကျူးခဲ့ပါသည်။ သို့သော်  ပြုပြင်ပြောင်းလဲမှုများ အထူးသဖြင့် တိုင်းရင်းသားများအပေါ်
ဆောင်ရွက် မှုများအတွက် တိုးတက်မှုရှိစေရန် တောင်းဆိုခဲ့ပါသည်။

        သို့သော် ဦးသိန်းစိန်၏ ယခု ခရီးစဉ်မှာမူ ရိုဟင်ဂျာများအပေါ် ပြင်းထန်စွာ လုပ်ဆောင်မှုများ
ပေါ်ပေါက် နေခြင်းကြောင့် အငြင်းပွားဖွယ်များရှိနိုင်သည်ဟု မျှော်လင့်ရပါသည်။ ရိုဟင်ဂျာများမှာ မွတ်ဆလင်များဖြစ်ပြီး မြန်မာနိုင်ငံသားဟု ထည့်သွင်းစဉ်းစားခြင်း မခံရသူများ ဖြစ်ပါသည်။
               မကြာသေးမီက Human Rights Watch မှ လေ့လာမှုတစ်ခုတွင် မြန်မာနိုင်ငံအား ရိုဟင်ဂျာ
များအပေါ် အပြတ်ရှင်းရေး စီမံချက်များလုပ်ဆောင်နေသည်ဟု စွပ်စွဲထားပါသည်။

             ဝါရှင်တန်အခြေစိုက် US Campaign Quigley က Obama အစိုးရသည် အပေါင်းလက္ခ
ဏာဆောင် သော ဖွံ့ဖြိုးတိုးတက်မှုများအပေါ်တွင်သာ တုန့်ပြန်ပြီး ပြဿနာများကို လစ်လျူရှုထားကြောင်း စွပ်စွဲခဲ့ပါသည်။

        “ဒီလိုအခြေအနေမျိုးမှာ သူ့ကိုဖိတ်တာဟာ အပေါင်းလက္ခဏာဆောင်တဲ့ ဆက်ဆံရေးအတွက် အင်အားတစ်ရပ်ပေးပါတယ်။ ပြင်းထန်သော ဖြစ်ရပ်တွေကိုထိန်းချုပ်ဖို့ မြန်မာအစိုးရ လုပ်ဆောင်ရေးကို အမေရိကန်က ဘာမျှမလှုပ်ခဲ့ပါဘူး” ဟု Jennifer က ပြောပါသည်။
            ဦးသိန်းစိန်၏ ယခု ဝါရှင်တန်ခရီးစဉ်သည် ၁၉၆၆ ခုနှစ် သမ္မတ Lyndon Johnson က စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်းအား ဖိတ်ကြားပြီးနောက် ယခု ပထမဆုံးဖြစ်ပါသည်။ ဦးသိန်းစိန်သည် ယခင်က ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ရန် အမေရိကန်သို့လာရောက်ခဲ့ဘူးသော်လည်း၊ နယူးယောက် တွင်သာ တွေ့ဆုံမှုများရှိခဲ့ပါသည်။

No comments:

Post a Comment