တပတ်အတွင်း စီးပွားရေးသတင်းများကို
စာဖတ်သူများသိစေရန်အလို့ဌာ Yangon Chronicle မှ စုစည်းတင် ပြလိုက်ပါသည်။သတင်းအဖွဲ့
(၁) IMF ၏သုံးသပ်ချက်
မြန်မာနိုင်ငံသည်
ကမ္ဘာ့စီးပွားရေး အသိုင်းအ၀ိုင်းထဲသို့ ပြန်လည် ၀င်နိုင်ရန် ကြိုးစားလာ သည်ကိုတွေ့နေ
ရကာ ပြီးခဲ့သည့်နှစ်တွင် ပြုလုပ်ခဲ့သောဒီမိုကရေစီ အပြောင်းအလဲများကြောင့် စီးပွားရေး ကြီးထွားမှု လျင်လျင်မြန်မြန် ဖြစ်ပေါ်လာသည်ကို တွေ့နေရသည်ဟု IMF ၏ဧပြီလအစီရင် ခံစာ တွင် မြန်မာနိုင်ငံ ဆိုင်ရာ ခန့်မှန်းချက်ကို ဖော်ပြထားကြောင်း သိရှိရသည်။
ရကာ ပြီးခဲ့သည့်နှစ်တွင် ပြုလုပ်ခဲ့သောဒီမိုကရေစီ အပြောင်းအလဲများကြောင့် စီးပွားရေး ကြီးထွားမှု လျင်လျင်မြန်မြန် ဖြစ်ပေါ်လာသည်ကို တွေ့နေရသည်ဟု IMF ၏ဧပြီလအစီရင် ခံစာ တွင် မြန်မာနိုင်ငံ ဆိုင်ရာ ခန့်မှန်းချက်ကို ဖော်ပြထားကြောင်း သိရှိရသည်။
၂၀၁၃ ခုနှစ်
ပထမ လေးလပတ်ထဲတွင် မြန်မာနိုင်ငံ၏ သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ တစ် ဟုန်ထိုး မြင့်မား
လာရခြင်းမှာ အထည်ချုပ်စက်ရုံများ၏ ထွက်ကုန်တိုးတက်လာခြင်းနှင့် စီးပွားရေးပိတ် ဆို့ထားသော
နိုင်ငံများက ပိတ်ဆို့မှုများ ရုပ်သိမ်းပေးခဲ့ခြင်းကြောင့်ဟု သုံးသပ်ဖော်ပြထားသည်။
ထို့အပြင်
မြန်မာနိုင်ငံတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေး၍ ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်လာမှု အပေါ်တွင် မူတည်ပြီး စီးပွားရေး အလားအလာလည်း မြင့်မားလာကြောင်း ဖော်ပြထားကာ
ဝင်ငွေနည်း စီးပွားရေးလုပ်ငန်းများ တွင်ကျယ်သော ဒေသတွင်းနိုင်ငံများတွင် ဆင်းရဲတွင်းနက်နေခြင်းသည်
ရသုံးငွေ ကွာဟမှုများပြားခြင်းကို ထိန်းညှိမပေးနိုင်သောကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့
နိုင်ငံမျိုးတွင် နှစ်စဉ် လိုငွေပြမှုကို ထိန်းထားနိုင်မည့်နည်းလမ်းဖြစ်သည့် မြင့်မား၍
တည်ငြိမ်မှုရှိသော အခွန်ဘဏ္ဍာရရှိရန် လို အပ်နေသည်ဟု အကြံပေးထားဖော်ပြထားသည်။
၂၀၁၃-၂၀၁၄
ဘဏ္ဍာနှစ်အတွင်းတွင် ယခုကဲ့သို့လုပ်ဆောင်ချက်များ၏ အကျိုးအမြတ်များ ကို မြန်မာနိုင်ငံ
ခံစားရမည်ဖြစ်ပြီးစီးပွားရေးကြီးထွားမှုနှုန်း၇ရာခိုင်နှုန်းခန့်အထိတိုးတက်လာနိုင်ကြောင်း
လည်း IMF က ခန့်မှန်းထားသည်။
လည်း IMF က ခန့်မှန်းထားသည်။
(၂) ရင်းနှီးမြှုပ်နှံမှု
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၏
အခြေအနေနှင့် ပတ်သက်ပြီး ပြင်သစ်နိုင်ငံ စစ်သံရုံးမှ စီးပွားရေး လက်ထောက်သံမှူးသည်
ဧပြီလအတွင်းမြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်
သို့လာရောက်ကာ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သို့လာရောက်ကာ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့တွေ့ဆုံရာတွင် ပြင်သစ်နိုင်ငံ၏
စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ နည်းပညာများကို မိတ်ဆက် ဆွေးနွေး မှုများ ပြုလုပ်ခဲ့ပြီး
ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် အလားအလာ များကို
ပြည်တွင်း လုပ်ငန်းရှင် များနှင့် တွေ့ဆုံဆွေးနွေး လိုကြောင်း မြန်မာနိုင်ငံ ဆိုင် ရာ
ပြင်သစ်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပြင်သစ်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံရန်
စိတ်ဝင်စားလျက်ရှိပြီး လက်ရှိတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများကို လာရောက်လေ့လာလျှက်ရှိကာ
နည်းပညာအကူအညီများပေးရန် ကမ်းလှမ်းမှုများ ရှိနေကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ၏
ဒုတိယအကြီးဆုံး ကူးသန်းရောင်းဝယ်ရေးဘဏ်ဖြစ်သော Krung Thai Bank ( ထိုင်း တောင်သူလယ်သမားများဘဏ်) သည်
မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် ပူးပေါင်းကာ တောင်သူလယ်သမားများအတွက်
ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း များ လုပ် ကိုင်ဆောင် ရွက်ရန် စီစဉ်လျက်ရှိကြောင်း
သိရှိရသည်။
Krung
Thai Bank အနေဖြင့် ယင်း၏ ငွေကြေးဆိုင်ရာကုမ္ပဏီဖြစ်သော KT.ZMICO မှ တစ်ဆင့် ပြည်တွင်းရှိ
ပါတီများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာမြန်မာနိုင်ငံရှိတောင်သူလယ်သမားများ
အတွက် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အတွက် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
(၄) ဆက်သွယ်ရေးကဏ္ဍ
ဆက်သွယ်ရေးနှင့်
သတင်းအချက်အလက်ဆိုင်ရာ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက်
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏
ဝန်ဆောင်များအနက် ခုနှစ်မျိုးကို အကျိုးတူပူးပေါင်းဆောင် ရွက်သွား မည်ဖြစ် ကြောင်း သိရှိရသည်။
အဆိုပါ လုပ်ငန်းခုနှစ်မျိုးမှာ မိုဘိုင်းလ်ဆက်သွယ်ရေးလုပ်ငန်း၊ အဝေး ဆက်သွယ်ရေး လုပ်ငန်း၊
အော်တိုဖုန်းလုပ်ငန်း၊ ပြည်ပဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက် အလက်နှင့် နည်းပညာဌာန၊ စာတိုက်နှင့်ကြေးနန်း
ဆက်သွယ်ရေး၊ ယင်းတို့နှင့် စပ်ဆက်သော လုပ်ငန်းအမျိုးအစား ၃၁ တို့ဖြစ်သည်။
ထိုသို့လုပ်ဆောင်ရန်
အကျိုးတူပူးပေါင်းဆောင်ရွက်လိုသည့် ကုမ္ပဏီများ၊ အဖွဲ့အစည်း များနှင့် ဆွေးနွေးညှိနှိုင်း ပွဲကို
ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့ရာ ကုမ္ပဏီအဖွဲ့အစည်း
၈၅ ခုမှ ကိုယ်စားလှယ်ပေါင်း ၁၅၅ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
(၂) နယ်စပ်ကုန်သွယ်ရေး
မြန်မာနှင့်
ထိုင်းနိုင်ငံအကြားတွင် မြန်မာနိုင်ငံဘက်အခြမ်းမှ နယ်စပ်ကုန်သွယ်ရေးစခန်း အသစ်သုံးခုကို
တိုးချဲ့သွားမည်ဖြစ်ကာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ မောတောင်ဒေသ နယ်စပ် ကုန်သွယ်ရေး
စခန်း၊ ထားဝယ်ခရိုင် မေတ္တာမြို့နယ်အတွင်းရှိ ထီးခီးဒေသနယ်စပ် ကုန်သွယ်ရေး စခန်းနှင့်
ကယားပြည်နယ် မယ်စဲ့မြို့နယ်တွင်ရှိသော မယ်စဲ့ဒေသနယ်စပ်ကုန်သွယ်ရေးစခန်း တို့ဖြစ်သည်။
မြန်မာနိုင်ငံနှင့်
ထိုင်းနိုင်ငံအကြား နှစ်နိုင်ငံကုန်သွယ်မှု ပမာဏကို အာဆီယံစီးပွားရေးအသိုင်းအဝိုင်းထဲသို့
ဝင်ရောက်မည့် ၂၀၁၅ ခုနှစ်တွင် သုံးဆမြှင့်တင်ရန် ရည်မှန်းထားကြောင်းကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၂ရက် နေ့က ထိုင်းနိုင်ငံတွင်
ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ် မြန်မာ - ထိုင်း ကုန်သွယ်ရေး ပူးတွဲကော်မရှင် အစည်းအဝေးတွင်
သဘောတူညီမှု ရရှိခဲ့ကြောင်းသိရသည်။
နှစ်နိုင်ငံကုန်သွယ်ရေးပမာဏမှာ
၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆၈၁ သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏
စာရင်းများအရ သိရှိရသည်။
ထို့အပြင်
ယခုနှစ် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်စတွင် ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုဝင်ငွေမှာ နယ်စပ်စခန်းများ
မှ ဧပြီလ တတိယ သီတင်းပတ်အထိ ဒေါ်လာ ၂၈ သန်းကျော်ရရှိထားပြီးဖြစ်ကြောင်း ငါးလုပ်ငန်းစစ်ဆေးရေး
နှင့် အရည်သွေးထိန်းချုပ်ရေးဌာန( FIQC ) မှသိရှိရသည်။
ယခုနှစ်လျာထားချက် ဒေါ်လာသန်း
၂၆၀ တွင် တင်ပို့နိုင်မှုမှာ မတ်ထရစ်တန် ၁၁,၁၆၇
တင်ပို့ခဲ့ပြီး ဝင်ငွေကန်ဒေါ်လာ ၁၃ သန်းရရှိပြီးဖြစ်ကြောင်း FIQC စာရင်းများအရ သိရှိရသည်။
No comments:
Post a Comment