Friday, May 3, 2013

အမေရိကန်က မြန်မာနိုင်ငံသားများအပေါ် ဗီဇာကန့်သတ်ချက်ပယ်ဖျက်



(3 May 2013 ရက်စွဲပါ Business Standard မှ US Lifts Visa ban on Myanmar, national emergency continue ကို ဘာသာပြန်ဆိုပါသည်)
 
             အစိုးရ၏  ဆုံးဖြတ်ချက်များသည်စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၏ အစိတ်အပိုင်း
ဖြစ်သည်ဟု စဉ်းစားလျက် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် ဗီဇာကန့်သတ်မှုပြုလုပ်
ထားခြင်း များကို ဖယ်ရှားရန်  ဆုံးဖြတ်ခဲ့ပါသည်။ သို့သော် မြန်မာနိုင်ငံအပေါ်နိုင်ငံအဆင့် အရေးပေါ်
( National Emergency) သတ်မှတ်ထားခြင်းကို တစ်နှစ်ဆက် လက်ထား ရှိဦးမည်ဖြစ်ပါသည်။

        “ဒီခြေလှမ်းတွေဟာ မြန်မာအစိုးရက လုပ်ဆောင်ခဲ့တဲ့ အရေးကြီးတဲ့ ပြောင်းလဲမှုတွေအပေါ် မှန်ကန်ကြောင်း လက်ခံလိုက်တဲ့ သဘောပါပဲ၊ အစိုးရနဲ့ ပြည်သူတွေအပေါ်မှာလည်း နိုင်ငံရေးနဲ့ စီးပွါးရေး
ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းကို ဆက်လျှောက်ဖို့အားပေးပြီး၊ ပါဝါတွေတိုးစေပါတယ်” ဟု ဗီဇာကိစ္စနှင့် ပတ်သက်ပြီး သမ္မတ Obama ကအမိန့်ထုတ်ပြန်ပြီးနောက် အကြီးတန်းအုပ် ချုပ်ရေးအရာရှိ တစ်ဦးက
ပြောပါ သည်။

        အမေရိကန်ကမူ မြန်မာနိုင်ငံကို ယခင်အမည် Burma ဟုသာ ရည်ညွှန်းပါသည်။ Obama  က ကွန်ဂရက်သို့ပေးပို့သော   စာတွင်ဖော်ပြထားရာ၌     မြန်မာအစိုးရသည်နိုင်ငံရေးအကျဉ်းသား   များလွှတ်
ပေးခြင်း၊လက်နက်ကိုင် (၁၁) ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ အောင်မြင်မှုရခြင်း၊ သတင်းစာ ဆင်ဆာများဖယ်ရှားရေးအတွက်   ခြေလှမ်းများလှမ်းလျက်ရှိခြင်းနှင့်  နိုင်ငံရေးစံနစ်တွင်   အတိုက်အခံ ပါတီများ ပါဝင်ခွင့်ရလာခြင်းအပါအဝင် အရေးကြီးသော တိုးတက်မှုများ လုပ်ဆောင်နိုင် ခဲ့သည်ဟု ဆိုပါသည်။

        သို့သော် Obama က မြန်မာနိုင်ငံ၏ အခြေအနေသည် အမေရိကန်၏ နိုင်ငံခြားရေးဝါဒနှင့် အမျိုးသား လုံခြုံရေးကို သာမန်ထက်ပိုသော အထူးခြိမ်းခြောက်မှုများ ရှိဆဲဖြစ်ပြီး အထူးသဖြင့် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံမှုများ ဆက်လက်ရှိနေခြင်းကို ရှုမြင်ရာတွင်တွေ့
ရကြောင်း မှတ်သားရသည်ဟု ဆိုပါသည်။

        သမ္မတ Obama ဆက်လက်ပြောကြားရာတွင် ကျန်ရှိသော နိုင်ငံရေးအကျဉ်းသားများ ကိစ္စနှင့် တိုင်းရင်းသားဒေသများတွင် လက်ရှိပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် စိုးရိမ်ပူပန်မှုကို ဆက်လက်ဖြစ်ပေါ်စေကြောင်း ဆိုပါသည်။

          “အမေရိကန်ပြည်ထောင်စုဟာဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ နောက်ပြန်မလှည့်ရေး သေချာ
စေဖို့ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှုများနှင့် အားကောင်းစေရန် ထောက်ခံကူညီမှုများ
ပြုလုပ်ရန် သံန္ဒိဌာန် ချထားပြီး ဖြစ်ပါတယ်။ ဒီ အကြောင်းကြောင့် ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေကို ဆက်ထားဖို့ လိုအပ်မယ်လို့ ဆုံးဖြတ်
ထားပါတယ်” ဟု Obama က ၎င်း၏စာတွင် ပြောကြားထားပါသည်။


        အမည်မဖော်လိုသူ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးကပြောကြားရာတွင် ယခု ဆုံးဖြတ်ချက်ကြောင့် ၎င်းတို့အား ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို ဦးဆောင်ပြီး ပါဝင်ဆောင်ရွက်နေသော မြန်မာနိုင်ငံမှ ပုဂ္ဂိုလ်များနှင့် နှစ်ဦးနှစ်ဖက်ဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်ရန် ခွင့်ပြုလာခြင်းဖြစ်ကြောင်း ဆိုပါသည်။

No comments:

Post a Comment