Thursday, May 16, 2013

မြန်မာ့ရေနံလုပ်ကွက်များရရှိရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ကြရန် အိန္ဒိယအစိုးရ တိုက်တွန်း


(The Economic Times မှ 16 May 2013 ရက်စွဲပါ “Put joint effort for Myanmar oil blocks: Govt to private cos, PSUs” သတင်းကို ဘာသာပြန်ဆိုသည်)
                                                      Photo Credit by The Economic Times

အိန္ဒိယအစိုးရသည် အိမ်နီးချင်းမြန်မာနိုင်ငံမှ ရေနံနှင့် ဓါတ်ငွေ့လုပ်ကွက်များကို လေလံဆွဲရာတွင် ပုဂ္ဂလိကနှင့် နိုင်ငံပိုင်ကုမ္ပဏီများ ညှိနှိုင်းလုပ်ဆောင်သည့် နည်းလမ်းကိုလိုလားလျက်ရှိပြီး၊ သို့မှသာလျှင် တရုတ်ကုမ္ပဏီများ၏ စက်ကွင်း မလွတ်သည့် မဟာဗျူဟာမြောက်ဒေသမှ အရေးပါသော စွမ်းအင်ရင်းမြစ်များကို အိန္ဒိယနိုင်ငံက ရရှိနိုင်လိမ့်မည်ဟု ဆိုပါ သည်။

မြန်မာနိုင်ငံမှ ရေနက်ပိုင်လုပ်ကွက် ၁၉ နေရာနှင့် ရေတိမ်ပိုင်းလုပ်ကွက် ၁၁ နေရာအတွက် လေလံဆွဲရာတွင် အိန္ဒိယကုမ္ပဏီအနည်းဆုံး ၆ ခုခန့် ပါဝင်ပတ်သက်လျှက်ရှိသည်။ မြန်မာနိုင်ငံသည် လုပ်ကွက် ၃၀ တင်ဒါခေါ်မည့် အစီအစဉ် ကို ဇန်နဝါရီလက ထုန်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး၊ စိတ်ဝင်စားသော ကုမ္ပဏီများအနေဖြင့် နောက်လလယ် နောက်ဆုံးထား၍ အဆိုပြုလွှာ တင်သွင်းကြရမည်ဖြစ်သည်။

ပြီးခဲ့သော သတင်းပတ်အတွင်း အိန္ဒိယရေနံနှင့် သဘာဝဓါတ်ငွေ့ဝန်ကြီးဌာနက အိန္ဒိယကုမ္ပဏီများ မြန်မာ ကမ်းလွန်ရေနံ၊ ဓါတ်ငွေ့ လုပ်ကွက်များတင်ဒါဆွဲရာတွင် ပါဝင်နေသည့် ကိစ္စနှင့်ပတ်သက်၍ဆွေးနွေးရန် Chirn India, Jubilant Oil and Gas, Prize Petroleum Company, Gugarat Natural Resources ကုမ္ပဏီများမှ အမှုဆောင်များကို တောင်းဆိုလိုက်ပါသည်။

အလားအလာကောင်းသော အိန္ဒိယကုမ္ပဏီများအနေဖြင့် နိုင်ငံတကာနှင့် ပြိုင်ဆိုင်နိုင်ရန်အတွက် အချင်းချင်း ညှိနှိုင်း၍ဆောင်ရွက်ကြရန် ဝန်ကြီးဌာနကတိုက်တွန်းခဲ့သည်ဟု ၎င်းကိစ္စနှင့်နီးစပ်သူ ရေနံကုမ္ပဏီအမှုဆောင် အရာရှိတစ်ဦး က ပြောကြားသည်။

၎င်းအမှုဆောင်အရာရှိက “တရုတ်နိုင်ငံသည် မြန်မာစွမ်းအင်နယ်ပယ်တွင် အကြီးဆုံးရင်းနှီးမြှုပ်နှံသူ ဖြစ်နေကြောင်း၊ အိန္ဒိယ အစိုးရအနေဖြင့် မဟာဗျူမြောက် အကြောင်းရင်းများကြောင့် အိမ်နီးချင်းမြန်မာနိုင်ငံမှ စွမ်းအင်ရင်းမြစ်များ ရရှိရေးကို အဆုံးရှုံးမခံလိုကြောင်း” ဆက်လက်ပြောကြားသည်။

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သော အိန္ဒိယနှင့် တရုတ်တို့သည် စီးပွားရေးဖွံ့ဖြိုးမှုကြောင့် မြန်မြန်ဆန်ဆန် ကြီးထွားလာသည့်စွမ်းအင်လိုအပ်ချက်ကိုဖြည့်ဆည်းရန်အတွက် ကမ္ဘာ့နေရာအနှံရေနံနှင့်ဓါတ်ငွေ့ ရှာဖွေထုတ်ယူခွင့်အတွက် ပြိုင်ဆိုင်လျက်ရှိကြသည်။

Oil India နှင့် ONGC Videsh Ltd တို့သည်လည်းမြန်မာ နိုင်ငံမှ လုပ်ကွက်များကို စိတ်ဝင်စားနေကြသည်။ မြန်မာနိုင်ငံ၏ ရေနံလုပ်ကွက်တင်ဒါပြိုင်ဆိုင်ရာတွင် သြစတြေးလျ၊ အိန္ဒိယ၊ ကနေဒါ၊ အင်ဒိုနီးရှား၊ ဗြိတိန်၊ တရုတ်၊ မလေးရှား၊ ပါကစ္စတန်အပါအဝင် နိုင်ငံများစွာမှ ရေနံရှာဖွေရေး ကုမ္ပဏီ ၆၈ ခန့် ပါဝင်နေသည်။

ကုမ္ပဏီအများစုသည် မြန်မာနိုင်ငံ၏ စည်းမျဉ်းအတိုင်း ကမ်းခြေရေတိမ်ပိုင်းလုပ်ကွက်များ လုပ်ကိုင်နိုင်ရန်အတွက် လက်တွဲရမည့် ပြည်တွင်းမြန်မာကုမ္ပဏီများကို လေ့လာစုံစမ်းနေကြပြီဖြစ်သည်။ ရေနက်ပိုင်း လုပ်ကွက်များတွင်မူ ပြည်တွင်း ကုမ္ပဏီနှင့် လက်တွဲရန် မလိုအပ်ဟု သိရသည်။

Petronas, Total, Mitsui, Korea Gas, Esso ကဲ့သို့သော ကုမ္ပဏီကြီးများက စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောဆိုပြီးနောက်ပိုင်းတွင် မြန်မာ့စွမ်းအင်ဝန်ကြီးဌာနက ၎င်း၏ စည်းမျဉ်းစည်းကမ်းများကို အလျှော့အတင်း ညှိနှိုင်းမည် မဟုတ်ဟု ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။ လေလံစည်းကမ်းများအရ ကုမ္ပဏီများအနေဖြင့် လုပ်ကွက်သုံးခုထက်ပို၍ တင်ဒါဆွဲခွင့်မရှိပေ။

        

No comments:

Post a Comment