Thursday, May 16, 2013

ဆိုင်ကလုန်းအားပျော့သွားသော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတွင် တပ်လှန့်ထားဆဲ


(AFP မှ 15 May 2013 ရက်စွဲပါ “Cyclone weakens but Bangladesh, Myanmar on alert:UN” သတင်းကို ဘာသာပြန်ဆိုသည်)

   ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာကမ်းခြေမြေနိမ့်ပိုင်းများသို့ ခြိမ်းခြောက်နေသည့် ဆိုင်ကလုန်းမဟာဆင် အားလျော့သွားပုံ ရသော်လည်း ၎င်းဒေသမှ လူ ၈ သန်းခန့်ကို အန္တရာယ်ပြုနိုင်ဆဲပင် ဖြစ်သည်ဟု ကုလသမဂ္ဂက ဆိုပါသည်။

      “ဆိုင်ကလုန်းသည် အားပျော့သွားပုံရပြီး အဆင့် ၁ Category ဆိုင်ကလုန်းအဖြစ်သို့ လျှော့သွားသည်” ဟု ကုလလူသားချင်းစာနာမှုညှိနှိုင်းရေးဌာန UN OCHA က အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာသည်။

          သို့သော်လည်း အရှေ့မြောက် အိန္ဒယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာအနောက်ပိုင်းမှ လူ ၈ သန်းခန့်ကို အန္တရာယ်ပြုနိုင်ဆဲဖြစ်ပြီး စစ်တကောင်းနှင့် ကော့ဘဇားခရိုင်သည် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ၃ သိန်းခန့်
နေထိုင်ရာဒေသ ဖြစ်သည်။

          ဆိုင်ကလုန်းဒဏ်ကို ကိုင်တွယ်ရန်အတွက် ဆေးကုသရေးအဖွဲ့ ၁၁၃ ဖွဲ့ ကို စုစည်းပြင်ဆင်ထားပြီး အစိုးရဝန်ထမ်းများအားလုံးခွင့်မယူရဟု ဘင်္ဂလားဒေ့ရှ်ဒေသအာဏာပိုင်များက ပြောကြားသည်။

          ဘင်္ဂလားဒေ့ရှ်သဘာဝဘေးဒဏ်စီမံခန့်ခွဲရေးဝန်ကြီး မာမွတ်အလီက ကမ်းခြေခရိုင် ၁၃ ခုစလုံးတွင် ဆိုင်ကလုန်းအတွက် ပြင်ဆင်မှုအားလုံးလုပ်ဆောင်ပြီးပြီဟု ပြောကြားပါသည်။

          ဆိုင်ကလုန်းကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ရာတွင် ရခိုင်နယ်စပ်မှ အာဏာပိုင်များထက် ဘင်္ဂလားဒေ့ရှ် ကပိုမိုကောင်းမွန်သည်ဟုကျွမ်းကျင်သူအကဲခတ်များက မှတ်ချက်ပေးကြသည်။

          မြန်မာနိုင်ငံတွင်လည်း အစိုးရအကြီးတန်းတာဝန်ရှိသူများကိုယ်တိုင် ရခိုင်တွင် ရုံးထိုင်၍ ကြိုတင် ကာကွယ်ရေး  အစီအမံများပြုလုပ် လျက်ရှိသည်။  ရခိုင်ပြည်နယ်တွင်  ဆိုင်ကလုန်းလမ်းကြောင်း   မလွတ်
သည့် နေရာမှ ဒုက္ခသည် ၃၈၀၀၀ ခန့်ကို အင်္ဂါနေ့နောက်ဆုံးထား၍ ရွှေ့ပြောင်းပေးရန် စီစဉ်ခဲ့သော်လည်း အမှန်တကယ်ရွှေ့ပြောင်းသည့်အရေအတွက်ကိုတိကျစွာမသိရဟု OCHA ကပြောကြားသည်။

       အချို့သော ရိုဟင်ဂျာများက နေရာရွှေ့ရန် ငြင်းဆန်ကြသည်ဟု သိရှိရပြီး၊ တိတ်တဆိတ်ထွက်ပြေးသူ ရိုဟင်ဂျာများမှာလည်း  စက်လှေနစ်မြှုပ်ကာ  ၅၈  ဦးပျောက်ဆုံးနေသည် တရားဝင်သတင်းများအရ သိရှိ
ရသည်။

         ယခုနှစ်   မုန်သုံရာသီမစမှီကပင်  မုန်တိုင်းအန္တရာယ်ရှိကြောင်း  ကြိုတင်သတိပေး  ခဲ့သော်လည်း
မြန်မာအာဏာပိုင်များ၏ အစီအမံများ နောက်ကျလွန်းသည်ဟု လူ့အခွင့်အရေးအုပ်စု များက ထောက်ပြဝေ
ဖန်ထားကြသည်။

No comments:

Post a Comment