Thursday, May 16, 2013

အထူးပြောင်းလဲရေးဇုန် တည်ထောင်မည်

မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့တွင် အထူးစီးပွားရေးဇုန်ကဲ့သို့သော သီးခြားဖော်
 ဆောင်နိုင်သည့်  အရပ်ဘက်အဖွဲ့အစည်းများ၊  ရွေးကောက်တင်မြှောက်ခြင်း ခံရသော  ကိုယ်စားလှယ်များနှင့်ဒေသန္တရအုပ်ချုပ်
ရေးအဖွဲ့များပါဝင်သော အထူးပြောင်းလဲရေးဇုန် Special Reform Zone ကိုဖွဲ့စည်းပြီး အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MDRI(Myanmar Development Research Insitute)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ အထူးပြောင်းလဲရေးဇုန် SRZ         ဖွဲ့စည်းရေးအဆိုပြုချက်ကို နိုင်ငံတော်သမ္မတရုံးမှ ခွင့်ပြုထားပြီးသက်ဆိုင်ရာ
မြို့နယ်အုပ်ချုပ်ရေးရုံးနှင့် ဝန်ကြီးဌာနများသို့ ထပ်မံတင်ပြကာ အတည်ပြုချက်ရယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း MDRI   အဖွဲ့မှ အကြီးအကဲတစ်ဦးဖြစ်သူ ဦးတင်မောင်သန်းက ပြောကြားခဲ့သည်။ 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်များကို စီးပွားရေးနဲ့အဓိက ဆက်စပ်နေတဲ့မြို့နယ်များ အထူးသဖြင့် ရှမ်းပြည်နယ်ရှိ အင်းလေး ဒေသကဲ့သို့သော မြို့နယ်များကိုရွေးချယ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အရပ်ဘက်လူမှု အဖွဲ့အစည်း(NGO)များ အားကောင်းသည့်ဒေသများနှင့် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်မည့် နေရာများ၊ ဒေသန္တရ အုပ်ချုပ်ရေးကို ဖွံဖြိုးစေသော နေရာများတွင် အဓိကဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သက်ဆိုင်ရာမြို့နယ်များအလိုက် လုပ်ကိုင်ရာတွင်လည်း ဗဟိုမှချုပ်ကိုင်မှုစနစ်ပပျောက်နိုင်စေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Special Reform  Zone(အထူးပြောင်းလဲရေးဇုန်) ဖော်ဆောင်မည့်အစီအစဉ်ကို နိုင်ငံတကာမှအလှူရှင်များ ၏ အကူအညီများ ရယူ၍  ရန်ပုံငွေတစ်ရပ် တည်ထောင်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်ဖြစ်ကြောင်း သိရှိရ သည်။

လက်ရှိ မြန်မာနိုင်ငံအစိုးရသစ်မှ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များလုပ်ဆောင်ရာတွင် သမ္မတအပါအဝင် အစိုးရ အကြီးအကဲများကြားတွင်သာ ပြောင်းလဲလျက်ရှိပြီး အောက်ခြေပိုင်းတွင် ပြောင်းလဲမှုများရှိရန် လိုအပ်နေသေးသည့်အတွက် ယခုကဲ့သို့ အထူးပြောင်းလဲရေးဇုန်(SRZ)များ ဖွဲ့စည်းရန်ရခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment